စကားေျပာတဲ႔ေနရာမွာ ေျပျပစ္ျပီးျသဇာေညာင္းသူတေယာက္ျဖစ္ေအာင္ ဒီအခ်က္ေတြကိုျပဳလုပ္သင့္တယ္….

စကားေျပာတဲ႔ေနရာမွာ ေျပျပစ္ျပီးျသဇာေညာင္းသူတေယာက္ျဖစ္ေအာင္ ဒီအခ်က္ေတြကိုျပဳလုပ္သင့္တယ္….

Zawgyi Font ျဖင့္ဖတ္ရန္

freepik/@katemangostar

သင္က လူေတြၾကားမွာ စကားေျပာတဲ့အခါ ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈ မရွိတဲ့သူလား။ လူေတြၾကားမွာ စကားေျပာေကာင္းတဲ့သူျဖစ္ခ်င္ေပမယ့္ ဘယ္လုိလုပ္ရမွန္း မသိ ျဖစ္ေနသူလား။ ဒီလုိဆုိရင္ သင့္အေနနဲ႔ စကားေျပာေကာင္းေအာင္ ဘယ္လုိအခ်က္ေတြကုိ ျပဳလုပ္သင့္သလဲ ဆုိတာကုိ ဒီေဆာင္းပါးေလးမွာ ေဖာ္ျပထားပါတယ္။

၁။ ကုိယ့္အသံကုိ ကုိယ္ျပန္နားေထာင္ၾကည့္ပါ

freepik/@evening_tao

ကုိယ့္မွာ အသံဖမ္းလုိ႔ရတဲ့ ဖုန္း၊ ဒါမွမဟုတ္ အသံသြင္းစက္ကေလး ရွိတယ္ဆုိရင္ ကိုယ့္ရဲ႕အသံကုိ ကုိယ္ျပန္ဖမ္းၿပီး နားေထာင္ၾကည့္ပါ။ အရင္ဆုံး စကားေျပာခန္းေလးတစ္ခုကုိ ေျပာၾကည့္ၿပီး အသံဖမ္းထားပါ။ ကုိယ့္ရဲ႕အသံဟာ စကားေျပာတဲ့အခါ ဘာေတြလုိေနလဲ၊ ဘယ္လုိေနရာေတြမွာ အားနည္းလဲ၊ အသံက ေပ်ာ့ဖတ္ဖတ္နဲ႔ အားမရွိသလုိ ျဖစ္ေနသလား စတာေတြကုိ ျပန္ၿပီးသုံးသပ္ၾကည့္လုိ႔ ရပါတယ္။

၂။ ျဖည္းျဖည္း ေျပာပါ

ကုိယ္က လူၾကားထဲမွာ စကားေျပာေကာင္းတဲ့သူ တစ္ေယာက္ျဖစ္ခ်င္ရင္ စကားကုိ ျဖည္းျဖည္းခ်င္းေျပာဖုိ႔လုိပါတယ္။ အျမန္ေျပာမိတဲ့အခ်ိန္ေတြဆုိရင္ စကားက ပလုံးပေထြးနဲ႔ မပီသတာမ်ိဳး၊ နားေထာင္တဲ့သူ နားမလည္တာမ်ိဳး ျဖစ္တတ္တာမုိ႔ စကားေျပာေကာင္းတဲ့သူ ျဖစ္ခ်င္ရင္ စကားကုိ ျဖည္းျဖည္းေျပာပါ။

READေက်ာင္းဆရာေတြ ႏႈတ္ထြက္သြားလုိ႔၊ အခက္အခဲ ျဖစ္ေနတဲ့ မူလတန္းေက်ာင္း

၃။ အာေမဋိတ္္သံေတြ မေျပာပါနဲ႔

လူေရွ႕သူေရွ႕မွာ စကားေျပာတဲ့အခါ အာေမဋိတ္သံေတြ ထည့္ၿပီးေျပာတာကလည္း စိတ္၀င္စားမႈကုိ ေလ်ာ့နည္းေစပါတယ္။ အာ….. အင္္း…… အဲလုိမ်ိဳး အာေမဋိတ္သံေတြက သင့္ရဲ႕စကားကုိ လူေတြ စိတ္၀င္စားမႈ ေလ်ာ့က်ေစၿပီး သင္က တကယ္စကားေျပာေကာင္းသူလားဆုိတာ လူေတြ သံသယ ၀င္ပါလိမ့္မယ္။

၄။ လက္ဟန္ေျခဟန္ေတြ ထည့္ေျပာပါ

shutterstock/By PR Image Factory

သင္စကားေျပာေနတဲ့အခ်ိန္မွာ စကားလုံးနဲ႔လုိက္ဖက္တဲ့ လႈပ္ရွားမႈေတြ ထည့္သုံးတာက လူေတြကုိ ပုိၿပီး စိတ္၀င္စားေစပါလိမ့္မယ္။ အသံကုိ အေျခအေနနဲ႔လုိက္ၿပီး အနိမ့္အျမင့္ လႈပ္ရွားလုိ႔ရသလုိ လက္ဟန္ေျခဟန္ေတြ သုံးၿပီးေတာ့လည္း နားေထာင္သူေတြကုိ ဆြဲေဆာင္လုိ႔ရပါတယ္။

၅။ ခဏရပ္ထားတာမ်ိဳး လုပ္ပါ

ကုိယ္ေျပာေနတဲ့ အေၾကာင္းအရာက ေကာင္းခန္းေရာက္ေနတဲ့ အခ်ိန္မွာ ခဏရပ္ထားတာမ်ိဳး လုပ္တာက နားေထာင္သူေတြရဲ႕ စိတ္၀င္စားမႈကုိ တုိးျမင့္ေပးပါလိမ့္မယ္။ ဒါက စကားေျပာေကာင္းသူတုိင္း လုပ္တတ္ၾကတဲ့ အေလ့အက်င့္တစ္ခုျဖစ္ၿပီး ခဏေလး တိတ္ဆိတ္သြားမႈက လူေတြရဲ႕စိတ္ထဲမွာ ဘာဆက္ေျပာမလဲ..ဘာဆက္ျဖစ္မလဲဆုိတဲ့ သိခ်င္စိတ္ကုိ ပုိလုိ႔တြန္းအားေပးပါလိမ့္မယ္။

READရည္းစားေဟာင္းကမ်က္ႏွာကိုဓားနဲ႔လွီးတာေၾကာင့္ ေသလုနီးပါးျဖစ္ခဲ့သူ

၆။ နားေထာင္သူေတြရဲ႕ မ်က္လုံးကုိ ၾကည့္ၿပီးေျပာပါ

shutterstock/By BlueSkyImage

လူေတြၾကားမွာ စကားေျပာမယ္ဆုိရင္ နားေထာင္သူေတြထဲက တစ္ေယာက္ ဒါမွမဟုတ္ တခ်ိဳ႕ရဲ႕မ်က္လုံးေတြကုိ ၾကည့္ၿပီး စကားေျပာဖုိ႔ လုိပါတယ္။ ဒီလုိမွမဟုတ္ပဲ ကုိယ့္ရဲ႕မ်က္လုံးက လူအုပ္စုရဲ႕အျပင္ဖက္ကုိ ၾကည့္ေနမယ္၊ ေဘးဘီကုိၾကည့္ေနမယ္ဆုိရင္ နားေထာင္တဲ့သူေတြကလည္း သင့္မ်က္လုံးသြားရာေနာက္ကုိ စိတ္၀င္စားေနၾကမွာပါ။ သူတုိ႔မ်က္လုံးကုိ ၾကည့္ၿပီးေျပာမွသာ သူတုိ႔ကုိ ေျပာေနတယ္လုိ႔ ခံစားရေစမွာျဖစ္ပါတယ္။

Linn

Source : Wikihow

Unicode Font ဖြင့်ဖတ်ရန်

freepik/@katemangostar

သင်က လူတွေကြားမှာ စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူလား။ လူတွေကြားမှာ စကားပြောကောင်းတဲ့သူဖြစ်ချင်ပေမယ့် ဘယ်လိုလုပ်ရမှန်း မသိ ဖြစ်နေသူလား။ ဒီလိုဆိုရင် သင့်အနေနဲ့ စကားပြောကောင်းအောင် ဘယ်လိုအချက်တွေကို ပြုလုပ်သင့်သလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြထားပါတယ်။

၁။ ကိုယ့်အသံကို ကိုယ်ပြန်နားထောင်ကြည့်ပါ

freepik/@evening_tao

ကိုယ့်မှာ အသံဖမ်းလို့ရတဲ့ ဖုန်း၊ ဒါမှမဟုတ် အသံသွင်းစက်ကလေး ရှိတယ်ဆိုရင် ကိုယ့်ရဲ့အသံကို ကိုယ်ပြန်ဖမ်းပြီး နားထောင်ကြည့်ပါ။ အရင်ဆုံး စကားပြောခန်းလေးတစ်ခုကို ပြောကြည့်ပြီး အသံဖမ်းထားပါ။ ကိုယ့်ရဲ့အသံဟာ စကားပြောတဲ့အခါ ဘာတွေလိုနေလဲ၊ ဘယ်လိုနေရာတွေမှာ အားနည်းလဲ၊ အသံက ပျော့ဖတ်ဖတ်နဲ့ အားမရှိသလို ဖြစ်နေသလား စတာတွေကို ပြန်ပြီးသုံးသပ်ကြည့်လို့ ရပါတယ်။

၂။ ဖြည်းဖြည်း ပြောပါ

ကိုယ်က လူကြားထဲမှာ စကားပြောကောင်းတဲ့သူ တစ်ယောက်ဖြစ်ချင်ရင် စကားကို ဖြည်းဖြည်းချင်းပြောဖို့လိုပါတယ်။ အမြန်ပြောမိတဲ့အချိန်တွေဆိုရင် စကားက ပလုံးပထွေးနဲ့ မပီသတာမျိုး၊ နားထောင်တဲ့သူ နားမလည်တာမျိုး ဖြစ်တတ်တာမို့ စကားပြောကောင်းတဲ့သူ ဖြစ်ချင်ရင် စကားကို ဖြည်းဖြည်းပြောပါ။

READကျောင်းဆရာတွေ နှုတ်ထွက်သွားလို့၊ အခက်အခဲ ဖြစ်နေတဲ့ မူလတန်းကျောင်း

၃။ အာမေဋိတ်သံတွေ မပြောပါနဲ့

လူရှေ့သူရှေ့မှာ စကားပြောတဲ့အခါ အာမေဋိတ်သံတွေ ထည့်ပြီးပြောတာကလည်း စိတ်ဝင်စားမှုကို လျော့နည်းစေပါတယ်။ အာ….. အင်း…… အဲလိုမျိုး အာမေဋိတ်သံတွေက သင့်ရဲ့စကားကို လူတွေ စိတ်ဝင်စားမှု လျော့ကျစေပြီး သင်က တကယ်စကားပြောကောင်းသူလားဆိုတာ လူတွေ သံသယ ဝင်ပါလိမ့်မယ်။

၄။ လက်ဟန်ခြေဟန်တွေ ထည့်ပြောပါ

shutterstock/By PR Image Factory

သင်စကားပြောနေတဲ့အချိန်မှာ စကားလုံးနဲ့လိုက်ဖက်တဲ့ လှုပ်ရှားမှုတွေ ထည့်သုံးတာက လူတွေကို ပိုပြီး စိတ်ဝင်စားစေပါလိမ့်မယ်။ အသံကို အခြေအနေနဲ့လိုက်ပြီး အနိမ့်အမြင့် လှုပ်ရှားလို့ရသလို လက်ဟန်ခြေဟန်တွေ သုံးပြီးတော့လည်း နားထောင်သူတွေကို ဆွဲဆောင်လို့ရပါတယ်။

၅။ ခဏရပ်ထားတာမျိုး လုပ်ပါ

ကိုယ်ပြောနေတဲ့ အကြောင်းအရာက ကောင်းခန်းရောက်နေတဲ့ အချိန်မှာ ခဏရပ်ထားတာမျိုး လုပ်တာက နားထောင်သူတွေရဲ့ စိတ်ဝင်စားမှုကို တိုးမြင့်ပေးပါလိမ့်မယ်။ ဒါက စကားပြောကောင်းသူတိုင်း လုပ်တတ်ကြတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး ခဏလေး တိတ်ဆိတ်သွားမှုက လူတွေရဲ့စိတ်ထဲမှာ ဘာဆက်ပြောမလဲ..ဘာဆက်ဖြစ်မလဲဆိုတဲ့ သိချင်စိတ်ကို ပိုလို့တွန်းအားပေးပါလိမ့်မယ်။

READရည်းစားဟောင်းကမျက်နှာကိုဓားနဲ့လှီးတာကြောင့် သေလုနီးပါးဖြစ်ခဲ့သူ

၆။ နားထောင်သူတွေရဲ့ မျက်လုံးကို ကြည့်ပြီးပြောပါ

shutterstock/By BlueSkyImage

လူတွေကြားမှာ စကားပြောမယ်ဆိုရင် နားထောင်သူတွေထဲက တစ်ယောက် ဒါမှမဟုတ် တချို့ရဲ့မျက်လုံးတွေကို ကြည့်ပြီး စကားပြောဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်ရဲ့မျက်လုံးက လူအုပ်စုရဲ့အပြင်ဖက်ကို ကြည့်နေမယ်၊ ဘေးဘီကိုကြည့်နေမယ်ဆိုရင် နားထောင်တဲ့သူတွေကလည်း သင့်မျက်လုံးသွားရာနောက်ကို စိတ်ဝင်စားနေကြမှာပါ။ သူတို့မျက်လုံးကို ကြည့်ပြီးပြောမှသာ သူတို့ကို ပြောနေတယ်လို့ ခံစားရစေမှာဖြစ်ပါတယ်။

Linn

Source : Wikihow


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *