ကမ္ဘာပေါ်မှာ နေမာဟာ ဘယ်လိုအဆင့်မျိုးမှာ ရပ်တည်နေသလဲဆိုတာ ဒဲ့ပြောခဲ့တဲ့ ရာမို့စ်

ကမ္ဘာပေါ်မှာ နေမာဟာ ဘယ်လိုအဆင့်မျိုးမှာ ရပ်တည်နေသလဲဆိုတာ ဒဲ့ပြောခဲ့တဲ့ ရာမို့စ်

ရီးရဲအသင်းခေါင်းဆောင်ရာမို့စ်ဟာ ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးနေမာနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို ပြတ်ပြတ်သားသား ဖွင့်ဟသွားခဲ့ပါတယ်။ နေမာဟာ ဘရာဇီးနိုင်ငံရဲ့ အထွန်းတောက်ဆုံးကြယ်ပွင့်ဖြစ်ပြီး စီရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် ဘောလုံးလောကကို လွှမ်းမိုးအုပ်စိုးနိုင်မယ့်သူအဖြစ် အရင်က သတ်မှတ်ခံထားခဲ့ရသူပါ။ ဒါပေမယ့် ပီအက်စ်ဂျီကိုပြောင်းရွှေ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ နေမာတစ်ယောက် ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ နေမာရဲ့ပုံရိပ်တွေဟာ မှေးမှိန်နေခဲ့ပြီလို့ ပြောရင်လည်း မမှားပါဘူး။ နေမာဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းဖော် အမ်ဘတ်ပီကိုတောင် မယှဉ်နိုင်တဲ့အနေအထားမှာ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ရီးရဲအသင်းခေါင်းဆောင်ရာမို့စ်ကတော့ နေမာဟာ ကမ္ဘာ့အကောင်းဆုံူး (၃) ယောက်ထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ “နေမာဟာ ထိပ်တန်းအဆင့်ကစားသမားဖြစ်ပြီး ကမ္ဘာပေါ်က အကောင်းဆုံး (၃) ယောက်ထဲမှာ ပါဝင်ပါတယ်”လို့ ရာမို့စ်က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ရာမို့စ်က ရီးရဲနဲ့ နေမာတို့ကြားက အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့အမြင်ကို ပြောကြားသွာခဲ့ပါတယ်။ “ဒီလိုအပြောင်းအရွှေ့ကိစ္စတွေကို ပြောဆိုနေတာဟာ သူ့ရဲ့အသင်းအပေါ် လေးစားမှုမရှိတာပါပဲ။

ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဉီးရဲ့မင်္ဂလာဖိတ်စာ

အပြောင်းအရွှေ့မှာက ရီးရဲလိုအသင်းမျိုးနဲ့ သတင်းတွေကတော့ ထွက်ကျမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လက်ရှိပွဲစဉ်တွေကိုပဲ အာရုံစိုက်ထားပါတယ်”လို့ ရာမို့စ်က ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ Ref: Sportbible Oz11(မိုမိုလေး)


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *