တန္ဖိုးခ်င္းေတာ့ မတူႏိုင္ပါ&

တန္ဖိုးခ်င္းေတာ့ မတူႏိုင္ပါ&

တစ္ခါတုန္းက သစ္ပင္ေတြဟာ စကားေျပာတတ္တယ္ဆုိပဲ။ စကားေျပာတတ္တဲ့ သစ္ပင္ေတြ ကို ပန္းပုဆရာတစ္ေယာက္က ပန္းပုထုဖုိ႔ ယူလာခဲ့တယ္။ ခုတ္ထားတဲ့ သစ္သား တံုးေတြကို ပန္းပုထုေတာ့ သစ္သားတံုးတစ္တံုးက အထုခံရ၊ အခုတ္ခံရ၊ အထြင္းခံရ၊ အရိုက္ခံရ၊ အႏွက္ ခံရေတာ့ “နာတယ္” ဆုိၿပီး ေအာ္တယ္။ဒါေၾကာင့္ ပန္းပုဆရာဟာ အဲ့သစ္သားတံုးကို အေသး စိတ္ မြန္းမံမေနေတာ့ဘဲ တံုးေမာင္းအျဖစ္၏နဲ႔ပဲ ထားခဲ့လိုက္ေတာ့တယ္။ေနာက္သစ္ သားတံုး တစ္တံုးက်ေတာ့ ဘယ္ေလာက္ နာေပမယ့္ သူ မေအာ္ဘဲ ႀကိတ္မွိတ္သည္းခံၿပီးေတာ့ ေနခဲ့ လိုက္ တယ္။

ပန္းပုဆရာက အဲဒီသစ္တံုးကိုက်ေတာ့ လူသားေတြ အပူေဇာ္ခံမယ့္ နတ္ဘုရားရုပ္ တုအျဖစ္ ထုခဲ့လုိက္တယ္။လူသားေတြက တံုးေမာင္းကို ေခါက္ၿပီး နတ္ဘုရားရုပ္တုကို ပူေဇာ္တဲ့ အခါက်ေတာ့ တံုးေမာင္းျဖစ္ေနတဲ့ သစ္သားက အသည္းအသည္ ငိုေၾကြးတယ္။သူတုိ႔ဟာ အစ ပထမတုန္းက သစ္ပင္ေတြ အတူတူ ျဖစ္ပါရဲ႕နဲ႔ ခုက်မွ သူက် အေခါက္ခံရၿပီး ဟိုသစ္သား တံုး က်ေတာ့ အပူေဇာ္ခံရတယ္ ဆုိၿပီး မေက်မနပ္ျဖစ္သြားတယ္။ဒါနဲ႔ ပန္းပုဆရာကို ဘက္လိုက္ တယ္ဆုိၿပီး စြပ္စြဲလုိက္တယ္။

ဒီအခ်ိန္မွာ နတ္ဘုရားရုပ္တုအျဖစ္ ထုခံလုိက္ရတဲ့ သစ္သားက သူ႔ကို ေျပာတယ္။”မင္းကမွ သည္းမခံတာကိုး” ဟုတ္ပါတယ္။ လူသားေတြလည္း ကိုယ္ပိုင္ လမ္းေၾကာင္းေပၚကိုေတာ့ သြားေနခဲ့ၾကတာခ်င္း တူပါတယ္။ ဒါေပမဲ့ အခ်ိဳ႕က ေအာင္ျမင္ၾကတယ္။ တခ်ိဳ႕က ဘာမွမျဖစ္ ထြန္းၾကဘူး။ တခ်ိဳ႕က ျဖစ္ေတာ့ ျဖစ္ထြန္းပါရဲ႕၊ ဒါေပမဲ့ အက်ိဳးျဖစ္ထြန္းမႈ အားနည္းၾကရတယ္။ ဒါဟာ ဘာေၾကာင့္ ျဖစ္ရတာလဲလုိ႔ ဆန္းစစ္ၾကည့္ေတာ့ ခုနကေျပာတဲ့ ေလာကဓံရဲ႕ ရိုက္ပုတ္ မႈဒဏ္ကို အလူးအလဲ ခံရတဲ့အခါမွာ သည္းခံႏိုင္မႈ၊ သည္းမခံႏိုင္မႈအေပၚမွာ မူတည္ၿပီးေတာ့ အက်ိဳးရလဒ္ေတြလည္း ကြာျခားသြားတာမ်ိဳး ျဖစ္ပါတယ္။ကဲ…စာဖတ္သူေရာ၊ သစ္သားခ်င္း အတူတူ ဘယ္လိုပံုစံမ်ိဳး ျဖစ္ခ်င္ပါသလဲ?

credit ; ေမာင္မင္းစိုး၏ လူငယ္နဲ႔ လူလည္ စာအုပ္မွ ကူးယူေဖာ္ျပပါသည္။

တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ်ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေ ကို ပန်းပုဆရာတစ်ယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။ ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပုထုတော့ သစ်သားတုံးတစ်တုံးက အထုခံရ၊ အခုတ်ခံရ၊ အထွင်းခံရ၊ အရိုက်ခံရ၊ အနှက် ခံရတော့ “နာတယ်” ဆိုပြီး အော်တယ်။ဒါကြောင့် ပန်းပုဆရာဟာ အဲ့သစ်သားတုံးကို အသေး စိတ် မွန်းမံမနေတော့ဘဲ တုံးမောင်းအဖြစ်၏နဲ့ပဲ ထားခဲ့လိုက်တော့တယ်။နောက်သစ် သားတုံး တစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ်သည်းခံပြီးတော့ နေခဲ့ လိုက် တယ်။

ပန်းပုဆရာက အဲဒီသစ်တုံးကိုကျတော့ လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရားရုပ် တုအဖြစ် ထုခဲ့လိုက်တယ်။လူသားတွေက တုံးမောင်းကို ခေါက်ပြီး နတ်ဘုရားရုပ်တုကို ပူဇော်တဲ့ အခါကျတော့ တုံးမောင်းဖြစ်နေတဲ့ သစ်သားက အသည်းအသည် ငိုကြွေးတယ်။သူတို့ဟာ အစ ပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါရဲ့နဲ့ ခုကျမှ သူကျ အခေါက်ခံရပြီး ဟိုသစ်သား တုံး ကျတော့ အပူဇော်ခံရတယ် ဆိုပြီး မကျေမနပ်ဖြစ်သွားတယ်။ဒါနဲ့ ပန်းပုဆရာကို ဘက်လိုက် တယ်ဆိုပြီး စွပ်စွဲလိုက်တယ်။ ဒီအချိန်မှာ နတ်ဘုရားရုပ်တုအဖြစ် ထုခံလိုက်ရတဲ့ သစ်သားက သူ့ကို ပြောတယ်။”မင်းကမှ သည်းမခံတာကိုး” ဟုတ်ပါတယ်။

လူသားတွေလည်း ကိုယ်ပိုင် လမ်းကြောင်းပေါ်ကိုတော့ သွားနေခဲ့ကြတာချင်း တူပါတယ်။ ဒါပေမဲ့ အချို့က အောင်မြင်ကြတယ်။ တချို့က ဘာမှမဖြစ် ထွန်းကြဘူး။ တချို့က ဖြစ်တော့ ဖြစ်ထွန်းပါရဲ့၊ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ်။ ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနကပြောတဲ့ လောကဓံရဲ့ ရိုက်ပုတ် မှုဒဏ်ကို အလူးအလဲ ခံရတဲ့အခါမှာ သည်းခံနိုင်မှု၊ သည်းမခံနိုင်မှုအပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာခြားသွားတာမျိုး ဖြစ်ပါတယ်။ကဲ…စာဖတ်သူရော၊ သစ်သားချင်း အတူတူ ဘယ်လိုပုံစံမျိုး ဖြစ်ချင်ပါသလဲ?


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *