တ႐ုတ္ဂိမ္မာေတြၾကား နတ္ဘုရားလို ကိုးကြယ္ခံေနရတဲ့ G Fat

တ႐ုတ္ဂိမ္မာေတြၾကား နတ္ဘုရားလို ကိုးကြယ္ခံေနရတဲ့ G Fat

Zawgyi Font ျဖင့္ဖတ္ရန္

pekanchuan/Reddit

ေခါင္းစဥ္ဖတ္ၿပီး ဟိုဟုိဒီဒီေတြ မေတြးပါနဲ႔ဗ်ာ။ မွားေရးထားတာလည္း မဟုတ္ရပါဘူး။ တကယ့္ G Fat ပါ။ ျမန္မာႏုိင္ငံက PC Online Gamer တခ်ဳိ႕လည္း ၾကားဖူးမွာပါ။ မၾကားဘူးရင္ေတာင္ သူရဲ႕ကုမၸဏီ Valve ကထုတ္တဲ့ Steam ကိုေတာ့ သိၾကမွာေပါ့။

သူ႔နာမည္က Gabe Newell ပါ။ အေနာက္ႏုိင္ငံေတြမွာေတာ့ သူ႔ကို ‘Gaben’ လို႔ လူသိမ်ားၿပီး တ႐ုတ္ႏုိင္ငံမွာေတာ့ ‘G Fat ’ လို႔ လူသိမ်ားပါတယ္။ တ႐ုတ္ႏုိင္ငံမွာ က်င္းပၿပီးစီးခဲ့တဲ့ TI9 ၿပိဳင္ပြဲအတြက္ Gabe တေယာက္ ရွန္ဟိုင္းကိုေရာက္ရွိစဥ္က တ႐ုတ္ႏုိင္ငံသား ဂိမ္မာတေယာက္က သူ႔ရဲ႕ ပိုက္ဆံအိတ္ကို Gabe ထံ ဆက္သေနတဲ့ပံုက အြန္လုိင္းမွာ နာမည္ေက်ာ္သြားခဲ့ပါ ေသးတယ္။

pekanchuan/Reddit

Gabe တည္ေထာင္ၿပီး လက္ရွိ CEO အျဖစ္တာဝန္ယူထားတဲ့ Valve ကုမၸဏီရဲ႕ Steam Gaming Platform ဟာ အေစာပိုင္းမွာ ေျပာခဲ့သလိုပဲ PC Online Gamer ေတြၾကားမွာ နာမည္ႀကီးပါ။ Dota2, War of Warcraft တို႔လို ဂိမ္းေတြကို ဝယ္ယူေဆာ့ ကစားရတဲ့ Steam ေပၚမွာ ၂၀၁၇ တႏွစ္တည္းမွာတင္ ေဒၚလာ (၄.၃) ဘီလီယံဖိုး ေရာင္းခ်ခဲ့ရတယ္လို႔ စာရင္းေတြအရ သိရပါ တယ္။ ဒါ့အျပင္ Steam ဟာ ဂိမ္မာေတြအတြက္ discount ေတြ ေပါေပါသီသီေပးလြန္းလို႔လည္း အသံုးျပဳသူေတြရဲ႕ အသဲစြဲ ျဖစ္ေနပါေသးတယ္။

 

LORD GABEN ARRIVES WITH LOVE FOR DOTA #TI9 pic.twitter.com/DOMj7fKmU7

— Rod Breslau (@Slasher) August 20, 2019

လက္ရွိအခ်ိန္မွာ တလတလကို Steam အသံုးျပဳသူ သန္း(၉၀)နီးပါးရွိၿပီး အဲဒီထဲက သန္း(၃၀)နီးပါးက တ႐ုတ္ႏုိင္ငံကပါ။ Steam မွာ တ႐ုတ္အစိုးရက ႏုိင္ငံတြင္းေရာင္းခ်ခြင့္မျပဳတဲ့ ဂိမ္းအခ်ဳိ႕ကိုလည္း ဝယ္ယူႏုိင္တာက တ႐ုတ္ဂိမ္မာေတြၾကား အသဲစြဲျဖစ္ ေနရတဲ့ အခ်က္တခုပါပဲ။ ေနာက္ဆံုးရသတင္းေတြအရေတာ့ Valve ဟာ တ႐ုတ္အစိုးရနဲ႔ျပႆနာမျဖစ္ခ်င္တာေၾကာင့္ အစိုးရနဲ႔ ေဆြးေႏြးၿပီး တ႐ုတ္ႏုိင္ငံအတြက္ သီးသန္႔ Steam တခု လုပ္ေပးမယ္လို႔ေတာင္ သိရပါတယ္။

Daniel Ahmed/Twitter

G Fat ဟာ တ႐ုတ္ႏုိင္ငံမွာ ဘယ္ေလာက္ေတာင္ ေက်ာ္ၾကားေနသလဲဆိုရင္ တ႐ုတ္လူမ်ဳိးေတြ အသံုးမ်ားတဲ့ WeChat မွာ Gabe ရဲ႕ စတစ္ကာေလးေတြေတာင္ ေပၚေနပါၿပီ။

အသက္ (၅၆)ႏွစ္ရွိၿပီျဖစ္တဲ့ Gabe Newell ဟာ လက္ရွိၾကြယ္ဝမႈ အေမရိကန္ေဒၚလာ (၃.၉)ဘီလီယံ ရွိတယ္လို႔လည္း ABC News ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

KYM

Unicode Font ဖြင့်ဖတ်ရန်

pekanchuan/Reddit

ခေါင်းစဉ်ဖတ်ပြီး ဟိုဟိုဒီဒီတွေ မတွေးပါနဲ့ဗျာ။ မှားရေးထားတာလည်း မဟုတ်ရပါဘူး။ တကယ့် G Fat ပါ။ မြန်မာနိုင်ငံက PC Online Gamer တချို့လည်း ကြားဖူးမှာပါ။ မကြားဘူးရင်တောင် သူရဲ့ကုမ္ပဏီ Valve ကထုတ်တဲ့ Steam ကိုတော့ သိကြမှာပေါ့။

သူ့နာမည်က Gabe Newell ပါ။ အနောက်နိုင်ငံတွေမှာတော့ သူ့ကို ‘Gaben’ လို့ လူသိများပြီး တရုတ်နိုင်ငံမှာတော့ ‘G Fat ’ လို့ လူသိများပါတယ်။ တရုတ်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ TI9 ပြိုင်ပွဲအတွက် Gabe တယောက် ရှန်ဟိုင်းကိုရောက်ရှိစဉ်က တရုတ်နိုင်ငံသား ဂိမ်မာတယောက်က သူ့ရဲ့ ပိုက်ဆံအိတ်ကို Gabe ထံ ဆက်သနေတဲ့ပုံက အွန်လိုင်းမှာ နာမည်ကျော်သွားခဲ့ပါ သေးတယ်။

pekanchuan/Reddit

Gabe တည်ထောင်ပြီး လက်ရှိ CEO အဖြစ်တာဝန်ယူထားတဲ့ Valve ကုမ္ပဏီရဲ့ Steam Gaming Platform ဟာ အစောပိုင်းမှာ ပြောခဲ့သလိုပဲ PC Online Gamer တွေကြားမှာ နာမည်ကြီးပါ။ Dota2, War of Warcraft တို့လို ဂိမ်းတွေကို ဝယ်ယူဆော့ ကစားရတဲ့ Steam ပေါ်မှာ ၂၀၁၇ တနှစ်တည်းမှာတင် ဒေါ်လာ (၄.၃) ဘီလီယံဖိုး ရောင်းချခဲ့ရတယ်လို့ စာရင်းတွေအရ သိရပါ တယ်။ ဒါ့အပြင် Steam ဟာ ဂိမ်မာတွေအတွက် discount တွေ ပေါပေါသီသီပေးလွန်းလို့လည်း အသုံးပြုသူတွေရဲ့ အသဲစွဲ ဖြစ်နေပါသေးတယ်။

 

LORD GABEN ARRIVES WITH LOVE FOR DOTA #TI9 pic.twitter.com/DOMj7fKmU7

— Rod Breslau (@Slasher) August 20, 2019

လက်ရှိအချိန်မှာ တလတလကို Steam အသုံးပြုသူ သန်း(၉၀)နီးပါးရှိပြီး အဲဒီထဲက သန်း(၃၀)နီးပါးက တရုတ်နိုင်ငံကပါ။ Steam မှာ တရုတ်အစိုးရက နိုင်ငံတွင်းရောင်းချခွင့်မပြုတဲ့ ဂိမ်းအချို့ကိုလည်း ဝယ်ယူနိုင်တာက တရုတ်ဂိမ်မာတွေကြား အသဲစွဲဖြစ် နေရတဲ့ အချက်တခုပါပဲ။ နောက်ဆုံးရသတင်းတွေအရတော့ Valve ဟာ တရုတ်အစိုးရနဲ့ပြဿနာမဖြစ်ချင်တာကြောင့် အစိုးရနဲ့ ဆွေးနွေးပြီး တရုတ်နိုင်ငံအတွက် သီးသန့် Steam တခု လုပ်ပေးမယ်လို့တောင် သိရပါတယ်။

Daniel Ahmed/Twitter

G Fat ဟာ တရုတ်နိုင်ငံမှာ ဘယ်လောက်တောင် ကျော်ကြားနေသလဲဆိုရင် တရုတ်လူမျိုးတွေ အသုံးများတဲ့ WeChat မှာ Gabe ရဲ့ စတစ်ကာလေးတွေတောင် ပေါ်နေပါပြီ။

အသက် (၅၆)နှစ်ရှိပြီဖြစ်တဲ့ Gabe Newell ဟာ လက်ရှိကြွယ်ဝမှု အမေရိကန်ဒေါ်လာ (၃.၉)ဘီလီယံ ရှိတယ်လို့လည်း ABC News ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

KYM


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *