ခ်က္စားစရာမလိုပဲ အစိမ္းစားေပးရံုနဲ႔တင္ က်န္းမာေရးအတြက္ အက်ိဳးရွိတဲ့ အသီးအႏွံမ်ား

ခ်က္စားစရာမလိုပဲ အစိမ္းစားေပးရံုနဲ႔တင္ က်န္းမာေရးအတြက္ အက်ိဳးရွိတဲ့ အသီးအႏွံမ်ား

Zawgyi Font ျဖင့္ဖတ္ရန္

Unsplah/MSN

တစ္ေန႔တာလုံး အဆင္ေျပၿပီး ေနထိုင္ေကာင္းဖို႔က သင့္ရဲ႕အစားအေသာက္ေရြးခ်ယ္မႈ ပုံစံအေပၚ မူတည္ပါတယ္။ အခ်ိဳ႕အစားအေသာက္ေတြက ေသခ်ာခ်က္စားမွ အာဟာရပိုရတာမ်ိဳး ရွိသလို အခ်ိဳ႕ကေတာ့ ဒီတိုင္း အစိမ္းစားတာက ခႏၶာကိုယ္အတြက္ ပိုေကာင္းတာမ်ိဳးေတြ ရွိပါတယ္။

 

 

View this post on Instagram

 

Hello California it’s great to be back in your arms! This Friday Aug 23rd I’ll be speaking @thelondonmethod “Self Care & Self Love Event” where I’ll join Dr Julie Saenz We’ll cover topics such as intuitive eating, health at every size, joyful movement & how to supercharge your life ‍♀️ ‍♀️ Come along and join the community, there’ll be lots of delicious recipes from my book to enjoy, and giveaways too smile #fridaynightFUN See you on Friday Aug 23rd from 5:30pm – 7:30 pm The London Method , 2236 E. Broadway, Long Beach #tlmcommunity #foodfitfun #tlmevents #intuitiveeating #superchargeyourlife #healthateverysize #workshop #cookbook #event #california #longbeach

A post shared by ℍ, (@leesupercharged) on Aug 21, 2019 at 2:52pm PDT

Australian ႏိုင္ငံသူ အာဟာရဆိုင္ရာပညာရွင္ Lee Holmes က သၾကားမုန္လာနဲ႔ ၾကက္သြန္ျဖဴတို႔က အစိမ္းအတိုင္းစားရင္ ပိုၿပီး က်န္းမာေရးအတြက္ သင့္ေတာ္ေၾကာင္းေျပာခဲ့ပါတယ္။ သူမရွင္းျပခဲ့တဲ့ အသီးအႏွံေတြရဲ႕အေၾကာင္းကို စာဖတ္ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

READBreakfast အတြက္ ပီဇာကို စားသံုးျခင္းသည္ က်န္းမာေရးအတြက္ အထူးသင့္ေလ်ာ္၁။ Beetroot Unsplah/FOODISM360

Beetroot လို႔ေခၚတဲ့ သၾကားမုန္လာဥဟာ အမွ်င္ဓာတ္၊ ဗီတာမင္ C၊ ပိုတက္ဆီယမ္ မက္ဂနီစ္၊ ဗီတာမင္ B စတဲ့ ကိုယ္ခံအားကိုေကာင္းမြန္ေစတဲ့ ဓာတ္ေတြအမ်ားႀကီးပါတာကိုေတြ႕ရပါတယ္။ သၾကားမုန္လာကို အစိမ္းစားတဲ့ အခါ စြမ္းအင္ကို ျပန္လည္ျဖည့္တင္းေပးႏိုင္ၿပီး ေတာ္႐ုံနဲ႔ ဖ်ားနာတာေတြမျဖစ္ႏိုင္ေတာ့ပါဘူး။

၂။ Broccoli Unsplah_CJ /ayrit

Broccoli ကိုေတာ့ ပန္းေဂၚဖီစိမ္းဆိုၿပီး လူသိမ်ားပါတယ္။ Broccoli ထဲမွာ ဗီတာမင္ C၊ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ ပ႐ိုတင္း နဲ႔ Sulforaphane လို႔ေခၚတဲ့ ကင္ဆာကိုတြန္းလွန္ႏိုင္တဲ့ ဓာတ္တစ္မ်ိဳးလည္းပါရွိပါတယ္။ ခ်က္စားရင္ အရသာပိုရွိေပမယ့္ အစိမ္းစားရင္ေတာ့ က်န္းမာေရးအတြက္ပိုအက်ိဳးရွိေစမွာပါ။

၃။ Raspberries, blueberries and blackberries Unsplash/Timo Volz

ဘယ္ရီသီး ေတြဟာ antioxidant လို႔ေခၚတဲ့ ဓာတ္တိုးဆန္႔က်င္ သဘာဝရွိၿပီး ခႏၶာကိုယ္အတြက္မေကာင္းတဲ့ ဓာတ္ေတြကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဘယ္ရီသီးေတြကို အရည္႐ႊမ္းတဲ့ အေျခအေနမ်ိဳးမွာစားဖို႔ပိုသင့္ေတာ္ၿပီး ေျခာက္ေသြ႕တဲ့ အခ်ိန္စားရင္ သၾကားဓာတ္မ်ားျပားတဲ့အတြက္ က်န္းမာေရးနဲ႔ မညီၫြတ္ပါဘူး။

READငရုုတ္သီးစားျခင္းက အသက္ရွည္ေစႏိုုင္ဟု ေတြ႔ရွိခ်က္အသစ္တစ္ခုကဆို၄။ Red Pepper Unsplah/Vishang Soni

အနီေရာင္ရွိတဲ့ င႐ုတ္ပြသီးေတြက အစိမ္းအတိုင္းစားရင္ ဗီတာမင္ C၊ ဗီတာမင္ B6၊ ဗီတာမင္ E နဲ႔ မက္ဂနီဆီယမ္ ဓာတ္ေတြႂကြယ္ဝစြာရရွိေစပါတယ္။ ခ်က္စားမယ္ဆိုရင္ေတာ့ ဗီတာမင္ C ဓာတ္ေတြေလ်ာ့နည္းသြားေစႏိုင္ပါတယ္။

၅။ Tomato Unsplah/Lars Blankers

ခရမ္းခ်ဥ္သီးကို ဒီတိုင္းစားရင္လည္း ေကာင္းက်ိဳးေတြမ်ားစြာရွိေပမယ့္ ခ်က္စားရင္ ပိုၿပီး အက်ိဳးရွိတာကိုေတြ႕ရပါတယ္။ဒါဟာ ဘာလို႔လဲဆိုေတာ့ lycopene လို႔ေခၚတဲ့ antioxidant ဓာတ္တစ္မ်ိဳးေၾကာင့္ပါ။ အထူးသျဖင့္ lycopene ဓာတ္ဟာ ႏွလုံးေရာဂါအတြက္ေကာင္းပါတယ္။ ခရမ္းခ်ဥ္သီးကို ခ်က္စားရင္ lycopene ဓာတ္ကိုပိုၿပီး လြယ္လြယ္ကူကူထြက္ေစပါတယ္။

အထူးသျဖင့္ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့အစားအေသာက္ေတြက အသီးအႏွံေတြျဖစ္တဲ့ အတြက္ေၾကာင့္ အသီးအႏွံကိုမ်ားမ်ားစားေစလိုေၾကာင္း အႀကဳံျပဳလိုက္ပါတယ္။

Lwin Min

Unicode Font ဖြင့်ဖတ်ရန်

Unsplah/MSN

တစ်နေ့တာလုံး အဆင်ပြေပြီး နေထိုင်ကောင်းဖို့က သင့်ရဲ့အစားအသောက်ရွေးချယ်မှု ပုံစံအပေါ် မူတည်ပါတယ်။ အချို့အစားအသောက်တွေက သေချာချက်စားမှ အာဟာရပိုရတာမျိုး ရှိသလို အချို့ကတော့ ဒီတိုင်း အစိမ်းစားတာက ခန္ဓာကိုယ်အတွက် ပိုကောင်းတာမျိုးတွေ ရှိပါတယ်။

 

 

View this post on Instagram

 

Hello California it’s great to be back in your arms! This Friday Aug 23rd I’ll be speaking @thelondonmethod “Self Care & Self Love Event” where I’ll join Dr Julie Saenz We’ll cover topics such as intuitive eating, health at every size, joyful movement & how to supercharge your life ‍♀️ ‍♀️ Come along and join the community, there’ll be lots of delicious recipes from my book to enjoy, and giveaways too smile #fridaynightFUN See you on Friday Aug 23rd from 5:30pm – 7:30 pm The London Method , 2236 E. Broadway, Long Beach #tlmcommunity #foodfitfun #tlmevents #intuitiveeating #superchargeyourlife #healthateverysize #workshop #cookbook #event #california #longbeach

A post shared by ℍ, (@leesupercharged) on Aug 21, 2019 at 2:52pm PDT

Australian နိုင်ငံသူ အာဟာရဆိုင်ရာပညာရှင် Lee Holmes က သကြားမုန်လာနဲ့ ကြက်သွန်ဖြူတို့က အစိမ်းအတိုင်းစားရင် ပိုပြီး ကျန်းမာရေးအတွက် သင့်တော်ကြောင်းပြောခဲ့ပါတယ်။ သူမရှင်းပြခဲ့တဲ့ အသီးအနှံတွေရဲ့အကြောင်းကို စာဖတ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

READBreakfast အတွက် ပီဇာကို စားသုံးခြင်းသည် ကျန်းမာရေးအတွက် အထူးသင့်လျော်၁။ Beetroot Unsplah/FOODISM360

Beetroot လို့ခေါ်တဲ့ သကြားမုန်လာဥဟာ အမျှင်ဓာတ်၊ ဗီတာမင် C၊ ပိုတက်ဆီယမ် မက်ဂနီစ်၊ ဗီတာမင် B စတဲ့ ကိုယ်ခံအားကိုကောင်းမွန်စေတဲ့ ဓာတ်တွေအများကြီးပါတာကိုတွေ့ရပါတယ်။ သကြားမုန်လာကို အစိမ်းစားတဲ့ အခါ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး တော်ရုံနဲ့ ဖျားနာတာတွေမဖြစ်နိုင်တော့ပါဘူး။

၂။ Broccoli Unsplah_CJ /ayrit

Broccoli ကိုတော့ ပန်းဂေါ်ဖီစိမ်းဆိုပြီး လူသိများပါတယ်။ Broccoli ထဲမှာ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ပရိုတင်း နဲ့ Sulforaphane လို့ခေါ်တဲ့ ကင်ဆာကိုတွန်းလှန်နိုင်တဲ့ ဓာတ်တစ်မျိုးလည်းပါရှိပါတယ်။ ချက်စားရင် အရသာပိုရှိပေမယ့် အစိမ်းစားရင်တော့ ကျန်းမာရေးအတွက်ပိုအကျိုးရှိစေမှာပါ။

၃။ Raspberries, blueberries and blackberries Unsplash/Timo Volz

ဘယ်ရီသီး တွေဟာ antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် သဘာဝရှိပြီး ခန္ဓာကိုယ်အတွက်မကောင်းတဲ့ ဓာတ်တွေကိုလျော့ချပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေကို အရည်ရွှမ်းတဲ့ အခြေအနေမျိုးမှာစားဖို့ပိုသင့်တော်ပြီး ခြောက်သွေ့တဲ့ အချိန်စားရင် သကြားဓာတ်များပြားတဲ့အတွက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

READငရုုတ်သီးစားခြင်းက အသက်ရှည်စေနိုုင်ဟု တွေ့ရှိချက်အသစ်တစ်ခုကဆို၄။ Red Pepper Unsplah/Vishang Soni

အနီရောင်ရှိတဲ့ ငရုတ်ပွသီးတွေက အစိမ်းအတိုင်းစားရင် ဗီတာမင် C၊ ဗီတာမင် B6၊ ဗီတာမင် E နဲ့ မက်ဂနီဆီယမ် ဓာတ်တွေကြွယ်ဝစွာရရှိစေပါတယ်။ ချက်စားမယ်ဆိုရင်တော့ ဗီတာမင် C ဓာတ်တွေလျော့နည်းသွားစေနိုင်ပါတယ်။

၅။ Tomato Unsplah/Lars Blankers

ခရမ်းချဉ်သီးကို ဒီတိုင်းစားရင်လည်း ကောင်းကျိုးတွေများစွာရှိပေမယ့် ချက်စားရင် ပိုပြီး အကျိုးရှိတာကိုတွေ့ရပါတယ်။ဒါဟာ ဘာလို့လဲဆိုတော့ lycopene လို့ခေါ်တဲ့ antioxidant ဓာတ်တစ်မျိုးကြောင့်ပါ။ အထူးသဖြင့် lycopene ဓာတ်ဟာ နှလုံးရောဂါအတွက်ကောင်းပါတယ်။ ခရမ်းချဉ်သီးကို ချက်စားရင် lycopene ဓာတ်ကိုပိုပြီး လွယ်လွယ်ကူကူထွက်စေပါတယ်။

အထူးသဖြင့်ခန္ဓာကိုယ်ကို အကျိုးပြုတဲ့အစားအသောက်တွေက အသီးအနှံတွေဖြစ်တဲ့ အတွက်ကြောင့် အသီးအနှံကိုများများစားစေလိုကြောင်း အကြုံပြုလိုက်ပါတယ်။

Lwin Min


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *