“ခါးနာေနသူမ်ားအတြက္ ေဆးနည္း တိုမ်ား”

“ခါးနာေနသူမ်ားအတြက္ ေဆးနည္း တိုမ်ား”

သက္ရင္းႀကီးရြက္မ်ားကို ခါးတြင္ကပ္ၿပီး အဝတ္ျဖင့္စည္းထားပါ။ (၂)နာရီၾကာလွ်င္၊ယား လာ လွ်င္ျဖည္ေပးပါ။ သက္ရင္းႀကီးရြက္(၇)ရြက္ကို အိပ္ယာေအာက္တြင္ခင္းအိပ္လွ်င္ ခါးနာသက္ သာသည္ဟုေရွးလူႀကီးမ်ားသံုးၾကသည္။ ကိုရန္ႀကီး(ခတၱာပင္) အရြက္ကိုေပ်ာ့ေအာင္မီးကင္ပါ။ မံုၫွင္းဆီ(သို႔)ႏွမ္းဆီသုပ္ၿပီး ခါးတြင္ကပ္ၿပီးအဝတ္ျဖင့္ပတ္စည္းထားပါ။ ဗာဒံရြက္ (ဗန္ဒါရြက္) အစိမ္းေရာင္အရြက္ႏုကိုခါးတြင္၃ရြက္ခန္႔ကပ္ၿပီး ခါးနာလွ်င္ပတ္သည့္ခါးပတ္ျဖင့္ပတ္ထားလွ်င္ ခါးေၾကာညပ္၊ခါးဆစ္နာသက္သာေစသည္။သေဘၤာရြက္ကိုေပ်ာ့ေအာင္ေရေႏြးစိမ္ ခါးတြင္ ကပ္ ၿပီး ပတ္ထားလွ်င္ သက္သာေစသည္။ခ်င္းေျခာက္ မႈန္႔၂ဆ+လင္းေန မႈန္႔၁ဆ+သစ္ၾကံပိုးေခါက္ မႈန္႔၁ဆ ေရာစပ္ ေရေႏြးျဖင့္ေက်ညက္ေအာင္ေခါက္ေဖ်ာ္ၿပီး ဂြမ္း(သို႔)ပတ္တီးစေပၚတြင္သုပ္လိမ္း ခါးတြင္ကပ္ၿပီးအိပ္လွ်င္ ခါးနာ။က်ီးေပါင္းတက္နာ သက္သာေစႏိုင္သည္။

ေတာေရွာက္ျမစ္၊ဝံအူျမစ္၊စာသူငယ္ဦးေႏွာက္၊ပိေတာက္သားအႏွစ္တို႔ကိုေသြးၿပီးလိမ္းေပး(သို႔)အမႈန္႔ႀကိတ္ေရျဖင့္ေဖ်ာ္လိမ္းေပးပါက ခါးနာသက္သာေစသည္။ မိႆ လင္ဥ(သို႔) အမႈန္႔ကို ၾကပ္ထုပ္ လုပ္ၿပီး ေရေႏြးေငြ႕ခံထိုးေပးလွ်င္ ခါးကိုက္၊လွည့္ေစာင္းမရေဝဒနာသက္သာေစသည္။ ဆားခါးထုပ္ကိုေရစိမ္ကန္တြင္ထည့္ေဖ်ာ္ၿပီးစိမ္ေပးလွ်င္ခါးနာသက္သာေစသည္။ ေဆးခါး ႀကီး (သို႔) ရွမ္းေဆးခါးပင္ျပဳပ္ရည္ကို အၾကမ္းပန္းကန္တစ္လံုးစာ နံနက္ညေသာက္လွ်င္ခါး နာစြဲေန သူသက္သာေစသည္။ ဓာတ္စာအေနျဖင့္ ေခြးေတာက္ရြက္ႏွင့္ၾကက္႐ိုးဟင္းခိ်ဳ ခ်က္ေသာက္ ပါ။ ခါးနာအတြက္ ေဆးပ႐ုပ္ဆီခ်က္နည္း – မင္ေသာ္ဆီ ၂က်ပ္သား။ မီသိုင္း ၃က်ပ္သား။ ပက္ပါမင္ ၅က်ပ္သား။ ပ႐ုပ္ ၂၄က်ပ္သား။ထင္းရႉးဆီ ၁၀က်ပ္သား။ မံုၫွင္းဆီ ၄၀က်ပ္သား။ ပ်ားဖေယာင္း ၁၆က်ပ္သား။( မံုၫွင္းဆီအရင္တည္။ ဆူၿပီးမွ ေဆးမယ္မ်ားအဆင့္ဆင့္ထည့္သြား မီးဖိုေပၚမွ ခ် ၿပီး မွ ေနာက္ဆံုးပ်ားဖေယာင္းထည့္ပါ။ မေအးခဲမီ ဖန္ပုလင္းငယ္မ်ားတြင္ခြဲထည့္ပါ။ ေအးခဲလွ်င္ ေဆးပ႐ုပ္ဆီျဖစ္ပါၿပီ)။

credit – ဆရာၾကည္လြင္ျမင့္(မုျဒာ)

[unicode]

သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ယား လာ လျှင်ဖြည်ပေးပါ။ သက်ရင်းကြီးရွက်(၇)ရွက်ကို အိပ်ယာအောက်တွင်ခင်းအိပ်လျှင် ခါးနာသက် သာသည်ဟုရှေးလူကြီးများသုံးကြသည်။ ကိုရန်ကြီး(ခတ္တာပင်) အရွက်ကိုပျော့အောင်မီးကင်ပါ။ မုံညှင်းဆီ(သို့)နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီးအဝတ်ဖြင့်ပတ်စည်းထားပါ။ ဗာဒံရွက် (ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကိုခါးတွင်၃ရွက်ခန့်ကပ်ပြီး ခါးနာလျှင်ပတ်သည့်ခါးပတ်ဖြင့်ပတ်ထားလျှင် ခါးကြောညပ်၊ခါးဆစ်နာသက်သာစေသည်။သင်္ဘောရွက်ကိုပျော့အောင်ရေနွေးစိမ် ခါးတွင် ကပ် ပြီး ပတ်ထားလျှင် သက်သာစေသည်။ချင်းခြောက် မှုန့်၂ဆ+လင်းနေ မှုန့်၁ဆ+သစ်ကြံပိုးခေါက် မှုန့်၁ဆ ရောစပ် ရေနွေးဖြင့်ကျေညက်အောင်ခေါက်ဖျော်ပြီး ဂွမ်း(သို့)ပတ်တီးစပေါ်တွင်သုပ်လိမ်း ခါးတွင်ကပ်ပြီးအိပ်လျှင် ခါးနာ။ကျီးပေါင်းတက်နာ သက်သာစေနိုင်သည်။တောရှောက်မြစ်၊ဝံအူမြစ်၊စာသူငယ်ဦးနှောက်၊ပိတောက်သားအနှစ်တို့ကိုသွေးပြီးလိမ်းပေး(သို့)အမှုန့်ကြိတ်ရေဖြင့်ဖျော်လိမ်းပေးပါက ခါးနာသက်သာစေသည်။ မိဿ လင်ဥ(သို့) အမှုန့်ကို ကြပ်ထုပ် လုပ်ပြီး ရေနွေးငွေ့ခံထိုးပေးလျှင် ခါးကိုက်၊လှည့်စောင်းမရဝေဒနာသက်သာစေသည်။ ဆားခါးထုပ်ကိုရေစိမ်ကန်တွင်ထည့်ဖျော်ပြီးစိမ်ပေးလျှင်ခါးနာသက်သာစေသည်။ ဆေးခါး ကြီး (သို့) ရှမ်းဆေးခါးပင်ပြုပ်ရည်ကို အကြမ်းပန်းကန်တစ်လုံးစာ နံနက်ညသောက်လျှင်ခါး နာစွဲနေ သူသက်သာစေသည်။ ဓာတ်စာအနေဖြင့် ခွေးတောက်ရွက်နှင့်ကြက်ရိုးဟင်းချို ချက်သောက် ပါ။ ခါးနာအတွက် ဆေးပရုပ်ဆီချက်နည်း – မင်သော်ဆီ ၂ကျပ်သား။ မီသိုင်း ၃ကျပ်သား။ ပက်ပါမင် ၅ကျပ်သား။ ပရုပ် ၂၄ကျပ်သား။ထင်းရှူးဆီ ၁၀ကျပ်သား။ မုံညှင်းဆီ ၄၀ကျပ်သား။ ပျားဖယောင်း ၁၆ကျပ်သား။( မုံညှင်းဆီအရင်တည်။ ဆူပြီးမှ ဆေးမယ်များအဆင့်ဆင့်ထည့်သွား မီးဖိုပေါ်မှ ချ ပြီး မှ နောက်ဆုံးပျားဖယောင်းထည့်ပါ။ မအေးခဲမီ ဖန်ပုလင်းငယ်များတွင်ခွဲထည့်ပါ။ အေးခဲလျှင် ဆေးပရုပ်ဆီဖြစ်ပါပြီ)။


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *