ဘ၀မွာ ေတြးေခၚတက္ဖို႔ ဟာ သိပ္ကို အေရးႀကီးတယ္

ဘ၀မွာ ေတြးေခၚတက္ဖို႔ ဟာ သိပ္ကို အေရးႀကီးတယ္

သစ္တုံးတစ္တုံးကုိေတြ႔ျမင္ရတာခ်င္းအတူတူေပမယ့္ေတြးေခၚပုံခ်င္းက မတူၾကဘူး။ ထင္းေခြ သမားက “အိမ္အတြက္ တစ္ပတ္စာေလာက္ထင္းေတြ လုံလုံေလာက္ေလာက္ရၿပီ” လုိ႔ေတြး တယ္။ လက္သမားက “အိမ္ေဆာက္ဖုိ႔အတြက္ သစ္ေကာင္းေကာင္းေတာ့ ေတြ႔ၿပီ” လုိ႔ေတြး တယ္။ ပန္းပုဆရာက “လွပတ့ဲ နတ္သမီးပုံကုိ ထုဆစ္ႏုိင္ေတာ့မယ္” လုိ႔ေတြးတယ္။ သူတုိ႔ေတြ ဘယ္လုိပဲျမင္ျမင္ သစ္တုံးကေတာ့ ဘာမွျပန္မေျပာပါဘူး။ အသုံးျပဳသူရဲ႕ လက္ထဲကုိ အသာတ ၾကည္ လုိက္သြားမွာပါပဲ။ အထက္ပါ လူ(၃)ဦးလုိပါပဲ… မိမိတုိ႔ရဲ႕ဘဝမွာ ေတြ႕ႀကံဳရင္ဆုိင္ေနရတ့ဲ အရာမွန္သမွ်ဟာ ေကာင္းသည္လည္းမဟုတ္သလုိ ဆုိးသည္လည္း မဟုတ္ပါဘူး။ ေကာင္း လား/ ဆုိးလား ဆုိတာ မိမိရဲ႕ စိတ္ေနသေဘာထား(attitude) အေပၚသာ မူတည္ပါတယ္။

ဆုိပါေတာ့… ျပႆနာေတြ အခက္အခဲေတြ အမႈအခင္းေတြနဲ႔ ရင္ဆုိင္ေျဖရွင္းရတ့ဲအခ်ိန္မွာ “ငါ့ ဘဝက ဆုိးလုိက္တာ” ဆိုၿပီး စိတ္ဓါတ္က်ေနမလား? ဒါမွမဟုတ္ “ေလာကမွာ ငါ့ထက္ဆုိး တာ ေတြ အမ်ားႀကီးပဲ”ဆုိၿပီး ေျဖသိမ့္မလား? ဘဝမွာ ကံအေၾကာင္းမလွလုိ႔ လဲက်သြားတ့ဲအခါ “ငါ ေတာ့ ဘဝပ်က္ပါၿပီ”လုိ႔ ေတြးေနမယ့္အစား ကုိယ့္ထက္ဆုိးတ့ဲ ဘဝေတြကုိ ငဲ့ၾကည့္ၿပီး မိမိ ကုိယ္ ကုိ ႏွစ္သိမ့္ရမွာပါ။ ေပ်ာ္ရႊင္ခ်င္လည္း ကုိယ့္စိတ္ပဲမေပ်ာ္ရႊင္ခ်င္လည္း ကုိယ့္စိတ္ပဲ မဟုတ္လား။ ကုိယ္ႀကံဳေတြ႕ရတ့ဲ အေျခအေန/အေနအထားေပၚမွာ ကုိယ္ဘယ္လုိ ေတြးမိလုိက္သလဲ ဆုိတ့ဲ အခ်က္ကလူလူခ်င္း ကြာျခားသြားေစတာပဲေလ။ အဓိက ေျပာခ်င္တ့ဲအခ်က္ကေတာ့ Attitude ကုိပါ။ -လူလူခ်င္းတူရင္ေတာင္ အေတြ႕အႀကံဳရွိသူက သာတယ္။ -အေတြ႕အႀကံဳခ်င္း တူရင္ ေတာင္ အရည္အခ်င္းရွိသူက သာတယ္။ -အရည္အခ်င္းခ်င္းတူရင္ေတာင္ စိတ္ေနသေဘာ ထားေကာင္း သူက ပုိသာပါတယ္။ မိတ္ေဆြ… အေကာင္းဆုံးအေတြးေတြပဲ ေတြးပါ။

Credit ; Aung Ko Latt (ရာမညေျမ)

[unicode]

သစ်တုံးတစ်တုံးကိုတွေ့မြင်ရတာချင်းအတူတူပေမယ့်တွေးခေါ်ပုံချင်းက မတူကြဘူး။ ထင်းခွေ သမားက “အိမ်အတွက် တစ်ပတ်စာလောက်ထင်းတွေ လုံလုံလောက်လောက်ရပြီ” လို့တွေး တယ်။ လက်သမားက “အိမ်ဆောက်ဖို့အတွက် သစ်ကောင်းကောင်းတော့ တွေ့ပြီ” လို့တွေး တယ်။ ပန်းပုဆရာက “လှပတဲ့ နတ်သမီးပုံကို ထုဆစ်နိုင်တော့မယ်” လို့တွေးတယ်။ သူတို့တွေ ဘယ်လိုပဲမြင်မြင် သစ်တုံးကတော့ ဘာမှပြန်မပြောပါဘူး။ အသုံးပြုသူရဲ့ လက်ထဲကို အသာတ ကြည် လိုက်သွားမှာပါပဲ။ အထက်ပါ လူ(၃)ဦးလိုပါပဲ… မိမိတို့ရဲ့ဘဝမှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ အရာမှန်သမျှဟာ ကောင်းသည်လည်းမဟုတ်သလို ဆိုးသည်လည်း မဟုတ်ပါဘူး။ ကောင်း လား/ ဆိုးလား ဆိုတာ မိမိရဲ့ စိတ်နေသဘောထား(attitude) အပေါ်သာ မူတည်ပါတယ်။

ဆိုပါတော့… ပြဿနာတွေ အခက်အခဲတွေ အမှုအခင်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းရ တဲ့အ ချိန်မှာ “ငါ့ ဘဝက ဆိုးလိုက်တာ” ဆိုပြီး စိတ်ဓါတ်ကျနေမလား? ဒါမှမဟုတ် “လောက မှာ ငါ့ထက်ဆိုး တာ တွေ အများကြီးပဲ”ဆိုပြီး ဖြေသိမ့်မလား? ဘဝမှာ ကံအကြောင်း မလှလို့ လဲကျသွားတဲ့အခါ “ငါ တော့ ဘဝပျက်ပါပြီ”လို့ တွေးနေမယ့်အစား ကိုယ့်ထက်ဆိုးတဲ့ ဘဝတွေကို ငဲ့ကြည့်ပြီး မိမိ ကိုယ် ကို နှစ်သိမ့်ရမှာပါ။ ပျော်ရွှင်ချင်လည်း ကိုယ့်စိတ်ပဲ မပျော် ရွှင်ချင်လည်း ကိုယ့်စိတ်ပဲ မဟုတ်လား။ ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေ/အနေအ ထားပေါ်မှာ ကိုယ်ဘယ်လို တွေးမိလိုက်သလဲ ဆိုတဲ့ အချက်ကလူလူချင်း ကွာခြားသွား စေတာပဲလေ။ အဓိက ပြောချင်တဲ့အချက်ကတော့ Attitude ကိုပါ။ -လူလူချင်းတူရင်တောင် အတွေ့အကြုံရှိသူက သာတယ်။ -အတွေ့အကြုံချင်း တူရင် တောင် အရည်အချင်းရှိသူက သာတယ်။ -အရည်အချင်းချင်းတူရင်တောင် စိတ်နေသဘော ထားကောင်း သူက ပိုသာပါတယ်။ မိတ်ဆွေ… အကောင်းဆုံးအတွေးတွေပဲ တွေးပါ။


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *