ဆီးပူ ၊ ဆီးအောင့် အတွက် သက်သာစေတဲ့ ဆေးနည်းများ

ဆီးပူ ၊ ဆီးအောင့် အတွက် သက်သာစေတဲ့ ဆေးနည်းများ

ဆီးပူ ၊ ဆီးအောင့် အတွက် သက်သာစေတဲ့ ဆေးနည်းများ



Credit ; စောနွဲ့ နေဆိုင်(ပူတာအို)

ဆီးရောဂါဟာ အဖြစ်များကြတဲ့ ရောဂါတစ်ခု ဖြစ်လာနေပါပြီ။ ကိုယ်တိုင်လည်း ဆီးပူ၊ ဆီးအောင့် ဖြစ်ဖူးတာမို့ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းသွားပြရန် အဆင်မပြေသူများအတွက် သဘာဝဆေးနည်းများကို စုဆောင်းပြီး မျှဝေပေးလိုက်ပါတယ်။ ဆေးနည်း(၁) – ကြက်သွန်းတစ်ဥကို ထုထောင်း၊ အရည်ညစ်ယူ၊ လက်ဖက်ရည်ပန်းကန်လုံးခန့်ကို သောက်နိုင်ရုံလေးဖြစ်အောင် သကြားအနည်းငယ်၊ ရေကျက်အေး အနည်းငယ်ထည့်ဖျော်ပြီး မနက်၊ ညနေ တစ်နေ့ ၂ကြိမ်သောက်ပါ။

ဆေးနည်း(၂) – ကုန်းထိကရုံးပင်ကို လက်တစ်ဆုပ်ခန့် ထုထောင်းပြီး ဆီးခုံပေါ်ကို အနည်းဆုံး နာရီဝက်ခန့် အုပ်ပေးထားပါ။ဆေးနည်း(၃) – ရှားစောင်လက်ပပ်ရဲ့ အတွင်းသား(ဂျယ်လီလိုပုံစံ)ကို ဇွန်းနဲ့ ခြစ်ယူပြီး ဆန်ဆေးရည်နှင့် ၃ နာရီခန့် စိမ်ထားပြီး အဆိပ်အတောက်များ ကင်းသွားလျှင် အရည်ကို သွန်ပစ်၊ အဖတ်ကို သကြားထည့်၍ မနက်၊ ည တစ် ကြိမ်စီ စားပေးပါ။ ဆေးနည်း(၄) – ကန်းစွန်းရိုးနီရွက်နုနု လက်တစ်ဆုပ်ခန့်၊ မန်ကျီးသီးမှည့် အနည်းငယ်၊ ထန်လျက်ခဲ၊ ဆားတို့ဖြင့် သင့် တော်သလို ချိန်ထည့်၍ ကျိုပြီး လက်ဖက်ရည်ပန်းကန်လုံးခန့် တစ်နေ့ ၂ ကြိမ် သောက်ပေးပါ။ ဆီးပူ၊ဆီးအောင့်များ သက်သာပျောက်ကင်းနိုင်ကြပါစေ။


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *