တရုတ္ႏိုင္ငံေတာ္အလံကို ကာကြယ္ပါ့မယ္လို႔ ကတိသစၥာျပဳလိုက္တဲ့ ဂ်က္ကီခ်န္း

တရုတ္ႏိုင္ငံေတာ္အလံကို ကာကြယ္ပါ့မယ္လို႔ ကတိသစၥာျပဳလိုက္တဲ့ ဂ်က္ကီခ်န္း

Zawgyi Font ျဖင့္ဖတ္ရန္

Instagram/jackiechan

မၾကာေသးခင္က ေဟာင္ေကာင္မွာရွိတဲ့ ဆႏၵျပသူေတြဟာ ပင္လယ္ထဲ တရုတ္ႏိုင္ငံေတာ္အလံကို လႊင့္ပစ္ခဲ့ပါတယ္။ ဒါကို ေတြ႔ျမင္ၾကတဲ့ သန္းေပါင္းမ်ားစြာေသာ တရုတ္မ်ိဳးခ်စ္ပုဂၢိဳလ္ေတြဟာ အလံေတာ္ေရခ်တာကို ဆန္႔က်င္တဲ့အေနနဲ႔ သူတို႔ကိုယ္သူတို႔ အလံသယ္ေဆာင္သူမ်ားဆိုၿပီး ေၾကြးေၾကာ္ခဲ့ၾကေၾကာင္း shanghaiist မွာ ေတြ႔ရိွိ္ရပါတယ္။

တရုတ္ႏိုင္ငံေတာ္အလံကို မေလးမစားျပဳလုပ္တဲ့ကိစၥနဲ႔ ပတ္သက္လို႔ ႏိုင္ငံပိုင္မီဒီယာတစ္ခုကေတာ့ အလံအတြက္ ကာကြယ္ေပးၾကဖို႔ဆိုလိုက္ပါတယ္။ ႏိုင္ငံေတာ္အလံအား ခုလို ေရထဲလႊင့္ပစ္ခ်မႈကို ရံႈ႕ခ်ဖို႔အတြက္ ကြ်န္ေတာ္/ကြ်န္မဟာ အလံသယ္ေဆာင္သူပါလို႔ ဆိုတဲ့ ပို႔စ္ကို လူမႈကြန္ယက္ေတြမွာ ျဖန္႔ေ၀ေပးၾကဖို႔လည္း ၄င္းမီဒီယာက တိုက္တြန္းခဲ့ပါေသးတယ္။ လက္ရွိအခ်ိန္ထိ တရုတ္ႏို္င္ငံေတာ္အလံကို သယ္ေဆာင္ထိန္းသိ္မ္းမယ္လို႔ ဆိုသူေပါင္း (၁.၄) သန္း ရွိေနၿပီ ျဖစ္ၿပီး (၁၀) သန္းနီးနီးက ၄င္းပို႔စ္ကို လူမႈကြန္ယက္ေတြေပၚမွာ ျဖန္႔ေ၀ခဲ့ၾကပါတယ္။

weibo

ဒီထဲမွာေတာ့ တရုတ္အစိုးရကို လိုလားသူ ေဟာင္ေကာင္ဖြား စူပါစတားတစ္ေယာက္ျဖစ္သူ ဂ်က္ကီခ်န္းလည္း ပါ၀င္ပါတယ္။ သူကေတာ့ အဂၤါေန႔(၆.၈.၂၀၁၉)တုန္းက သူဟာ တရုတ္ႏို္င္ငံေတာ္အလံသယ္ေဆာင္သူတစ္ေယာက္ပါလို႔ သူ႔ကိုယ္သူ ေၾကညာခဲ့တာပါ။ တရုတ္အစိုးရကို လိုလားသူေတြထဲမွာ ဂ်က္ကီခ်န္းအျပင္  ေဟာင္ေကာင္အႏုပညာရွင္ေတြျဖစ္တဲ့ ေဂ်ာ္ဒန္ခ်န္း၊ ဂ်က္ဆန္၀မ္း၊ ဟာ၀စ္လ်ဴနဲ႔ တရုတ္ျပည္မႀကီးဖြား လူဟန္၊ ခရစၥ၀ူ၊ ဂ်ိမ္းက်န္းနဲ႔ အိန္ဂ်လာေဘဘီစတဲ့ ထင္ရွားေက်ာ္ၾကားသူေတြလည္း ပါ၀င္ပါတယ္။

READသစၥာေဖာက္တဲ့ခ်စ္သူကို သတ္ပစ္ၿပီး ဒံေပါက္ထဲ ထည့္ခ်က္ပစ္ခဲ့တဲ့ အမ်ိဳးသမီး

 

For Jackie Chen and all other China‘s patriots,which side would u save when the national flag and your lover are both drowning in the sea? 送给成龙大哥和各位护旗手的画#FreeHongKong #antiELAB pic.twitter.com/bAOdNGH6wp

— 巴丢草 Badiucao (@badiucao) August 8, 2019

တြစ္တာေပၚမွာလည္း ကာတြန္းပညာရွင္တစ္ဦးျဖစ္တဲ့ ဘာဒီေကာင္းက အလံသယ္ေဆာင္မယ္ဆိုတဲ့ သူေတြကို သေရာ္စာေရးသားခဲ့ပါေသးတယ္။ ဘာဒီေကာင္းက ပင္လယ္ထဲကို အလံနဲ႔ ရည္းစား ၿပိဳင္တူက်သြားရင္ ဘယ္သူ႔ကို အရင္ဆံုးကယ္မလဲဆိုၿပီး ေရးသားတင္ခဲ့တာပါ။ ဂ်က္ကီခ်န္းဟာ အရင္တုန္းကတည္းက ေပက်င္းလိုလားသူဆိုၿပီး ေဟာင္ေကာင္မွာ အေ၀ဖန္ခံေနရသူ တစ္ဦးလည္း ျဖစ္ပါတယ္။

READမ်က္ႏွာကေန ဆင္ႏွာေမာင္းသ႑ာန္ အႀကိတ္ႀကီးက်ေနလုိ႔ ဆင္လူသားလုိ႔ နာမည္တြင္ခဲ့သူ

သူဟာ တရုတ္ႏိုင္ငံေတာ္ရဲ႕ ဂုဏ္အသေရကို ခ်ီးမြမ္းဖြဲ႔ဆိုထားတဲ့ ေတးသီခ်င္းေတြကုိ သီဆိုေလ့ရွိတဲ့အျပင္ အထူးလက္ေရြးစင္ပုဂၢိဳလ္ေတြကိုပဲ ေရြးခ်ယ္ဆိုခြင့္ရတဲ့ တရုတ္အမ်ိဳးသားသီခ်င္းကိုလည္း ပါ၀င္သီဆိုခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ၿပီးခဲ့ဲတဲ့ တစ္လေက်ာ္တုန္းကလည္း ဂ်က္ကီခ်န္းဟာ ထိုင္၀မ္ကို သူ႔ရဲ႕ အယ္လ္ဘမ္အသစ္နဲ႔ ပတ္သက္ၿပီး မိတ္ဆက္ပြဲျပဳလုပ္ဖို႔ သြားခဲ့ပါေသးတယ္။ အဲဒီတုန္းကေတာ့ ဂ်က္ကီခ်န္္းက သူဟာ ဆႏၵျပပြဲနဲ႔ ပတ္သက္ၿပီး ဘာမွမသိေၾကာင္း တံု႔ျပန္ခဲ့သလို တစ္စံုတစ္ရာ ေ၀ဖန္ေဆြးေႏြးတာမ်ိဳးလည္း မရွိခဲ့ဘူးလို႔ သိရပါတယ္။

လင္းလင္း (ShweMom)

Unicode Font ဖြင့်ဖတ်ရန်

Instagram/jackiechan

မကြာသေးခင်က ဟောင်ကောင်မှာရှိတဲ့ ဆန္ဒပြသူတွေဟာ ပင်လယ်ထဲ တရုတ်နိုင်ငံတော်အလံကို လွှင့်ပစ်ခဲ့ပါတယ်။ ဒါကို တွေ့မြင်ကြတဲ့ သန်းပေါင်းများစွာသော တရုတ်မျိုးချစ်ပုဂ္ဂိုလ်တွေဟာ အလံတော်ရေချတာကို ဆန့်ကျင်တဲ့အနေနဲ့ သူတို့ကိုယ်သူတို့ အလံသယ်ဆောင်သူများဆိုပြီး ကြွေးကြော်ခဲ့ကြကြောင်း shanghaiist မှာ တွေ့ရှိရပါတယ်။

တရုတ်နိုင်ငံတော်အလံကို မလေးမစားပြုလုပ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံပိုင်မီဒီယာတစ်ခုကတော့ အလံအတွက် ကာကွယ်ပေးကြဖို့ဆိုလိုက်ပါတယ်။ နိုင်ငံတော်အလံအား ခုလို ရေထဲလွှင့်ပစ်ချမှုကို ရှုံ့ချဖို့အတွက် ကျွန်တော်/ကျွန်မဟာ အလံသယ်ဆောင်သူပါလို့ ဆိုတဲ့ ပို့စ်ကို လူမှုကွန်ယက်တွေမှာ ဖြန့်ဝေပေးကြဖို့လည်း ၎င်းမီဒီယာက တိုက်တွန်းခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံတော်အလံကို သယ်ဆောင်ထိန်းသိမ်းမယ်လို့ ဆိုသူပေါင်း (၁.၄) သန်း ရှိနေပြီ ဖြစ်ပြီး (၁၀) သန်းနီးနီးက ၎င်းပို့စ်ကို လူမှုကွန်ယက်တွေပေါ်မှာ ဖြန့်ဝေခဲ့ကြပါတယ်။

weibo

ဒီထဲမှာတော့ တရုတ်အစိုးရကို လိုလားသူ ဟောင်ကောင်ဖွား စူပါစတားတစ်ယောက်ဖြစ်သူ ဂျက်ကီချန်းလည်း ပါဝင်ပါတယ်။ သူကတော့ အင်္ဂါနေ့(၆.၈.၂၀၁၉)တုန်းက သူဟာ တရုတ်နိုင်ငံတော်အလံသယ်ဆောင်သူတစ်ယောက်ပါလို့ သူ့ကိုယ်သူ ကြေညာခဲ့တာပါ။ တရုတ်အစိုးရကို လိုလားသူတွေထဲမှာ ဂျက်ကီချန်းအပြင်  ဟောင်ကောင်အနုပညာရှင်တွေဖြစ်တဲ့ ဂျော်ဒန်ချန်း၊ ဂျက်ဆန်ဝမ်း၊ ဟာဝစ်လျူနဲ့ တရုတ်ပြည်မကြီးဖွား လူဟန်၊ ခရစ္စဝူ၊ ဂျိမ်းကျန်းနဲ့ အိန်ဂျလာဘေဘီစတဲ့ ထင်ရှားကျော်ကြားသူတွေလည်း ပါဝင်ပါတယ်။

READသစ္စာဖောက်တဲ့ချစ်သူကို သတ်ပစ်ပြီး ဒံပေါက်ထဲ ထည့်ချက်ပစ်ခဲ့တဲ့ အမျိုးသမီး

 

For Jackie Chen and all other China‘s patriots,which side would u save when the national flag and your lover are both drowning in the sea? 送给成龙大哥和各位护旗手的画#FreeHongKong #antiELAB pic.twitter.com/bAOdNGH6wp

— 巴丢草 Badiucao (@badiucao) August 8, 2019

တွစ်တာပေါ်မှာလည်း ကာတွန်းပညာရှင်တစ်ဦးဖြစ်တဲ့ ဘာဒီကောင်းက အလံသယ်ဆောင်မယ်ဆိုတဲ့ သူတွေကို သရော်စာရေးသားခဲ့ပါသေးတယ်။ ဘာဒီကောင်းက ပင်လယ်ထဲကို အလံနဲ့ ရည်းစား ပြိုင်တူကျသွားရင် ဘယ်သူ့ကို အရင်ဆုံးကယ်မလဲဆိုပြီး ရေးသားတင်ခဲ့တာပါ။ ဂျက်ကီချန်းဟာ အရင်တုန်းကတည်းက ပေကျင်းလိုလားသူဆိုပြီး ဟောင်ကောင်မှာ အဝေဖန်ခံနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

READမျက်နှာကနေ ဆင်နှာမောင်းသဏ္ဍာန် အကြိတ်ကြီးကျနေလို့ ဆင်လူသားလို့ နာမည်တွင်ခဲ့သူ

သူဟာ တရုတ်နိုင်ငံတော်ရဲ့ ဂုဏ်အသရေကို ချီးမွမ်းဖွဲ့ဆိုထားတဲ့ တေးသီချင်းတွေကို သီဆိုလေ့ရှိတဲ့အပြင် အထူးလက်ရွေးစင်ပုဂ္ဂိုလ်တွေကိုပဲ ရွေးချယ်ဆိုခွင့်ရတဲ့ တရုတ်အမျိုးသားသီချင်းကိုလည်း ပါဝင်သီဆိုခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့ဲတဲ့ တစ်လကျော်တုန်းကလည်း ဂျက်ကီချန်းဟာ ထိုင်ဝမ်ကို သူ့ရဲ့ အယ်လ်ဘမ်အသစ်နဲ့ ပတ်သက်ပြီး မိတ်ဆက်ပွဲပြုလုပ်ဖို့ သွားခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ဂျက်ကီချန်းက သူဟာ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဘာမှမသိကြောင်း တုံ့ပြန်ခဲ့သလို တစ်စုံတစ်ရာ ဝေဖန်ဆွေးနွေးတာမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

လင်းလင်း (ShweMom)


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *