လမ္းမျပင္ေပးလို႔ဆုိၿပီး ၿမိဳ႕ေတာ္၀န္ကို ထရပ္ကားနဲ႔လမ္းတရြတ္တိုက္ဆြဲခဲ့တဲ့ ရြာသားမ်ား

လမ္းမျပင္ေပးလို႔ဆုိၿပီး ၿမိဳ႕ေတာ္၀န္ကို ထရပ္ကားနဲ႔လမ္းတရြတ္တိုက္ဆြဲခဲ့တဲ့ ရြာသားမ်ား

Zawgyi Font ျဖင့္ဖတ္ရန္

TwitterEl/Heraldo de Mexico

မကၠစီကိုၿမိဳ႕ေတာ္၀န္တစ္ဦးဟာ ၄င္းစည္းရံုးေရးကမ္ပိန္းဆင္းခဲ့စဥ္က ေပးခဲ့တဲ့ကတိေတြကို မတည္တဲ့အတြက္ ရြာသားေတြဟာ ၿမိဳ႕ေတာ္၀န္ကို လမ္းတစ္ေလွ်ာက္ ကားနဲ႔တရြတ္တိုက္ဆြဲခဲ့ေၾကာင္း dailymail သတင္းအရ သိရပါတယ္။ ၄င္းၿမိဳ႕ေတာ္၀န္ဟာ Chiapas ျပည္နယ္ Las Margaritas ၿမိဳ႕မွ Jorge Luis Escandon Hernandez ဆိုသူပါ။

ၿမိဳ႕ေတာ္၀န္ကိုေတာ့ ေဒါသထြက္ေနတဲ့လူအုပ္ၾကီးကေန ၄င္းရဲ႕ ရံုးခန္းထဲထိ လာၿပီး အတင္း ေခၚေဆာင္သြားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက ျဖစ္ပ်က္ခဲ့တာပါ။ El Heraldo de Mexico သတင္းအရ လူအုပ္ၾကီးက ၿမိဳ႕ေတာ္၀န္ဟာ လူထုအေပၚမွာ ေပးခဲ့တဲ့ကတိေတြကို ပ်က္ကြက္တယ္ဆိုကာ ရံုးခန္းထဲမွာရွိေနတဲ့ ၿမိဳ႕ေတာ္၀န္ကုိ အင္အားသံုး ေခၚေဆာင္သြားခဲ့ၾကပါတယ္။

twitter/Tina Fresca Chapas

ၿပီးတဲ့အခါ ၿမိဳ႕ေတာ္၀န္ကို ပစ္ကပ္ထရပ္ကားေနာက္မွာ ၾကိဳးနဲ႔ခ်ည္ၿပီး လမ္းတစ္ေလွ်ာက္ ဆြဲသြားခဲ့ပါတယ္။ ထိတ္လန္႔ဖြယ္ေကာင္းတဲ့ ၄င္းျဖစ္ရပ္ကိုေတာ့ (၁၇) စကၠန္႔ၾကာ ဗီဒီယိုအတိုေလးထဲမွာ ေတြ႔လိုက္ရတာ ျဖစ္ပါတယ္။ အခင္းျဖစ္ရာေနရာမွာေတာ့ ၿမိဳ႕ေတာ္၀န္ကို ျပန္ေပးဆြဲတဲ့သူေတြနဲ႔ ျပန္လည္ခုခံကာကြယ္ေနတဲ့သူေတြဟာ အခ်င္းခ်င္း တုတ္ေတြနဲ႔ရိုက္ႏွက္ၿပီး ျဖစ္ခ်င္တိုင္းျဖစ္ေနတာကိုလည္း မင္းမဲ့စရိုက္ဆန္စြာ ေတြ႔ျမင္ရပါေသးတယ္။

READေျမခ်တာမၾကာေသးတဲ့ သားရဲ႕အုတ္ဂူေပၚကို ေျမစာလာပုံလုိ႔ စိတ္ဆုိးေနတဲ့မိခင္

၄င္းၿမိဳ႕ေတာ္၀န္ကို လူေတြက ကားေနာက္မွာ ၾကိဳးခ်ည္ၿပီး ၿမိဳ႕ထဲလွည့္လည္ေမာင္းႏွင္ခဲ့ပါတယ္။ ရဲသားအေယာက္ (၄၀) ဟာ ဒီအၾကမ္းဖက္မႈျဖစ္စဥ္ကို တားဆီးခဲ့ၾကရၿပီး လူအေယာက္(၂၀) ဒဏ္ရာရကာ အနည္းဆံုးအေယာက္ (၃၀) ကို စခန္းမွာ ဖမ္းဆီးထားခဲ့ပါတယ္။ ၿမိဳ႕ေတာ္၀န္ကေတာ့ ပြန္းပဲ့ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့ေၾကာင္းလည္း သိရပါတယ္။

Twitter/El Heraldo de Mexico

ဒီျဖစ္ရပ္အၿပီးမွာ ၿမိဳ႕ေတာ္၀န္ဟာ(၈) နာရီၾကာ မိန္႔ခြန္းေျပာခဲ့ပါေသးတယ္။ မိန္႔ခြန္းထဲမွာေတာ့ ၿမိဳ႕ေတာ္၀န္က သူဟာ ၿခိ္မ္းေျခာက္လည္း ေၾကာက္မွမဟုတ္ပဲ သူ႔ကို အဓမၼေခၚေဆာင္မႈ၊ လူသတ္ရန္ၾကံစည္မႈတို႔နဲ႔ တရားစြဲမယ္လို႔လည္း ဆိုပါေသးတယ္။ ၄င္းေဒသခံေတြအေနနဲ႔ ၿမိဳ႕ေတာ္၀န္ကို တိုက္ခိုက္တဲ့အေၾကာင္္းရင္းဟာ ၿမိဳ႕ေတာ္၀န္မျဖစ္ခင္တုန္းက ေပးထားတဲ့ ၄င္းရဲ႕ကတိေတြကို မတည္လို႔ျဖစ္ၿပီး ေဒသတြင္းလမ္းေတြကို ျပင္မယ္လို႔ေျပာၿပီး မျပင္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔လည္း သိရပါတယ္။

လင္းလင္း (ShweMom)

Unicode Font ဖြင့်ဖတ်ရန်

TwitterEl/Heraldo de Mexico

မက္ကစီကိုမြို့တော်ဝန်တစ်ဦးဟာ ၎င်းစည်းရုံးရေးကမ်ပိန်းဆင်းခဲ့စဉ်က ပေးခဲ့တဲ့ကတိတွေကို မတည်တဲ့အတွက် ရွာသားတွေဟာ မြို့တော်ဝန်ကို လမ်းတစ်လျှောက် ကားနဲ့တရွတ်တိုက်ဆွဲခဲ့ကြောင်း dailymail သတင်းအရ သိရပါတယ်။ ၎င်းမြို့တော်ဝန်ဟာ Chiapas ပြည်နယ် Las Margaritas မြို့မှ Jorge Luis Escandon Hernandez ဆိုသူပါ။

မြို့တော်ဝန်ကိုတော့ ဒေါသထွက်နေတဲ့လူအုပ်ကြီးကနေ ၎င်းရဲ့ ရုံးခန်းထဲထိ လာပြီး အတင်း ခေါ်ဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဖြစ်ပျက်ခဲ့တာပါ။ El Heraldo de Mexico သတင်းအရ လူအုပ်ကြီးက မြို့တော်ဝန်ဟာ လူထုအပေါ်မှာ ပေးခဲ့တဲ့ကတိတွေကို ပျက်ကွက်တယ်ဆိုကာ ရုံးခန်းထဲမှာရှိနေတဲ့ မြို့တော်ဝန်ကို အင်အားသုံး ခေါ်ဆောင်သွားခဲ့ကြပါတယ်။

twitter/Tina Fresca Chapas

ပြီးတဲ့အခါ မြို့တော်ဝန်ကို ပစ်ကပ်ထရပ်ကားနောက်မှာ ကြိုးနဲ့ချည်ပြီး လမ်းတစ်လျှောက် ဆွဲသွားခဲ့ပါတယ်။ ထိတ်လန့်ဖွယ်ကောင်းတဲ့ ၎င်းဖြစ်ရပ်ကိုတော့ (၁၇) စက္ကန့်ကြာ ဗီဒီယိုအတိုလေးထဲမှာ တွေ့လိုက်ရတာ ဖြစ်ပါတယ်။ အခင်းဖြစ်ရာနေရာမှာတော့ မြို့တော်ဝန်ကို ပြန်ပေးဆွဲတဲ့သူတွေနဲ့ ပြန်လည်ခုခံကာကွယ်နေတဲ့သူတွေဟာ အချင်းချင်း တုတ်တွေနဲ့ရိုက်နှက်ပြီး ဖြစ်ချင်တိုင်းဖြစ်နေတာကိုလည်း မင်းမဲ့စရိုက်ဆန်စွာ တွေ့မြင်ရပါသေးတယ်။

READမြေချတာမကြာသေးတဲ့ သားရဲ့အုတ်ဂူပေါ်ကို မြေစာလာပုံလို့ စိတ်ဆိုးနေတဲ့မိခင်

၎င်းမြို့တော်ဝန်ကို လူတွေက ကားနောက်မှာ ကြိုးချည်ပြီး မြို့ထဲလှည့်လည်မောင်းနှင်ခဲ့ပါတယ်။ ရဲသားအယောက် (၄၀) ဟာ ဒီအကြမ်းဖက်မှုဖြစ်စဉ်ကို တားဆီးခဲ့ကြရပြီး လူအယောက်(၂၀) ဒဏ်ရာရကာ အနည်းဆုံးအယောက် (၃၀) ကို စခန်းမှာ ဖမ်းဆီးထားခဲ့ပါတယ်။ မြို့တော်ဝန်ကတော့ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။

Twitter/El Heraldo de Mexico

ဒီဖြစ်ရပ်အပြီးမှာ မြို့တော်ဝန်ဟာ(၈) နာရီကြာ မိန့်ခွန်းပြောခဲ့ပါသေးတယ်။ မိန့်ခွန်းထဲမှာတော့ မြို့တော်ဝန်က သူဟာ ခြိမ်းခြောက်လည်း ကြောက်မှမဟုတ်ပဲ သူ့ကို အဓမ္မခေါ်ဆောင်မှု၊ လူသတ်ရန်ကြံစည်မှုတို့နဲ့ တရားစွဲမယ်လို့လည်း ဆိုပါသေးတယ်။ ၎င်းဒေသခံတွေအနေနဲ့ မြို့တော်ဝန်ကို တိုက်ခိုက်တဲ့အကြောင်းရင်းဟာ မြို့တော်ဝန်မဖြစ်ခင်တုန်းက ပေးထားတဲ့ ၎င်းရဲ့ကတိတွေကို မတည်လို့ဖြစ်ပြီး ဒေသတွင်းလမ်းတွေကို ပြင်မယ်လို့ပြောပြီး မပြင်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *