ခ်စ္သူရဲ႕သ၀န္တိုျပီးဂရုစိုက္တာေလးေတြခံခ်င္တဲ့ ပ်ိဳေမတို႔အတြက္ နည္းလမ္း(၄)မ်ိဳး

ခ်စ္သူရဲ႕သ၀န္တိုျပီးဂရုစိုက္တာေလးေတြခံခ်င္တဲ့ ပ်ိဳေမတို႔အတြက္ နည္းလမ္း(၄)မ်ိဳး

Zawgyi Font ျဖင့္ဖတ္ရန္

shutterstock/By PandG

မိနး္ကေလးေတြက စမ္းသပ္ရတာကိုႀကိဳက္ၾကတယ္။ သူတုိ႔ခ်စ္သူနဲ႔ပတ္သက္ၿပီးလည္း တစ္မ်ိဳးၿပီးစမ္းသပ္ခ်င္ၾကတယ္။ ခ်စ္သူမျဖစ္ခင္ကလည္း “တကယ္ခ်စ္တာ ဟုတ္၊မဟုတ္” စမ္းသပ္ၾကေသးတယ္။ ခ်စ္သူျဖစ္သြားေတာ့ “ခ်စ္ရင္ သ၀န္တုိရမယ္” ဆုိၿပီး စမ္းသပ္ၾကတယ္။ တခ်ိဳ႕မိန္းကေလးေတြက သူတုိ႔ရဲ႕ခ်စ္သူ သ၀န္တုိတတ္တာက သူတုိ႔ကိုခ်စ္လုိ႔ဆုိၿပီးေတြးတတ္ၾကတယ္။ ခ်စ္သူက အလုပ္လုပ္ေနရလုိ႔ ကုိယ္နဲ႔ အခ်ိန္ျပည့္မေတြ႕ႏုိင္ဘူး၊ အလုပ္ကအျပန္ေနာက္က်တယ္ဆုိရင္ ပစ္ထားခံံရသလို ခံစားလာရတတ္တယ္။ အဲဒါေၾကာင့္ ခ်စ္သူ ကုိယ္ဘက္ကို လွည့္ၾကည့္ၿပီး သ၀န္တုိလာေအာင္လုပ္တတ္ၾကတယ္။ ဒီနည္းေလးေတြကေတာ့ ခ်စ္သူက ကုိယ့္ကို သ၀န္တုိလာေစၿပီး ပိုဂ႐ုစိုက္လာေစမယ့္နည္းလမ္းေတြပဲျဖစ္တယ္။

(၁) သူ မပါဘဲ ပါတီသြားျပလုိက္ပါ

shutterstock/By Olesia Bilkei

အလုပ္ကိုပဲ ဦးစားေပးၿပီး သင့္ကိုဂ႐ုစိုက္ဖုိ႔ေမ့ေနတတ္တဲ့ ခ်စ္သူကို သ၀န္တုိေအာင္ လုပ္ခ်င္တယ္ဆုိရင္ သူမပါဘဲ ပါတီသြားလိုက္ပါ။ သူအလုပ္ကျပန္ေရာက္လာရင္ သင့္ဖုန္းကို ဆက္လာမွာပါ။ အဲ့အခ်ိန္က်ရင္ မကုိင္ဘဲထားလုိက္ပါ။ သူ႕ Missed Call ေတြကို ေတြ႕ရင္ေတာင္ ျပန္မဆက္ပါနဲ႔။ သူ႔စာေတြကိုလည္း မျပန္ပါနဲ႔။ သူက ဘယ္လုိပဲ အေရးၾကီးလုိ႔ ဖုနး္ကုိင္ပါလုိ႔ ေျပာရင္ေတာင္ မကိုင္ပါနဲ႔။ ၿပီးရင္ ပါတီတစ္ခုကိုေရာက္ေနတယ္ဆုိတာ သူသိေအာင္ သီခ်င္းသံေတြနားမွာ စကားေျပာလုိက္ပါ။ အဲဒါမွ သင့္ေနာက္က သီခ်င္းသံေတြကို နားေထာင္မိၿပီး သင့္ကို ေမးခြန္းေပါင္းစုံေတြေမးလာမယ္။ သင္ဟာ သူနဲ႔အတူရွိမေနတဲ့အတြက္ေၾကာင့္ သ၀န္တုိလာမယ္။ အဲလုိမ်ိဳးနဲ႔ သင့္ဘက္ကို စိတ္ျပန္ပါေအာင္လုပ္ပါ။

READ(12)နာရီၾကာ အေထာင္မက္လြန္ေနလုိ႔ အျပာဇာတ္ကား႐ုိက္ကူးမႈမွ အနားယူခဲ့ရသူ

(၂) သူပစ္ထားသလို ျပန္လုပ္ၾကည့္ပါ

သင္ဖုန္းဆက္လုိက္တုိင္း သူအလုပ္မအားလို႔ေနာက္မွ ျပန္ဆက္မယ္ဆုိၿပီး အျငင္းခံလုိက္ရတယ္။ အခ်ိန္တုိင္းဆုိရင္ေတာ့ သင့္ကို ဂ႐ုမစိုက္သလိုျဖစ္လာတယ္။ အဲ့လိုခ်စ္သူမ်ိဳးကို သင့္ဆီစိတ္ျပန္ေရာက္လာေအာင္လုပ္ရမယ့္နည္းလမ္းကေတာ့ သူပစ္ထားသလုိျပန္လုပ္ၾကည့္လုိက္ပါ။ သူဖုန္းဆက္ရင္ မအားသလိုဟန္ေဆာင္ၿပီ ဖုန္းကိုခ်လုိက္ပါ။ အဲ့လုိဆုိ သူ႔စိတ္ထဲ ထစ္သြားမယ္။ ေနာက္ၿပီး သူနဲ႔ဖုန္းေျပာရင္ ပ်င္းတယ္ဆုိၿပီး ဟန္ေဆာင္လိုက္ပါ။ (အထင္လဲြေအာင္ေတာ့ မလုပ္လုိက္နဲ႔ေပါ့) သူနဲ႔ခ်ိန္းေတြ႕လုိ႔ စကားေျပာၾကရင္ သူ႔စကားကို အာ႐ံုမရလုိက္သလို ဟန္ေဆာင္လုိက္ပါ။ အဲဒါဆုိ သူ႔စိတ္ထဲက သ၀န္တုိစိတ္ေတြက ထြက္က်လာမွာပါ။

(၃) သူ႔ေရွ႕မွာ တျခားေကာင္ေလးအေၾကာင္းကို ေျပာေနပါ

တစ္ခါတစ္ေလ သင့္ခ်စ္သူက အလုပ္ေတြမ်ားလြန္းလုိ႔ သင္ဆံပင္ညွပ္ထားတယ္ဆုိတာေတာင္ မသိေတာ့တာေတြရွိတတ္တယ္။ အဲလိုခ်စ္သူမ်ိဳးကို သ၀န္တုိလာေအာင္ ဘယ္လုိလုပ္ရမလဲဆုိေတာ့ သူ႕ေရွ႕မွာ တျခားေကာင္ေလးအေၾကာင္းကို ေျပာေနပါ။ ဥပမာ – သူ႔ဆီမွာ ေခ်ာတဲ့ေယာက်္ားေလးသူငယ္ခ်င္းေတြရွိေနရင္ အဲ့ဒီသူငယ္ခ်င္းအေၾကာင္းကိုေျပာေနပါ။ အဲ့လိုေျပာေနရင္းနဲ႕ သူ႔မ်က္လုံးထဲမွာ သ၀န္တုိေနတာေတြကို ေတြ႕ရမွာပါ။

READလက္ေတြေျခေတြခ်ဳပ္ေႏွာင္ခံထားရတဲ႔အခ်ိန္ ေရထဲက်သြားရင္ အသက္ရွင္ေအာင္ေနနည္း

(၄) သူ႔ေရွ႕မွာဆုိ ဖုန္းကိုကြယ္ခ်င္ေယာင္ေဆာင္လုိက္ပါ

shutterstock/By Spectral-Desig

ဒီနည္းလမ္းကေတာ့ လြယ္ပါတယ္။ သူနဲ႔အတူရွိေနခ်ိန္ သင့္သူငယ္ခ်င္းတစ္ေယာက္ကို သင့္ဆီ ဖုန္းဆက္ခုိင္းလုိက္ပါ။ၿပီးရင္ သူ႕မၾကားၾကားေအာင္ ေလသံတုိးတိုးေလးနဲ႕ ေယာက်္ားေလးနဲ႕ေျပာေနသလိုမ်ိဳး ဟန္ေဆာင္လုိက္ပါ။ အဲ့လုိဆုိ သူက “ဘယ္သူနဲ႕ေျပာေနတာလဲ” ဆုိၿပီး သင့္ကိုေမးလာမယ္။ အဲအခ်ိန္ဆုိ ဖုန္းကိုကြယ္ၿပီး အျပင္ကိုထြက္ေျပာေနလုိက္ပါ။ သူ႔မ်က္စိေတြက သင္ဆီကေန ခြာေတာ့မွာမဟုတ္ေတာ့ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူမသိေအာင္ သင္ ဘယ္သူနဲ႕ေျပာေနတာလဲဆိုၿပီး သ၀န္ေတြတုိလာမွာပါ။

Hannwe Soe (Shwemom)

Unicode Font ဖြင့်ဖတ်ရန်

shutterstock/By PandG

မိန်းကလေးတွေက စမ်းသပ်ရတာကိုကြိုက်ကြတယ်။ သူတို့ချစ်သူနဲ့ပတ်သက်ပြီးလည်း တစ်မျိုးပြီးစမ်းသပ်ချင်ကြတယ်။ ချစ်သူမဖြစ်ခင်ကလည်း “တကယ်ချစ်တာ ဟုတ်၊မဟုတ်” စမ်းသပ်ကြသေးတယ်။ ချစ်သူဖြစ်သွားတော့ “ချစ်ရင် သဝန်တိုရမယ်” ဆိုပြီး စမ်းသပ်ကြတယ်။ တချို့မိန်းကလေးတွေက သူတို့ရဲ့ချစ်သူ သဝန်တိုတတ်တာက သူတို့ကိုချစ်လို့ဆိုပြီးတွေးတတ်ကြတယ်။ ချစ်သူက အလုပ်လုပ်နေရလို့ ကိုယ်နဲ့ အချိန်ပြည့်မတွေ့နိုင်ဘူး၊ အလုပ်ကအပြန်နောက်ကျတယ်ဆိုရင် ပစ်ထားခံံရသလို ခံစားလာရတတ်တယ်။ အဲဒါကြောင့် ချစ်သူ ကိုယ်ဘက်ကို လှည့်ကြည့်ပြီး သဝန်တိုလာအောင်လုပ်တတ်ကြတယ်။ ဒီနည်းလေးတွေကတော့ ချစ်သူက ကိုယ့်ကို သဝန်တိုလာစေပြီး ပိုဂရုစိုက်လာစေမယ့်နည်းလမ်းတွေပဲဖြစ်တယ်။

(၁) သူ မပါဘဲ ပါတီသွားပြလိုက်ပါ

shutterstock/By Olesia Bilkei

အလုပ်ကိုပဲ ဦးစားပေးပြီး သင့်ကိုဂရုစိုက်ဖို့မေ့နေတတ်တဲ့ ချစ်သူကို သဝန်တိုအောင် လုပ်ချင်တယ်ဆိုရင် သူမပါဘဲ ပါတီသွားလိုက်ပါ။ သူအလုပ်ကပြန်ရောက်လာရင် သင့်ဖုန်းကို ဆက်လာမှာပါ။ အဲ့အချိန်ကျရင် မကိုင်ဘဲထားလိုက်ပါ။ သူ့ Missed Call တွေကို တွေ့ရင်တောင် ပြန်မဆက်ပါနဲ့။ သူ့စာတွေကိုလည်း မပြန်ပါနဲ့။ သူက ဘယ်လိုပဲ အရေးကြီးလို့ ဖုန်းကိုင်ပါလို့ ပြောရင်တောင် မကိုင်ပါနဲ့။ ပြီးရင် ပါတီတစ်ခုကိုရောက်နေတယ်ဆိုတာ သူသိအောင် သီချင်းသံတွေနားမှာ စကားပြောလိုက်ပါ။ အဲဒါမှ သင့်နောက်က သီချင်းသံတွေကို နားထောင်မိပြီး သင့်ကို မေးခွန်းပေါင်းစုံတွေမေးလာမယ်။ သင်ဟာ သူနဲ့အတူရှိမနေတဲ့အတွက်ကြောင့် သဝန်တိုလာမယ်။ အဲလိုမျိုးနဲ့ သင့်ဘက်ကို စိတ်ပြန်ပါအောင်လုပ်ပါ။

READ(12)နာရီကြာ အထောင်မက်လွန်နေလို့ အပြာဇာတ်ကားရိုက်ကူးမှုမှ အနားယူခဲ့ရသူ

(၂) သူပစ်ထားသလို ပြန်လုပ်ကြည့်ပါ

သင်ဖုန်းဆက်လိုက်တိုင်း သူအလုပ်မအားလို့နောက်မှ ပြန်ဆက်မယ်ဆိုပြီး အငြင်းခံလိုက်ရတယ်။ အချိန်တိုင်းဆိုရင်တော့ သင့်ကို ဂရုမစိုက်သလိုဖြစ်လာတယ်။ အဲ့လိုချစ်သူမျိုးကို သင့်ဆီစိတ်ပြန်ရောက်လာအောင်လုပ်ရမယ့်နည်းလမ်းကတော့ သူပစ်ထားသလိုပြန်လုပ်ကြည့်လိုက်ပါ။ သူဖုန်းဆက်ရင် မအားသလိုဟန်ဆောင်ပြီ ဖုန်းကိုချလိုက်ပါ။ အဲ့လိုဆို သူ့စိတ်ထဲ ထစ်သွားမယ်။ နောက်ပြီး သူနဲ့ဖုန်းပြောရင် ပျင်းတယ်ဆိုပြီး ဟန်ဆောင်လိုက်ပါ။ (အထင်လွဲအောင်တော့ မလုပ်လိုက်နဲ့ပေါ့) သူနဲ့ချိန်းတွေ့လို့ စကားပြောကြရင် သူ့စကားကို အာရုံမရလိုက်သလို ဟန်ဆောင်လိုက်ပါ။ အဲဒါဆို သူ့စိတ်ထဲက သဝန်တိုစိတ်တွေက ထွက်ကျလာမှာပါ။

(၃) သူ့ရှေ့မှာ တခြားကောင်လေးအကြောင်းကို ပြောနေပါ

တစ်ခါတစ်လေ သင့်ချစ်သူက အလုပ်တွေများလွန်းလို့ သင်ဆံပင်ညှပ်ထားတယ်ဆိုတာတောင် မသိတော့တာတွေရှိတတ်တယ်။ အဲလိုချစ်သူမျိုးကို သဝန်တိုလာအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ သူ့ရှေ့မှာ တခြားကောင်လေးအကြောင်းကို ပြောနေပါ။ ဥပမာ – သူ့ဆီမှာ ချောတဲ့ယောကျ်ားလေးသူငယ်ချင်းတွေရှိနေရင် အဲ့ဒီသူငယ်ချင်းအကြောင်းကိုပြောနေပါ။ အဲ့လိုပြောနေရင်းနဲ့ သူ့မျက်လုံးထဲမှာ သဝန်တိုနေတာတွေကို တွေ့ရမှာပါ။

READလက်တွေခြေတွေချုပ်နှောင်ခံထားရတဲ့အချိန် ရေထဲကျသွားရင် အသက်ရှင်အောင်နေနည်း

(၄) သူ့ရှေ့မှာဆို ဖုန်းကိုကွယ်ချင်ယောင်ဆောင်လိုက်ပါ

shutterstock/By Spectral-Desig

ဒီနည်းလမ်းကတော့ လွယ်ပါတယ်။ သူနဲ့အတူရှိနေချိန် သင့်သူငယ်ချင်းတစ်ယောက်ကို သင့်ဆီ ဖုန်းဆက်ခိုင်းလိုက်ပါ။ပြီးရင် သူ့မကြားကြားအောင် လေသံတိုးတိုးလေးနဲ့ ယောကျ်ားလေးနဲ့ပြောနေသလိုမျိုး ဟန်ဆောင်လိုက်ပါ။ အဲ့လိုဆို သူက “ဘယ်သူနဲ့ပြောနေတာလဲ” ဆိုပြီး သင့်ကိုမေးလာမယ်။ အဲအချိန်ဆို ဖုန်းကိုကွယ်ပြီး အပြင်ကိုထွက်ပြောနေလိုက်ပါ။ သူ့မျက်စိတွေက သင်ဆီကနေ ခွာတော့မှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမသိအောင် သင် ဘယ်သူနဲ့ပြောနေတာလဲဆိုပြီး သဝန်တွေတိုလာမှာပါ။

Hannwe Soe (Shwemom)


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *