လဲနေရာကေန အံ့အားသင့်ဖြယ်ျပန္ထပြီး နိုင်ငျံခားသားကို အနိုင္ထိုးကျာမန္မာ့သြေျးပခဲ့တဲ့ သျေပညို

လဲနေရာကေန အံ့အားသင့်ဖြယ်ျပန္ထပြီး နိုင်ငျံခားသားကို အနိုင္ထိုးကျာမန္မာ့သြေျးပခဲ့တဲ့ သျေပညို

Zawgyi Font ဖြင့်ဖတ်ရန်

x






Facebook Comments


Unicode Font ဖြင့်ဖတ်ရန်

x

လဲနေရာကနေ အံ့အားသင့်ဖွယ် ပြန်ထပြီး နိုင်ငံခြားသားကို အနိုင်ထိုးကာ မြန်မာ့သွေးပြခဲ့တဲ့ သပြေညို

နိုင်ငံတကာမှာ မြန်မာ့ရိုးရာလက်ဝှေ့ဆိုတာ အကြမ်းတမ်းဆုံး အခက်ခဲဆုံး လို့ ဆိုရမယ့် တိုက်ခိုက်ရေးအားကစားနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ WLC ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲတစ်ခုမှာ ဥဇဘက်ကစ္စတန်သား မိမိထက် ခေါင်းတစ်လုံးပိုသာတဲ့ ပြိုင်ဘက်ကို မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားက အနာခံပြီး ပုဝါမကူ ရေမရှူဘဲ လဲကျနေရာကနေထပြီး အနိုင်ထိုးသွားတဲ့ ဖြစ်စဉ်က လက်ဝှေ့ဝါသနာရှင်တွေသာမက မြန်မာပြည်သူတွေအကြားမှာပါ ရေပန်းစားနေခဲ့တာပါ။

ပြိုင်ဘက်နိုင်ငံခြားသားအပါအဝင် ပွဲရုံထဲမှာရှိတဲ့ ပရိသတ်တွေကပါ သပြေညိုရှုံးပြီ ပြန်မထနိုင်တော့ဘူးလို့ ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ နောက်ဆုံးမှာတော့ မယုံကြည်နိုင်လောက်အောင် သပြေညိုက ဥဇဘက်ကစ္စတန်သားကို အနိုင်ထိုးပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ကရင်တိုင်းရင်းသား သပြေညိုဟာ ရိုးရာလက်ဝှေ့ပွဲတွေမှာ ၄၅ ပွဲနိုင် ၁၅ ပွဲသရေ၊ ၄ ပွဲသာ ရှုံးထားတာဖြစ်ပြီး အောင်လအန်ဆန်တို့ပြိုင်နေတဲ့ MMA ပြိုင်ပွဲတွေမှာလည်း ၄ ပွဲထိ ဝင်ရောက်ထိုးသတ်ဖူးပြီး ရှုံးပွဲမရှိသေးတဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမား တစ်ယောက်ဖြစ်ပါတယ်။

Facebook Comments

#wpdevar_comment_1 span,#wpdevar_comment_1 iframe{width:100% !important;} Share Tweet Share Pin 0 Shares


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *