သင့်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြောပြပေးနေတဲ့ လက်ကောက်ဝတ် လမ်းကြောင်းများ ကို နှိုင်းယှဉ်ကြည့်လိုက်ပါ…

သင့်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြောပြပေးနေတဲ့ လက်ကောက်ဝတ် လမ်းကြောင်းများ ကို နှိုင်းယှဉ်ကြည့်လိုက်ပါ…

ကောင်းကင်မှာ တိမ်တွေမဲလာပြီဆိုရင် ဒါဟာ မိုးရွာတော့မယ်လို့ နမိတ်ပြသလိုမျိုး၊လူတွေမှာလည်း လူရဲ့ကိုယ်ပေါ်ရှိ လက္ခဏာရပ်တွေက ဘာတွေဖြစ်လာမလဲ ကြိုတင်နမိတ်ပြတာမျိုးရှိပါတယ်တဲ့။ဒါက အနောက်နိုင်ငံတွေမှာ လေ့လာဖော်ပြထားကြတဲ့ လက္ခဏာရပ်နဲ့ပတ်သက်လို့ ဖော်ပြချက်တစ်မျိုးဖြစ်ပြီးအတိအကျဖြစ်လိမ့်မယ်လို့မဆိုလိုထားပေမယ့် စိတ်ဝင်စားစရာကောင်းနေတာမို့လက္ခဏာပညာရပ်ကို စိတ်ဝင်စားသူများအတွက် ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့လက်ကို ရှေ့တည့်တည့်မှာ ထောင်ကြည့်လိုက်ပါ။ သင့်ရဲ့လက်ကောက်ဝတ်ပေါ်မှာ လမ်းကြောင်းလေးတွေ တွေ့ရပါလိမ့်မယ်။တချို့လမ်းကြောင်းလေးတွေ ဆို လက်ကောက်ဝတ်ထားသလို လက်ကို ပတ်ထားတာတွေ့ရပါမယ်။ဒါတွေဟာ သင့်ရဲ့လက်ကောက်ဝတ်လမ်းကြောင်းတွေပဲဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းတစ်ကြောင်းဟာလူ့သက်တမ်း အနှစ် ၃၀ ကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။ လူအများစုမှာ ၂ ကြောင်းနဲ့ ၃ ကြောင်းကြားရှိကြပြီး

တချို့ဆို ၄ ကြောင်းအထိ ရှိကြပါတယ်။ ဒီလို လက်ကောက်ဝတ်လမ်းကြောင်း၎ ကြောင်းအထိရှိတဲ့လက္ခဏာရပ်မျိုးဟာလူ့သက်တမ်း ၉၀ ကျော်အထိ ရှင်သန်ရမယ့် လက္ခဏာရပ်လို့ဆိုပါတယ်။လက်ကောက်ဝတ်ရဲ့ပထမလမ်းကြောင်း-ကျန်းမာရေးလမ်းကြောင်း

ဒီလက်ကောက်ဝတ်ရဲ့ပထမလမ်းကြောင်းကို အရေးကြီးဆုံးလမ်းကြောင်းအဖြစ် စဉ်းစားကြပါတယ်။သူက ဘဝအတွက်အရေးကြီးဆုံးအရာကို အထောက်အကူပြုနေလို့ပါ။ လမ်းကြောင်းလေးဟာ ထင်းနက်နေပြီး ဖြောင့်တန်းနေတယ်၊ဘာအပြတ်အတောက်မှ မရှိဘူးဆိုရင် ဘဝမှာ ကျန်းကျန်းမာမာနဲ့ သက်တမ်းရှည်ရှည်နေသွားတတ်ရပါတယ်။လမ်းကြောင်းလေးဟာ မှိန်နေပြီး ပြတ်တောက်နေတာမျိုးဖြစ်နေရင် ဘဝမှာ အပြောင်းအလဲတွေ ကြုံရတတ်ပါတယ်။လမ်းကြောင်းလေးဟာ ၂ ပိုင်း ၃ ပိုင်း ပြတ်နေတာမျိုး၊ အတွန့်တွန့်အလိမ်လိမ်နဲ့ သံဆူးကြိုးလိုမျိုးဖြစ်နေခဲ့ရင် ဒါဟာ အနာဂတ်မှာ သားသမီးရတနာ ရှားပါးတတ်ပါတယ်။

ဒုတိယလမ်းကြောင်း-အောင်မြင်မှုလမ်းကြောင်း

ပထမလမ်းကြောင်းလိုပဲ ဒုတိယလမ်းကြောင်းဟာ ထင်းနက်ပြီး ဖြောင့်တန်းနေရင် ဘဝမှာ ချမ်းသာကြွယ်ဝခြင်း၊အောင်မြင်ခြင်းကို ခံစားရတတ်ပါတယ်။ လမ်းကြောင်းဟာ ပိုပြီးထင်းနက်လေ စီးပွားရေးလောကမှာ ပိုလို့ အောင်မြင်လေဖြစ်တယ်လို့ဆိုပါတယ်။ပထမလမ်းကြောင်းက မှိန်နေပြီး အပြတ်အတောက်တွေနဲ့ရှိနေပေမယ့် ဒုတိယလမ်းကြောင်းက ထင်းနက်နေရင်အဲဒီလူဟာ လူငယ်ဘဝမှာ အခက်အခဲများစွာကို ကျော်လွှားခဲ့ရပြီး နောက်ပိုင်းမှာ ဘဝအောင်မြင်မှုရသူလို့ဆိုပါတယ်။တကယ်လို့ ဒုတိယယလမ်းကြောင်းဟာ မှေးမှိန်နေခဲ့တယ်ဆိုရင် ဘဝအ ခြေမကျခင် အခိုက်အတန့်တုန်းမှာ ငွေကြေးအခက်အခဲကိုရင်ဆိုင်ရတတ်တယ်လို့ဖြော်ပထားပါတယ်။

တတိယလမ်းကြောင်း- လူတွေအပေါ် လွှမ်းမိုးနိုင်မှု

လူတိုင်းရဲ့လက်မှာ တတိယလမ်းကြောင်းကို မတွေ့ရတတ်ကြပါဘူး။ ဒါပေမယ့် သင့်ရဲ့လက်မှာ တတိယလမ်းကြောင်းကိုတွေ့ရတယ်ဆိုရင်သင်ဟာ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး လူမှုဆက်ဆံရေးမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါမယ်။တကယ်လို့ လမ်းကြောင်းဟာ ထင်းနက်ပြီး ဖြောင့်တန်းနေတယ်ဆိုရင် အသက်ရှည်ခြင်း လက္ခဏာရပ်ဖြစ်ပြီးသင်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ အရေးပါအရာရောက်သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့စွမ်းဆောင်ရည်အပေါ်မှာ လူတွေဟာ ကောင်းမွန်စွာ အမှီသဟဲပြုနိုင်ကြပါမယ်။

စတုတ္တလမ်းကြောင်း- ခွန်အားကြီးမားခြင်း

သင့်ရဲ့လက်ကောက်ဝတ်ပေါ်မှာ လမ်းကြောင်း ၄ ကြောင်းအထိပါတယ်ဆိုရင် သင်ဟာ အရမ်းကံ ကောင်းသူတစ်ယောက်ဖြစ်ပြီးအသက်ရာကျော် ရှည်တတ်ပါတယ်။ ဒီလမ်းကြောင်းဟာ ကြုံတောင့်ကြုံခဲ ရှားပါးလွန်းလှပြီး လူတိုင်းမှာပါဖို့ ခဲယဉ်းပါတယ်။ဒီလမ်းကြောင်းဟာ တတိယလမ်းကြောင်းကိုလည်း အထောက်အကူပြုပြီး တကယ်လို့လမ်းကြောင်းဟာ ထင်းနက်နေရင်လူမှုဝန်းကျင်မှာ ထင်ရှားသူတစ်ယောက်ဖြစ်ပြီး သက်ရာကျော်ထိ သား၊မြေး၊မြစ်တွေနဲ့ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း နေထိုင်တတ်ရတယ်လို့ ဖော်ပြထားပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်…။

Leave a Reply

Your email address will not be published. Required fields are marked *