ပရိသတ်တွေရဲ့အချစ်တွေနဲ့ အပျော်ရွှင်ဆုံးဖြစ်ခဲ့ရတဲ့ နန်းဆုရတီစိုးရဲ့မွေးနေ့လေး

ပရိသတ်တွေရဲ့အချစ်တွေနဲ့ အပျော်ရွှင်ဆုံးဖြစ်ခဲ့ရတဲ့ နန်းဆုရတီစိုးရဲ့မွေးနေ့လေး

စကားပြောရင် အရမ်းချစ်ဖို့ကောင်းတဲ့ အဆို​တော်​မ​လေး နန်းဆုရတီစိုးက​တော့ နားထောင်လို့ကောင်းတဲ့ အသံ​လေးနဲ့ တက်​တက်​ကြွကြွရှိလွန်းတဲ့ သူမရဲ့အပြုအမူ​တွေ​ကြောင့်​ ပရိသတ်​​တွေရဲ့ ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝ ပိုင်​ဆိုင်​ထားသူ​လေးပါ။ အဆိုပိုင်းမှာပါသာမကပဲ သရုပ်​​ဆောင်​ပိုင်းမှာပါ ပရိသတ်လက်ခံအားပေးနေကြတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး ကတော့ လတ်​တ​လောမှာ​ ချစ်ရတဲ့ ပရိသတ်တွေနဲ့ သူမအိမ်မှာပဲ မွေးနေ့ပွဲလေး ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ နန်းဆုကတော့ လက်ရှိမှာ နှလုံးသားရေးရာကြောင့် ဝမ်းနည်းနေရပေမယ့် သူမရဲ့ပရိသတ်တွေကြောင့် အလန်းဆန်းဆုံး အပြုံးလေးတွေကို ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ပျော်စရာကောင်းတဲ့ နန်းဆုရတီစိုးရဲ့မွေးနေ့ပွဲက အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ နန်းဆုရတီစိုးကတော့ “မနေ့က ပရိသတ်တွေနဲ့ ကျင်းပတဲ့ မွေးနေ့ကိတ်လေးမှာ အရမ်းပျော်ခဲ့ရပါတယ် နန်းဆုကို ချစ်ကြတဲ့သူတွေရဲ့ အပြုံးနဲ့စကားသံလေးတွေက နန်းဆုအတွက်တော့ တန်ဖိုးဖြတ်မရတဲ့အရာပါ ပရိသတ်တွေစုပီးပေးတဲ့ အရမ်းလက်ရာမြောက်တဲ့ မွေးနေ့လက်ဆောင် ပုံတူပန်းချီကားကို အရမ်းကြိုက်ပါတယ် မနေ့က ပွဲပြီးတော့ ထိုင်ကြည့်နေတာ တူလိုက်တာ လှလိုက်တာဆိုပြီး😍😛တခြား လက်ဆောင်တွေ ကိုလည်းအရမ်းကြိုက်ပါတယ်

နန်းဆုဖတ်ဖို့ယူလာတဲ့ စာလေးတွေကိုလည်း သေချာအချိန်ပေးဖတ်ပါမယ်နော်🥰ချစ်တဲ့စိတ်နဲ့ အရောက်လာကြသူတွေ နယ်ဝေးကနေရောက်လာကြသူတွေရာ စာမေးပွဲရှိနေပေမယ့် အရောက်လာကြတာတွေ သိရတော့ ပိုချစ်မိပါတယ် လာချင်ပေမယ့် မလာဖြစ်လိုက်တဲ့သူတွေကိုချစ်ပါတယ်နော် မနေ့ကရောက်လာတဲ့သူတွေရော မရောက်လာဖြစ်တဲ့သူတှေ ​ရော နောက်ပွဲတွေလည်း ဆုံကြမယ်နော်😍” ဆိုပြီး မွေးနေ့အမှတ်တရပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။

ကြည့်နေရင်းရဲ့ ကြက်သီးတွေထသွားရတဲ့ စပွန်စာမမကြီးမြတ်ကေသီအောင်နဲ့ နေတိုးရဲ့ ဇာတ်ဝင်ခန်း

သူမကို တွေ့ရလို့ ပျော်နေတဲ့ ပရိသတ်တွေကိုလည်း ချော့ရသေးတယ်နော်…။

နန်းဆုရတီစိုးကတော့ သူမရဲ့မွေးနေ့ပွဲမှာ ပရိသတ်တွေ အရမ်းစားချင်နေကြတဲ့ အသုပ်စုံလေးကိုလည်း ကိုယ်တိုင် သုပ်ကျွေးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၅) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နန်းဆုရဲ့မွေးနေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တွေနဲ့ ပျော်ရွှင်စရာအကောင်းဆုံး ဖြစ်ခဲ့ရတာပါ။ နန်းဆုရတီစိုးကတော့ လက်ရှိမှာ သူမရဲ့အချစ်ရေးကို တည်မြဲဖို့ အကောင်းဆုံး ကြိုးစားနေပြီး ပရိသတ်တွေကို အနုပညာအသစ်တွေ ချပြဖို့လည်း ကြိုးစားနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို နွေးထွေးလွန်းတဲ့ ပရိသတ်တွေရဲ့အချစ်ကြောင့် ပြုံးရွှင်နေရတဲ့ နန်းဆုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။ Nyein Source;Nansu Yati Soe”s Facebook Photo; Ria Bo Vich


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *