မိသားစုနဲ႔ခြဲၿပီး အလုပ္လုပ္ေနခ်ိန္မွာ သူတို႔အတြက္ အေဝးကေနလုပ္ေပးႏုိင္တဲ့ အရာ (၅)မ်ိဳး

မိသားစုနဲ႔ခြဲၿပီး အလုပ္လုပ္ေနခ်ိန္မွာ သူတို႔အတြက္ အေဝးကေနလုပ္ေပးႏုိင္တဲ့ အရာ (၅)မ်ိဳး

Zawgyi Font ျဖင့္ဖတ္ရန္

free photos.com/pixabay Sponsored

ဒီေန႕ေခတ္မွာ လူငယ္ေတြဟာ ကိုယ္တတ္နိုင္သေလာက္ အလုပ္အကိုင္ေလးေတြ လုပ္ၾကတယ္၊ ပညာေရးအဆင့္ျမင့္ေအာင္ တဆင့္ျပီးတဆင့္ၾကိဳးစားတတ္ၾကပါတယ္။ မိသားစုနဲ႕ခြဲေနျပီး ဒီလိုၾကိဳးစားေနရင္းနဲ႕ ကိုယ့္အိမ္အတြက္ အေထာက္အပံ့ေတြ အမ်ားၾကီးမေပးနိုင္လို႕ စိတ္မေကာင္းျဖစ္ၾကတဲ့သူေတြလည္းရွိပါတယ္။ စိတ္မေကာင္းျဖစ္ဖို႕ မလိုပါဘူးေနာ္။မိသားစုနဲ႕ေဝးေနေပမယ့္ ကိုယ့္အတြက္လည္းၾကိဳးစားရင္းက မိသားစုအတြက္လည္း အခုေဖာ္ျပမယ့္ အရာေလးေတြကို လုပ္ေပးနိုင္ပါတယ္။

(၁) မၾကာခဏဖုန္းေျပာပါ၊ သြားလည္ပါ

pexels-photo/rawpixel.com

မိသားစုနဲ႕ေဝးေနတဲ့အခ်ိန္မွာ အေၾကာင္းအရာေထြေထြထူးထူး မရွိလည္း ဖုန္းဆက္ျပီးစကားေျပာပါ။ ဒါက သင္ဟာတစ္ေယာက္တည္း မဟုတ္ဘူးဆိုတဲ့ အသိကိုျဖစ္ေစျပီး အထီးက်န္တဲ့ ခံစားခ်က္ကိုေလ်ာ့နည္းေစပါတယ္။ တတ္နိုင္ရင္ေတာ့ ပိတ္ရက္ေလးေတြရွိရင္ အခ်ိန္ရရင္ရသလို ရက္အနည္းငယ္ပဲျဖစ္ျဖစ္ သြားလည္ပါ။ အျပန္အလွန္ေႏြးေထြးမႈကို ခံစားရပါလိမ့္မယ္။

(၂) လိုအပ္တဲ့အိမ္သံုးပစၥည္းေလးေတြဝယ္ေပးပါ

Alex Qian/pexels photos Sponsored

အိမ္အတြက္ လိုအပ္တဲ့ အသံုးအေဆာင္ပစၥည္းေလးေတြ ဝယ္ေပးပါ။ ပိုက္ဆံစုထားျပီး ကိုယ္စုထားတဲ့အထဲက အိမ္မွာျပဳျပင္ဖို႕လိုအပ္္တဲ့ေနရာေလးေတြကိုျပင္ေပးပါ။ ေခတ္မရွိေတာ့တဲ့ အသံုးအေဆာင္ေတြကို လဲလွယ္ေပးပါ။ ၾကီးၾကီးမားမား မတတ္နိုင္ရင္လည္း တတ္နိုင္သေလာက္ ပမာဏအတြင္း လုပ္ေပးနိုင္ပါတယ္။

READအလြန္အကြ်ံေတြးပူျပီး ကိုယ့္ကိုယ္ကိုဖိစီးေအာင္လုပ္ေနတာကို ရပ္တန္႔နိုင္မယ့္နည္းလမ္း(၄)ခု

(၃) ပိုက္ဆံနဲ႕လက္ေဆာင္ေလးေတြပို႕ေပးပါ

free photos/pixabay

အိမ္အသံုးစရိတ္အနည္းငယ္ကို မွ်ခံေပးပါ။ လစဥ္မီတာေၾကးေဆာင္ေပးတာမ်ိဳး၊ ေစ်းအသံုးအတြက္ျဖည့္ေပးတာမ်ိဳးအျပင္ အက်ႌအဝတ္အစား၊ ဖိနပ္၊ စားစရာစတဲ့အေသးအမႊားေလးေတြဝယ္ျပီး ပို႕ေပးတာမ်ိဳး၊ အေဖ၊အေမေမြးေန႕အတြက္လက္ေဆာင္ပို႕ေပးတာမ်ိဳးေလးေတြလုပ္ေပးလို႕ရပါတယ္။

(၄) သူတို႕ေၾကာင့္နာက်င္ခံစားခဲ့ရတာေတြကိုခြင့္လႊတ္ေပးပါ

shutterstock By Dean Drobot

ဒါက အေကာင္းဆံုးအခ်က္ပါ။ မိသားစုဆိုတာ အေကာင္းဆံုးေတြပဲေပးခဲ့တာလည္းရွိမယ္၊ ေပ်ာ္ရႊင္ခဲ့ရတာလည္းရွိသလို စိတ္ထိခိုက္ဝမ္းနည္းခဲ့ရတာေတြလည္းရွိမယ္၊ ဘာပဲျဖစ္ျဖစ္ မိသားစုနဲ႕ပတ္သက္လို႕ ဘယ္အခ်ိန္မွာ ဘယ္လိုနာက်င္ခဲ့ရတာ၊ ဝမ္းနည္းခဲ့ရတယ္ဆိုတာေတြကို မမွတ္ထားပါနဲ႕ေတာ့၊ ခြင့္လႊတ္လိုက္ပါေတာ့၊ ေမ့ပစ္လိုက္ပါေတာ့၊ ဒါက မိသားစုနဲ႕ေဝးေနခ်ိန္မွာ ကိုယ္လုပ္ေပးနိင္တဲ့အေကာင္းဆံုးအရာတစ္ခုျဖစ္ပါတယ္။

(၅) ခရီးအတူတူထြက္ေပးပါ

mahamed hassan/pixabay

တစ္နွစ္တစ္ေခါက္ပဲျဖစ္ျဖစ္၊ နွစ္နွစ္တစ္ေခါက္ပဲျဖစ္ျဖစ္ မိသားစုနဲ႕ ခရီးထြက္ေပးပါ။ အလုပ္အတြက္ အခ်ိန္ေပးထားရတဲ့ကိုယ္က ပင္ပန္းသလို၊ အိမ္မွာေနေနရတဲ့သူတို႕လည္း ျငီးေငြ႕မႈေတြနဲ႕ ဖိစီးေနနိုင္ပါတယ္။ ဒါေၾကာင့္ မိသားစုအတူဆံုျပီးခရီးသြားၾကတာမ်ိဳးေလး တစ္နွစ္တစ္ခါေလာက္ လုပ္ေပးပါ။

MAY THAZINHTOO

sponsored

Unicode Font ဖြင့်ဖတ်ရန်

free photos.com/pixabay Sponsored

ဒီနေ့ခေတ်မှာ လူငယ်တွေဟာ ကိုယ်တတ်နိုင်သလောက် အလုပ်အကိုင်လေးတွေ လုပ်ကြတယ်၊ ပညာရေးအဆင့်မြင့်အောင် တဆင့်ပြီးတဆင့်ကြိုးစားတတ်ကြပါတယ်။ မိသားစုနဲ့ခွဲနေပြီး ဒီလိုကြိုးစားနေရင်းနဲ့ ကိုယ့်အိမ်အတွက် အထောက်အပံ့တွေ အများကြီးမပေးနိုင်လို့ စိတ်မကောင်းဖြစ်ကြတဲ့သူတွေလည်းရှိပါတယ်။ စိတ်မကောင်းဖြစ်ဖို့ မလိုပါဘူးနော်။မိသားစုနဲ့ဝေးနေပေမယ့် ကိုယ့်အတွက်လည်းကြိုးစားရင်းက မိသားစုအတွက်လည်း အခုဖော်ပြမယ့် အရာလေးတွေကို လုပ်ပေးနိုင်ပါတယ်။

(၁) မကြာခဏဖုန်းပြောပါ၊ သွားလည်ပါ

pexels-photo/rawpixel.com

မိသားစုနဲ့ဝေးနေတဲ့အချိန်မှာ အကြောင်းအရာထွေထွေထူးထူး မရှိလည်း ဖုန်းဆက်ပြီးစကားပြောပါ။ ဒါက သင်ဟာတစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အသိကိုဖြစ်စေပြီး အထီးကျန်တဲ့ ခံစားချက်ကိုလျော့နည်းစေပါတယ်။ တတ်နိုင်ရင်တော့ ပိတ်ရက်လေးတွေရှိရင် အချိန်ရရင်ရသလို ရက်အနည်းငယ်ပဲဖြစ်ဖြစ် သွားလည်ပါ။ အပြန်အလှန်နွေးထွေးမှုကို ခံစားရပါလိမ့်မယ်။

(၂) လိုအပ်တဲ့အိမ်သုံးပစ္စည်းလေးတွေဝယ်ပေးပါ

Alex Qian/pexels photos Sponsored

အိမ်အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ ဝယ်ပေးပါ။ ပိုက်ဆံစုထားပြီး ကိုယ်စုထားတဲ့အထဲက အိမ်မှာပြုပြင်ဖို့လိုအပ်တဲ့နေရာလေးတွေကိုပြင်ပေးပါ။ ခေတ်မရှိတော့တဲ့ အသုံးအဆောင်တွေကို လဲလှယ်ပေးပါ။ ကြီးကြီးမားမား မတတ်နိုင်ရင်လည်း တတ်နိုင်သလောက် ပမာဏအတွင်း လုပ်ပေးနိုင်ပါတယ်။

READအလွန်အကျွံတွေးပူပြီး ကိုယ့်ကိုယ်ကိုဖိစီးအောင်လုပ်နေတာကို ရပ်တန့်နိုင်မယ့်နည်းလမ်း(၄)ခု

(၃) ပိုက်ဆံနဲ့လက်ဆောင်လေးတွေပို့ပေးပါ

free photos/pixabay

အိမ်အသုံးစရိတ်အနည်းငယ်ကို မျှခံပေးပါ။ လစဉ်မီတာကြေးဆောင်ပေးတာမျိုး၊ ဈေးအသုံးအတွက်ဖြည့်ပေးတာမျိုးအပြင် အင်္ကျီအဝတ်အစား၊ ဖိနပ်၊ စားစရာစတဲ့အသေးအမွှားလေးတွေဝယ်ပြီး ပို့ပေးတာမျိုး၊ အဖေ၊အမေမွေးနေ့အတွက်လက်ဆောင်ပို့ပေးတာမျိုးလေးတွေလုပ်ပေးလို့ရပါတယ်။

(၄) သူတို့ကြောင့်နာကျင်ခံစားခဲ့ရတာတွေကိုခွင့်လွှတ်ပေးပါ

shutterstock By Dean Drobot

ဒါက အကောင်းဆုံးအချက်ပါ။ မိသားစုဆိုတာ အကောင်းဆုံးတွေပဲပေးခဲ့တာလည်းရှိမယ်၊ ပျော်ရွှင်ခဲ့ရတာလည်းရှိသလို စိတ်ထိခိုက်ဝမ်းနည်းခဲ့ရတာတွေလည်းရှိမယ်၊ ဘာပဲဖြစ်ဖြစ် မိသားစုနဲ့ပတ်သက်လို့ ဘယ်အချိန်မှာ ဘယ်လိုနာကျင်ခဲ့ရတာ၊ ဝမ်းနည်းခဲ့ရတယ်ဆိုတာတွေကို မမှတ်ထားပါနဲ့တော့၊ ခွင့်လွှတ်လိုက်ပါတော့၊ မေ့ပစ်လိုက်ပါတော့၊ ဒါက မိသားစုနဲ့ဝေးနေချိန်မှာ ကိုယ်လုပ်ပေးနိင်တဲ့အကောင်းဆုံးအရာတစ်ခုဖြစ်ပါတယ်။

(၅) ခရီးအတူတူထွက်ပေးပါ

mahamed hassan/pixabay

တစ်နှစ်တစ်ခေါက်ပဲဖြစ်ဖြစ်၊ နှစ်နှစ်တစ်ခေါက်ပဲဖြစ်ဖြစ် မိသားစုနဲ့ ခရီးထွက်ပေးပါ။ အလုပ်အတွက် အချိန်ပေးထားရတဲ့ကိုယ်က ပင်ပန်းသလို၊ အိမ်မှာနေနေရတဲ့သူတို့လည်း ငြီးငွေ့မှုတွေနဲ့ ဖိစီးနေနိုင်ပါတယ်။ ဒါကြောင့် မိသားစုအတူဆုံပြီးခရီးသွားကြတာမျိုးလေး တစ်နှစ်တစ်ခါလောက် လုပ်ပေးပါ။

MAY THAZINHTOO

sponsored


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *