တကယ့္ Plus Size ေမာ္ဒယ္နဲ႔ ပထမဆံုးအႀကိမ္လက္တြဲလိုက္ၿပီျဖစ္တဲ့ Victoria’s Secret

တကယ့္ Plus Size ေမာ္ဒယ္နဲ႔ ပထမဆံုးအႀကိမ္လက္တြဲလိုက္ၿပီျဖစ္တဲ့ Victoria’s Secret

Zawgyi Font ျဖင့္ဖတ္ရန္

[email protected]_tate_cutler

Victoria’s Secret ဆိုတာနဲ႔ Elsa Hosk တို႔ Gigi Hadid တို႔ Jasmine Trookes တို႔လို ပိန္ကပ္ၿပီး ေျခတံရွည္ရွည္သြယ္သြယလ်လ်နဲ႔ ေမာ္ဒယ္မေလးေတြကို အရင္ဆံုးေျပးျမင္မိမွာပါပဲ။ ေမာ္ဒယ္ေလာကမွာေတာ့ Victoria’s Secret ရဲ႕ Angels ျဖစ္ဖို႔ဆိုတာဟာ တက္သစ္စေမာ္ဒယ္မေလးေတြအတြက္ကေတာ့ စိတ္ကူးအိပ္မက္တစ္ခုပါပဲ။ ဒီလိုေမာ္ဒယ္တုိင္းရဲ႕အိပ္မက္ျဖစ္တဲ့ Victoria’s Secret ကို ဝင္ခြင့္ရခဲ့မယ္ဆိုရင္ေတာ့ ေမာ္ဒယ္ေတြအေနနဲ႔ သတ္မွတ္ထားတဲ့ ခႏၶာကိုယ္အခ်ိဳးစားေတြနဲ႔ ညီေနရမွာပါ။ ႏိုင္ငံတကာေမာ္ဒယ္ ေဈးကြက္မွာကလည္း ပိန္ကပ္ေနတဲ့ ေကာင္မေလးေတြမွ ေမာ္ဒယ္ျဖစ္ႏုိင္တာကိုး။

[email protected]

ေနာက္ပိုင္းတေျဖးေျဖးနဲ႔ပြင့္လင္းျမင္သာမႈေတြရွိလာတယ္၊ မိမိခႏၶာကိုယ္ကိုခ်စ္ပါဆိုတဲ့ ဝါဒေတြကလည္း လူေတြေတာ္ေတ္ာမ်ားမ်ားၾကားထဲ လက္ခံလာခဲ့ၿပီးေနာက္မွာေတာ့ ေမာ္ဒယ္ေလာကထဲ plus size ေမာ္ဒယ္ဆိုတဲ့ ခပ္ျပည့္ျပည့္အမ်ိဳးသမီးေလးေတြ ေနရာယူလာခဲ့ၾကပါတယ္။ ဒီလိုေမာ္ဒယ္ေလာကမွာ ေျပာင္းလဲမႈေတြျဖစ္ေပၚလာတာေတာင္မွပဲ Victoria’s Secret ကေတာ့ သူတုိ႔ရဲ႕ေမာ္ဒယ္စံသတ္မွတ္ကို မေျပာင္းလဲခဲ့ပါဘူး။

မေျပာင္းလဲတဲ့အျပင္ plus size အမ်ိဳးသမီးေတြနဲ႔ transgender ေတြအေပၚမွာ ကုမၸဏီအႀကီးအကဲတစ္ေယာက္က ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့လို႔လည္း သူတို႔ရဲ႕ပစၥည္းေတြေရာင္းအားကဆင္းခဲ့တဲ့အထိ ျဖစ္လာခဲ့ပါတယ္။ ေနာက္မွာေတာ့ Victoria Secret ကေနၿပီး ပထမဆံုး transgender ေမာ္ဒယ္အျဖစ္ ဘရာဇီးက Valentina Sampaio ကို ေရြးခ်ယ္ခဲ့ၿပီး အခုေလာေလာလတ္လတ္ကမွ plus size ေမာ္ဒယ္တစ္ေယာက္ကို ပထမဆံုးအေနနဲ႔ ေရြးခ်ယ္လိုက္ပါၿပီလို႔ Daily Mail မွ သိခဲ့ရပါတယ္။

READေသသြားတဲ့ကေလးရဲ႕ျပာေတြကို လက္ေဆာင္ဆြဲသီးအျဖစ္ျပန္ရခဲ့တဲ့ မိဘ(၂)ပါး[email protected]

ေနာက္ၿပီး ဒီႏွစ္ဧၿပီလတုန္းကပဲ စပိန္ေမာ္ဒယ္တစ္ဦးျဖစ္တဲ့ Lorena Duran ကို plus size ေမာ္ဒယ္ဆိုၿပီး ငွားရမ္းခဲ့ေပမယ့္ လူေတြကေတာ့ Lorena Duran ဟာ တကယ့္ plus size မဟုတ္တဲ့အတြက္ လက္မခံႏုိင္ခဲ့ၾကပါဘူး။ ေနာက္ Barbra Palvin ဆိုတဲ့ ေမာ္ဒယ္တစ္ဦးလည္းရွိပါတယ္။ သူမကိုလည္း Victoria’s Secret မွ plus size ေမာ္ဒယ္အျဖစ္ သတ္မွတ္ထားခဲ့ပေမယ့္ တကယ္တမ္း plus size ေတာ့လည္း မဟုတ္ခဲ့ပါဘူး။

[email protected][email protected]

သူမနာမည္ကေတာ့ Ali Tate Cutler ပါ။ Victoria’s Secret x Bluebella ဆိုတဲ့ ကမ္ပိန္းမွာ Bluebella ဖက္ကေနၿပီး ငွားရမ္းခဲ့တဲ့ plus size ေမာ္ဒယ္တစ္ေယာက္ျဖစ္ပါတယ္။ ကမ္ပိန္းနဲ႔ပူးေပါင္းၿပီး plus size အတြင္းခံဝတ္ေတြကို ထုတ္သြားမွာေတာ့ ေသခ်ာေနပါၿပီ။

View this post on Instagram

All dressed up, just for me. #BluebellaforVS

A post shared by Victoria”s Secret (@victoriassecret) on Oct 8, 2019 at 6:48am PDT

[email protected]

တိတိက်က်ေျပာရမယ္ဆုိရင္ေတာ့ Victoria’s Secret ဟာ ႏွစ္စဥ္ျပဳလုပ္ေနက်ျဖစ္တဲ့ ရိႈးအတြက္ runway ေမာ္ဒယ္အျဖစ္ plus size ေမာ္ဒယ္ေရြးခဲ့တာမဟုတ္ဘဲ ကမ္ပိန္းတစ္ခုအေနနဲ႔သာ ပူးေပါင္းေဆာင္ရြက္ခဲ့တယ္လို႔သာာ သိထားရပါတယ္။ ကမ္ပိိန္းမွာေတာ့ ေၾကာျငာရိုက္ကူးတာ၊ အင္တာဗ်ဴးနဲ႔ ေတြ႕ဆုံပြဲေတြေတာ့ ပါဝင္ေနပါတယ္။ လက္ရွိမွာလည္း Victoria’s Secret ရိႈးက ျပဳလုပ္ဖို႔မရွိေသးဘူးဆိုတာ့ runway မွာ ဒီေမာ္ဒယ္ကိုသံုးသြားမလားဆိုတာကိုေတာ့ မသိရေသးပါဘူး။

READအမ်ဳိးသမီးအတြင္းခံအစုံေပါင္း၁၄၀ကုိ ခုိးယူခဲ့သည့္သူခုိးကုိဖမ္းမိခဲ့[email protected]_tate_cutler[email protected]_tate_cutler

အမ်ိဳးသမီးအတြင္းခံေတြကို အဓိထားထုတ္တဲ့ကုမၸဏီတစ္ခုျဖစ္တဲ့အေလ်ာက္ အမ်ိဳးသမီးေတြရဲ႕ခႏၶာကိုယ္ကို ခြဲျခားေဝဖန္မႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ ေရာင္းအားက်ေနစဥ္မွာတင္ တစ္ဖက္မွာ အဆိုေတာ္ Rihanna ရဲ႕Savage x Fenty ဟာ ေမာ္ဒယ္တစ္ေယာက္လို ေသးသြယ္တဲ့ခႏၶာကိုယ္ကေန ေပါင္ ၂၀၀ ေက်ာ္ေလာက္ရွိတဲ့ အမ်ိဳးသမီးေတြပါ ဝတ္လိုု႔ရတဲ့အတြင္းခံေတြထုတ္ၿပီး ဆုိဒ္စံုေမာ္ဒယ္ေတြသံုးကာ ေၾကာ္ျငာေတြရိုက္ျပတဲ့အတြက္ body positivity ပိုရွိတယ္လို႔ ထင္ရတယ္ Rihanna ရဲ႕ ပစၥည္းေတြဟာ အမ်ိဳးသမီးေတြအတြက္ အားထားစရာျဖစ္လာခဲ့ပါတယ္။ အခုလို Victoria Secret အေနနဲ႔ plus size ဖက္ကို Rihanna ရဲ႕ Savage x Fenty ေခတ္စားလာခဲ့ၿပီးမွ လိုက္ထလုပ္ခဲ့တဲ့အတြက္ ေဝဖန္မႈေတြေတာ့ ခံေနခဲ့ရပါတယ္။

[email protected]

Penny

Unicode Font ဖြင့်ဖတ်ရန်

[email protected]_tate_cutler

Victoria’s Secret ဆိုတာနဲ့ Elsa Hosk တို့ Gigi Hadid တို့ Jasmine Trookes တို့လို ပိန်ကပ်ပြီး ခြေတံရှည်ရှည်သွယ်သွယလျလျနဲ့ မော်ဒယ်မလေးတွေကို အရင်ဆုံးပြေးမြင်မိမှာပါပဲ။ မော်ဒယ်လောကမှာတော့ Victoria’s Secret ရဲ့ Angels ဖြစ်ဖို့ဆိုတာဟာ တက်သစ်စမော်ဒယ်မလေးတွေအတွက်ကတော့ စိတ်ကူးအိပ်မက်တစ်ခုပါပဲ။ ဒီလိုမော်ဒယ်တိုင်းရဲ့အိပ်မက်ဖြစ်တဲ့ Victoria’s Secret ကို ဝင်ခွင့်ရခဲ့မယ်ဆိုရင်တော့ မော်ဒယ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အချိုးစားတွေနဲ့ ညီနေရမှာပါ။ နိုင်ငံတကာမော်ဒယ် ဈေးကွက်မှာကလည်း ပိန်ကပ်နေတဲ့ ကောင်မလေးတွေမှ မော်ဒယ်ဖြစ်နိုင်တာကိုး။

[email protected]

နောက်ပိုင်းတဖြေးဖြေးနဲ့ပွင့်လင်းမြင်သာမှုတွေရှိလာတယ်၊ မိမိခန္ဓာကိုယ်ကိုချစ်ပါဆိုတဲ့ ဝါဒတွေကလည်း လူတွေတော်တေ်ာများများကြားထဲ လက်ခံလာခဲ့ပြီးနောက်မှာတော့ မော်ဒယ်လောကထဲ plus size မော်ဒယ်ဆိုတဲ့ ခပ်ပြည့်ပြည့်အမျိုးသမီးလေးတွေ နေရာယူလာခဲ့ကြပါတယ်။ ဒီလိုမော်ဒယ်လောကမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာတောင်မှပဲ Victoria’s Secret ကတော့ သူတို့ရဲ့မော်ဒယ်စံသတ်မှတ်ကို မပြောင်းလဲခဲ့ပါဘူး။

မပြောင်းလဲတဲ့အပြင် plus size အမျိုးသမီးတွေနဲ့ transgender တွေအပေါ်မှာ ကုမ္ပဏီအကြီးအကဲတစ်ယောက်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့လည်း သူတို့ရဲ့ပစ္စည်းတွေရောင်းအားကဆင်းခဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ နောက်မှာတော့ Victoria Secret ကနေပြီး ပထမဆုံး transgender မော်ဒယ်အဖြစ် ဘရာဇီးက Valentina Sampaio ကို ရွေးချယ်ခဲ့ပြီး အခုလောလောလတ်လတ်ကမှ plus size မော်ဒယ်တစ်ယောက်ကို ပထမဆုံးအနေနဲ့ ရွေးချယ်လိုက်ပါပြီလို့ Daily Mail မှ သိခဲ့ရပါတယ်။

READသေသွားတဲ့ကလေးရဲ့ပြာတွေကို လက်ဆောင်ဆွဲသီးအဖြစ်ပြန်ရခဲ့တဲ့ မိဘ(၂)ပါး[email protected]

နောက်ပြီး ဒီနှစ်ဧပြီလတုန်းကပဲ စပိန်မော်ဒယ်တစ်ဦးဖြစ်တဲ့ Lorena Duran ကို plus size မော်ဒယ်ဆိုပြီး ငှားရမ်းခဲ့ပေမယ့် လူတွေကတော့ Lorena Duran ဟာ တကယ့် plus size မဟုတ်တဲ့အတွက် လက်မခံနိုင်ခဲ့ကြပါဘူး။ နောက် Barbra Palvin ဆိုတဲ့ မော်ဒယ်တစ်ဦးလည်းရှိပါတယ်။ သူမကိုလည်း Victoria’s Secret မှ plus size မော်ဒယ်အဖြစ် သတ်မှတ်ထားခဲ့ပမေယ့် တကယ်တမ်း plus size တော့လည်း မဟုတ်ခဲ့ပါဘူး။

[email protected][email protected]

သူမနာမည်ကတော့ Ali Tate Cutler ပါ။ Victoria’s Secret x Bluebella ဆိုတဲ့ ကမ်ပိန်းမှာ Bluebella ဖက်ကနေပြီး ငှားရမ်းခဲ့တဲ့ plus size မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ကမ်ပိန်းနဲ့ပူးပေါင်းပြီး plus size အတွင်းခံဝတ်တွေကို ထုတ်သွားမှာတော့ သေချာနေပါပြီ။

View this post on Instagram

All dressed up, just for me. #BluebellaforVS

A post shared by Victoria”s Secret (@victoriassecret) on Oct 8, 2019 at 6:48am PDT

[email protected]

တိတိကျကျပြောရမယ်ဆိုရင်တော့ Victoria’s Secret ဟာ နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ရှိုးအတွက် runway မော်ဒယ်အဖြစ် plus size မော်ဒယ်ရွေးခဲ့တာမဟုတ်ဘဲ ကမ်ပိန်းတစ်ခုအနေနဲ့သာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သာာ သိထားရပါတယ်။ ကမ်ပိန်းမှာတော့ ကြောငြာရိုက်ကူးတာ၊ အင်တာဗျူးနဲ့ တွေ့ဆုံပွဲတွေတော့ ပါဝင်နေပါတယ်။ လက်ရှိမှာလည်း Victoria’s Secret ရှိုးက ပြုလုပ်ဖို့မရှိသေးဘူးဆိုတာ့ runway မှာ ဒီမော်ဒယ်ကိုသုံးသွားမလားဆိုတာကိုတော့ မသိရသေးပါဘူး။

READအမျိုးသမီးအတွင်းခံအစုံပေါင်း၁၄၀ကို ခိုးယူခဲ့သည့်သူခိုးကိုဖမ်းမိခဲ့[email protected]_tate_cutler[email protected]_tate_cutler

အမျိုးသမီးအတွင်းခံတွေကို အဓိထားထုတ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့အလျောက် အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကို ခွဲခြားဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရောင်းအားကျနေစဉ်မှာတင် တစ်ဖက်မှာ အဆိုတော် Rihanna ရဲ့Savage x Fenty ဟာ မော်ဒယ်တစ်ယောက်လို သေးသွယ်တဲ့ခန္ဓာကိုယ်ကနေ ပေါင် ၂၀၀ ကျော်လောက်ရှိတဲ့ အမျိုးသမီးတွေပါ ဝတ်လိုု့ရတဲ့အတွင်းခံတွေထုတ်ပြီး ဆိုဒ်စုံမော်ဒယ်တွေသုံးကာ ကြော်ငြာတွေရိုက်ပြတဲ့အတွက် body positivity ပိုရှိတယ်လို့ ထင်ရတယ် Rihanna ရဲ့ ပစ္စည်းတွေဟာ အမျိုးသမီးတွေအတွက် အားထားစရာဖြစ်လာခဲ့ပါတယ်။ အခုလို Victoria Secret အနေနဲ့ plus size ဖက်ကို Rihanna ရဲ့ Savage x Fenty ခေတ်စားလာခဲ့ပြီးမှ လိုက်ထလုပ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေတော့ ခံနေခဲ့ရပါတယ်။

[email protected]

Penny


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *