စတိုင်လစ်တွေ ဆင်ယင်ပေးလိုက်တဲ့ မလုံမခြုံဝတ်စုံတွေကြောင့် နေရထိုင်ရခက်ခဲ့ကြဖူးတဲ့ အမျိုးသမီး Idol များ

စတိုင်လစ်တွေ ဆင်ယင်ပေးလိုက်တဲ့ မလုံမခြုံဝတ်စုံတွေကြောင့် နေရထိုင်ရခက်ခဲ့ကြဖူးတဲ့ အမျိုးသမီး Idol များ

Idol တွေဆိုတာဟာ ပွဲအခမ်းအနားတစ်ခုအတွက် (သို့မဟုတ်) ရိုက်ကူးရေးတစ်ခုအတွက် အ၀တ်အစားတွေ ၀တ်ဆင်ရတဲ့အခါမျိုးမှာ မိမိတို့ ၀တ်ချင်တဲ့ပုံစံမျိုးတွေ ၀တ်လို့မရပါဘူး။ စတိုင်လစ်တွေ ဆင်ယင်ပေးတဲ့အ၀တ်အစားဒီဇိုင်းတွေကိုသာ ငြင်းဆန်ခွင့်မရှိပဲ ၀တ်ဆင်ရတာဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်ရတဲ့အခါမျိုး အဆင်ပြေလှပတဲ့အခါမျိုးတွေလည်းရှိသလို အဆင်မပြေပဲ နေရထိုင်ရခက်တဲ့အခါမျိုးတွေလည်းရှိပါတယ်။ ကဲ ဒီလိုဆိုရင် စတိုင်လစ်တွေ ဆင်ယင်ပေးလိုက်တဲ့ ဘယ်လိုမျိုးသောအ၀တ်အစားပုံစံတွေကြောင့် နေရထိုင်ရခက်တဲ့ Idol တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ကြည့်ရှူလိုက်ကြရအောင်။

1. Minah (Girl’s Day) ၂၀၁၅ ခုနှစ်တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ Korean Popular Culture Arts Awards ကို Minah တက်ရောက်ခဲ့စဉ်တုန်းကဆိုရင် သူမ ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဟာ သူမနဲ့အတော်လေး အဆင်မပြေဖြစ်ခဲ့တာကို ပုံပါအတိုင်းတွေ့မြင်နိုင်ပါတယ်။

2. Taeyeon (Girls’ Generation) Concert တစ်ခုမှာတုန်းက စတိုင်လစ်တွေရဲ့ ဆင်ယင်ပေးမှုကြောင့် Taeyeon ၀တ်ဆင်လာခဲ့တဲ့ ၀တ်စုံဟာဆိုရင်လည်း ပရိသတ်တွေအတွက် အတော်လေးကို အမြင်မသင့်တော်တဲ့ ၀တ်စုံတစ်စုံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ထိုဝတ်စုံကို ၀တ်ဆင်ထားခဲ့ရတဲ့ Taeyeon ကိုယ်တိုင်ကလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်ပီပီ အဆင်မပြေဖြစ်မှုတွေကို ထိန်းသိမ်းကာ ဖျော်ဖြေခဲ့တယ်ဆိုပေမယ့်လည်း သူမရဲ့ မျက်နှာနဲ့ ဟန်ပန်အမူအရာတွေ ကြည့်လိုက်ရင် ၀တ်စုံကြောင့် နေထိုင်ရခက်နေတယ်ဆိုတာကို သိသာလွန်းလှပါတယ်။

3. Irene (Red Velvet) Red Velvet ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Irene ကိုတော့ စတိုင်လစ်တွေ ဆင်ယင်ပေးလိုက်တဲ့ နေထိုင်ရခက်စေတဲ့ ၀တ်စုံတွေကို အများဆုံးဝတ်ဆင်ခဲ့ရတဲ့ Idol တစ်ယောက်လို့တောင် ဆိုနိုင်ပါတယ်။

ပွဲအတော်များများမှာ မီနီစကတ်အတိုလေးတွေကို စတိုင်လစ်တွေက ၀တ်ဆင်ပေးလိုက်တဲ့အခါတိုင်း Irene နဲ့ အဆင်ပြေမှုမရှိတာကို တွေ့မြင်ရပါတယ်။

4. Momoland Momoland အဖွဲ့ စတင်နာမည်ကြီးတဲ့အချိန်တုန်းကဆိုရင် သူမတို့တွေဟာ ခါးတိုအကျီင်္လေးတွေနဲ့ စကတ်အတို (သို့မဟုတ်) ဘောင်းဘီအတိုလေးတွေကို ၀တ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူမတို့ဝတ်ဆင်ခဲ့တဲ့ အဆိုပါဖက်ရှင်ဟာဆိုရင်လည်း သူမတို့ရဲ့ သီချင်းတွေနဲ့အတူ လူကြိုက်များရေပန်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ထိုဝတ်စုံတွေဟာ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ သူမတို့ကိုယ်တိုင်နဲ့တော့ အဆင်အပြေကြီးဖြစ်ခဲ့တာ မဟုတ်ပါဘူး။

5. Red Velvet ၂၀၁၇ ခုနှစ်တုန်းက Red Velvet အဖွဲ့ဟာ သူမတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Peek-A-Boo” ကို Music Core အစီအစဉ်မှာ ၀တ်စုံတွေများစွာ လဲလှယ်ဝတ်ဆင်ပြီး ဖျော်ဖြေခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း စတိတ်တစ်ခုမှာ ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံတွေမှာတော့ အဖွဲ့ဝင် ငါးယောက်လုံး အဆိုပါဝတ်စုံတွေနဲ့ အဆင်မပြေဖြစ်ခဲ့ကာ နေရထိုင်ရခက်ခဲ့ကြဖူးတာ ဖြစ်ပါတယ်။

6. Seolhyun (AOA)

7. Lisa (BLACKPINK) ၂၀၁၇ ခုနှစ်တုန်းက Seoul Music Awards ကို တက်ရောက်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ဖက်ရှင်ဟာဆိုရင် အရမ်းကိုလှပပြီး သူမနဲ့ လိုက်ဖက်လွန်းခဲ့တယ်ဆိုပေမယ့်လည်း တကယ်တမ်း သေချာသတိထားကြည့်မိမယ်ဆိုရင်တော့ တိုလွန်းတဲ့ဝတ်စုံကြောင့် Lisa တစ်ယောက် အတော်လေးကို နေရထိုင်ရခက်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

8. Sana (TWICE) ၂၀၁၇ ခုနှစ်တုန်းက Golden Disc Awards ကို တက်ရောက်ခဲ့တဲ့ Sana ရဲ့ ပုံစံဟာဆိုရင်လည်းပဲ ၀တ်ဆင်ထားတဲ့ဝတ်စုံနဲ့ အရမ်းကို လိုက်ဖက်ပြီးကြည့်ကောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၀တ်စုံက တိုလွန်းပြီး ခပ်ကားကားလေးဖြစ်နေတာကြောင့် သူမကိုယ်တိုင်တော့ သွားရလာရတာ အဆင်ပြေတဲ့ပုံတော့ မပေါ်ပါဘူး။

Ref : Koreaboo Mia (Momolay)


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *