က်န္းမာေရးကို ဆိုးဆိုးရြားရြား ထိခိုက္ေစၿပီး လူအထင္ေသးစရာျဖစ္ေနတဲ့ အျပဳအမူ (၉)မ်ိဳး

က်န္းမာေရးကို ဆိုးဆိုးရြားရြား ထိခိုက္ေစၿပီး လူအထင္ေသးစရာျဖစ္ေနတဲ့ အျပဳအမူ (၉)မ်ိဳး

Zawgyi Font ျဖင့္ဖတ္ရန္

Mall of Footwear/siva/pinterest Sponsored

တစ္ကိုယ္ရည္ အသံုးအေဆာင္ေတြကို ကိုယ္ ဘယ္လိုအသံုးျပဳလဲဆိုတာနဲ႕ ကိုယ့္ရဲ႕ အျပဳအမူတခ်ိဳ႕က ကိုယ္ကေတာ့ မွန္တယ္လို႕ ထင္ေနေပမယ့္ တကယ္တမ္းမွာ က်န္းမာေရးအတြက္လည္းမေကာင္း၊ လူအထင္ေသးစရာလည္း ျဖစ္ေနတတ္ပါတယ္။ အထူးသျဖင့္ အခုေဖာ္ျပမယ့္ အျပဳအမူေတြက ကိုယ့္က်န္းမာေရး ထိခိုက္ေအာင္၊ လူေတြ အထင္ေသးေအာင္ ကိုယ္တိုင္လုပ္ေနတာမ်ိဳးမို႕ ပိုျပီးဆင္ျခင္ရမွာပါ။

(၁) ေျခအိတ္မစြပ္ဘဲ Shoes/ Sneakers စီးျခင္း

Mall of Footwear/pinterest

Shoes/sneakers ေတြ စီးတဲ့အခါ ေျခအိတ္စြပ္တာက ေျခေထာက္ကထြက္တဲ့ေခြ်းေတြကို စုပ္ယူေပးနိုင္တာေၾကာင့္ အနံ႕ဆိုးေတြမထြက္ေအာင္ တားေပးတဲ့အျပင္ ေျခေထာက္နဲ႕ ဖိနပ္ၾကားပြတ္တိုက္မႈေတြ မျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္္။ ဒါေၾကာင့္ တစ္ကိုယ္ရည္သန္႕ရွင္းေရးအတြက္ေရာ၊ ေျခေထာက္က်န္းမာေရးအတြက္ေရာ shoes/sneakers ေတြစီးတဲ့အခါ ေျခအိတ္စြပ္ေပးဖို႕ လိုပါတယ္။

(၂) ခံတြင္းသန္႕ရွင္းေရးမလုပ္ျခင္း

Sponsored

သြားပဲတိုက္ျပီး လွ်ာကိုသန္႕ရွင္းေရးမလုပ္ဘူးဆိုရင္ ခံတြင္းအနံ႕ဆိုးေတြ ထြက္ေနနိုင္ပါတယ္။ ဒါေၾကာင့္ သြားနဲ႕ခံတြင္းသန္႕ရွင္းေရးကို ေန႕စဉ္ေသခ်ာေလးလုပ္ေပးဖို႕ လိုပါတယ္။

(၃) ေရေမႊးနဲ႕ေခြ်းနံ႕ေပ်ာက္ေဆးနွစ္မ်ိဳးလံုးသံုးျခင္း

Kellie Bugeja/pinterest

ကိုယ္ကေခြ်းနံ႕ျပင္းတာေၾကာင့္ ေခြ်းနံ႕ေပ်ာက္ေဆးေတြေရာ၊ ေရေမႊးေတြေရာ သံုးဖို႕မလိိုပါဘူး။ အဲ့ဒီလိုသံုးတာက အနံ႕အသက္ေတြကို ပိုဆိုးသြားေစနိုင္တာေၾကာင့္ တစ္မ်ိဳးတည္းပဲ သံုးပါ။

READသင္ေရြးခ်ယ္လိုက္တဲ့ ႏွင္းဆီပန္းက ေျပာျပေနတဲ့ သင့္အေၾကာင္း

(၄) တစ္ကိုယ္ရည္သန္႕ရွင္းမႈမရွိျခင္း

ေရပံုမွန္မခ်ိဳးတာ၊ လက္သည္း၊ေျခသည္းေတြကိုေသခ်ာသန္႕ရွင္းေရး မလုပ္တာ၊ ဆံပင္မွာေဗာက္ေတြ ရွိေနတာနဲ႕ နားရြက္ေတြကို သန္႕ရွင္းေရးမလုပ္တာေတြက လူအထင္ေသးစရာျဖစ္ေစတဲ့အျပင္ က်န္းမာေရးကိုလည္း ထိခိုက္ေစပါတယ္။

(၅) ေရဗူးကိုေန႕တိုင္းမေဆးျခင္း

Paula Rinehart/pinterest

တစ္ခါသံုးမဟုတ္တဲ့ေရဗူးကို သံုးတယ္ဆိုရင္ ေန႕တိုင္းေသခ်ာေဆးေပးဖို႕ လိုပါတယ္။ ဆရာဝန္ေတြက ေရဗူးေတြကိိုေသခ်ာမေဆးဘဲ ေရျပန္ျဖည့္ေသာက္တာက သင့္ေခြးေလး ကိုက္ထားတဲ့ ကစားစရာေတြကို ဝါးမိတာထက္ေတာင္ အႏၱရာယ္မ်ားတယ္လိို႕ သတိေပးထားပါတယ္။

(၆) ပူလြန္းတဲ့ေရနဲ႕ေရခ်ိဳးျခင္း

ပူလြန္းတဲ့ေရနဲ႕ေရခ်ိဳးလိုက္တဲ့အခါ အေရျပားက အဆီဂလင္းေတြကို ပိတ္ဆို႕မႈျဖစ္ေစျပီး အေရျပားယားယံမႈေတြျဖစ္ေစပါတယ္။ ဒါ့အျပင္ ေသြးစီးေၾကာင္းကို ကေမာက္ကမျဖစ္ေစတာေၾကာင့္ ရုတ္တရက္ေသြးတိုးတာမ်ိဳးျဖစ္ေစနိုင္ပါတယ္။

(၇) ေန႕စဥ္အသံုးျပဳေနတဲ့ပစၥည္းေတြကို ေသခ်ာမသန္႕ရွင္းျခင္း

Michele Dell/pinterest

ကိုယ္ေန႕စဥ္ထိေတြ႕ကိုင္တြယ္ေနရတဲ့ ဖုန္း၊ကြန္ပ်ဴတာ၊စားပြဲခံု စတဲ့ပစၥည္းေတြကို ေသခ်ာသန္႕ရွင္းေရးလုပ္ေပးဖို႕ လိုပါတယ္္။ ဒါ့အျပင္ အျပင္သြားျပီး အိမ္ျပန္ေရာက္တာနဲ႕ လက္ကိုေသခ်ာေဆးေၾကာေပးဖုိ႕လိုပါတယ္။ မဟုတ္ရင္ လူကို ဆိုးက်ိဳးျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ ခႏၶာကိုယ္ထဲ အမ်ားအျပားဝင္ေရာက္ျပီး ဖ်ားနာလြယ္ျခင္း၊ ေရာဂါကူးစက္လြယ္ျခင္းေတြျဖစ္လာနိုင္ပါတယ္။

(၈) လစဥ္သံုးပစၥည္းမ်ားကိုေသေသခ်ာခ်ာမစြန္႕ပစ္ျခင္း

အမ်ိဳးသမီးလစဥ္သံုးေတြကို ေသခ်ာထုပ္ပိုးျပီး အမိႈက္ပံုးထဲ စြန္႕ပစ္ဖို႕လိုပါတယ္။ အိမ္သာထဲထည့္ျပီးေရဆြဲခ်လိုက္တာမ်ိဳး၊ ေသခ်ာမထုပ္ပိုးဘဲ အမိႈက္ပံုးထဲ ထည့္ထားတာမ်ိဳးေတြက ပတ္ဝန္းက်င္အတြက္ ထိခိုက္မႈေတြျဖစ္ေစတာေၾကာင့္ ဒါကို ေသခ်ာေလးဆင္ျခင္ရပါမယ္။

READအဖက္ဖက္ကျပည့္စံုတဲ့ မိန္းကေလးကို ဘာလို႔ထားသြားရတာလဲ…အေျဖကဒီမွာပါ

(၉) ေရခ်ိဳးျပီးေနာက္ဖိနပ္မစီးဘဲ အိမ္ထဲေလွ်ာက္သြားျခင္း

Tim McGrath /pinterest

ေရခ်ိဳးျပီးတဲ့အခ်ိန္မွာ ေျခေထာက္ကေရစိုေနတာေၾကာင့္ ၾကမ္းျပင္ေပၚက မျမင္ရတဲ့ ဘက္တီးရီးယားေတြ ေျခေထာက္မွာပိုကပ္ျငိလာနိုင္ျပီး ၾကြက္နို႕နဲ႕ တျခားအေရျပားေရာဂါေတြျဖစ္ေစတာေၾကာင့္ ေရခ်ိဳးျပီးရင္ ေျခေထာက္ကိုေျခာက္ေသြ႕ေအာင္သုတ္ျပီးမွ၊ ဖိနပ္စီးျပီးမွ အိမ္ထဲလမ္းေလွ်ာက္ဖို႕ အၾကံေပးခ်င္ပါတယ္။

MAY THAZINHTOO

sponsored

Unicode Font ဖြင့်ဖတ်ရန်

Mall of Footwear/siva/pinterest Sponsored

တစ်ကိုယ်ရည် အသုံးအဆောင်တွေကို ကိုယ် ဘယ်လိုအသုံးပြုလဲဆိုတာနဲ့ ကိုယ့်ရဲ့ အပြုအမူတချို့က ကိုယ်ကတော့ မှန်တယ်လို့ ထင်နေပေမယ့် တကယ်တမ်းမှာ ကျန်းမာရေးအတွက်လည်းမကောင်း၊ လူအထင်သေးစရာလည်း ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် အခုဖော်ပြမယ့် အပြုအမူတွေက ကိုယ့်ကျန်းမာရေး ထိခိုက်အောင်၊ လူတွေ အထင်သေးအောင် ကိုယ်တိုင်လုပ်နေတာမျိုးမို့ ပိုပြီးဆင်ခြင်ရမှာပါ။

(၁) ခြေအိတ်မစွပ်ဘဲ Shoes/ Sneakers စီးခြင်း

Mall of Footwear/pinterest

Shoes/sneakers တွေ စီးတဲ့အခါ ခြေအိတ်စွပ်တာက ခြေထောက်ကထွက်တဲ့ချွေးတွေကို စုပ်ယူပေးနိုင်တာကြောင့် အနံ့ဆိုးတွေမထွက်အောင် တားပေးတဲ့အပြင် ခြေထောက်နဲ့ ဖိနပ်ကြားပွတ်တိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ရော၊ ခြေထောက်ကျန်းမာရေးအတွက်ရော shoes/sneakers တွေစီးတဲ့အခါ ခြေအိတ်စွပ်ပေးဖို့ လိုပါတယ်။

(၂) ခံတွင်းသန့်ရှင်းရေးမလုပ်ခြင်း

Sponsored

သွားပဲတိုက်ပြီး လျှာကိုသန့်ရှင်းရေးမလုပ်ဘူးဆိုရင် ခံတွင်းအနံ့ဆိုးတွေ ထွက်နေနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်းသန့်ရှင်းရေးကို နေ့စဉ်သေချာလေးလုပ်ပေးဖို့ လိုပါတယ်။

(၃) ရေမွှေးနဲ့ချွေးနံ့ပျောက်ဆေးနှစ်မျိုးလုံးသုံးခြင်း

Kellie Bugeja/pinterest

ကိုယ်ကချွေးနံ့ပြင်းတာကြောင့် ချွေးနံ့ပျောက်ဆေးတွေရော၊ ရေမွှေးတွေရော သုံးဖို့မလိုပါဘူး။ အဲ့ဒီလိုသုံးတာက အနံ့အသက်တွေကို ပိုဆိုးသွားစေနိုင်တာကြောင့် တစ်မျိုးတည်းပဲ သုံးပါ။

READသင်ရွေးချယ်လိုက်တဲ့ နှင်းဆီပန်းက ပြောပြနေတဲ့ သင့်အကြောင်း

(၄) တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း

ရေပုံမှန်မချိုးတာ၊ လက်သည်း၊ခြေသည်းတွေကိုသေချာသန့်ရှင်းရေး မလုပ်တာ၊ ဆံပင်မှာဗောက်တွေ ရှိနေတာနဲ့ နားရွက်တွေကို သန့်ရှင်းရေးမလုပ်တာတွေက လူအထင်သေးစရာဖြစ်စေတဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

(၅) ရေဗူးကိုနေ့တိုင်းမဆေးခြင်း

Paula Rinehart/pinterest

တစ်ခါသုံးမဟုတ်တဲ့ရေဗူးကို သုံးတယ်ဆိုရင် နေ့တိုင်းသေချာဆေးပေးဖို့ လိုပါတယ်။ ဆရာဝန်တွေက ရေဗူးတွေကိုသေချာမဆေးဘဲ ရေပြန်ဖြည့်သောက်တာက သင့်ခွေးလေး ကိုက်ထားတဲ့ ကစားစရာတွေကို ဝါးမိတာထက်တောင် အန္တရာယ်များတယ်လို့ သတိပေးထားပါတယ်။

(၆) ပူလွန်းတဲ့ရေနဲ့ရေချိုးခြင်း

ပူလွန်းတဲ့ရေနဲ့ရေချိုးလိုက်တဲ့အခါ အရေပြားက အဆီဂလင်းတွေကို ပိတ်ဆို့မှုဖြစ်စေပြီး အရေပြားယားယံမှုတွေဖြစ်စေပါတယ်။ ဒါ့အပြင် သွေးစီးကြောင်းကို ကမောက်ကမဖြစ်စေတာကြောင့် ရုတ်တရက်သွေးတိုးတာမျိုးဖြစ်စေနိုင်ပါတယ်။

(၇) နေ့စဉ်အသုံးပြုနေတဲ့ပစ္စည်းတွေကို သေချာမသန့်ရှင်းခြင်း

Michele Dell/pinterest

ကိုယ်နေ့စဉ်ထိတွေ့ကိုင်တွယ်နေရတဲ့ ဖုန်း၊ကွန်ပျူတာ၊စားပွဲခုံ စတဲ့ပစ္စည်းတွေကို သေချာသန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် အပြင်သွားပြီး အိမ်ပြန်ရောက်တာနဲ့ လက်ကိုသေချာဆေးကြောပေးဖို့လိုပါတယ်။ မဟုတ်ရင် လူကို ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲ အများအပြားဝင်ရောက်ပြီး ဖျားနာလွယ်ခြင်း၊ ရောဂါကူးစက်လွယ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။

(၈) လစဉ်သုံးပစ္စည်းများကိုသေသေချာချာမစွန့်ပစ်ခြင်း

အမျိုးသမီးလစဉ်သုံးတွေကို သေချာထုပ်ပိုးပြီး အမှိုက်ပုံးထဲ စွန့်ပစ်ဖို့လိုပါတယ်။ အိမ်သာထဲထည့်ပြီးရေဆွဲချလိုက်တာမျိုး၊ သေချာမထုပ်ပိုးဘဲ အမှိုက်ပုံးထဲ ထည့်ထားတာမျိုးတွေက ပတ်ဝန်းကျင်အတွက် ထိခိုက်မှုတွေဖြစ်စေတာကြောင့် ဒါကို သေချာလေးဆင်ခြင်ရပါမယ်။

READအဖက်ဖက်ကပြည့်စုံတဲ့ မိန်းကလေးကို ဘာလို့ထားသွားရတာလဲ…အဖြေကဒီမှာပါ

(၉) ရေချိုးပြီးနောက်ဖိနပ်မစီးဘဲ အိမ်ထဲလျှောက်သွားခြင်း

Tim McGrath /pinterest

ရေချိုးပြီးတဲ့အချိန်မှာ ခြေထောက်ကရေစိုနေတာကြောင့် ကြမ်းပြင်ပေါ်က မမြင်ရတဲ့ ဘက်တီးရီးယားတွေ ခြေထောက်မှာပိုကပ်ငြိလာနိုင်ပြီး ကြွက်နို့နဲ့ တခြားအရေပြားရောဂါတွေဖြစ်စေတာကြောင့် ရေချိုးပြီးရင် ခြေထောက်ကိုခြောက်သွေ့အောင်သုတ်ပြီးမှ၊ ဖိနပ်စီးပြီးမှ အိမ်ထဲလမ်းလျှောက်ဖို့ အကြံပေးချင်ပါတယ်။

MAY THAZINHTOO

sponsored


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *