သင့်ကို အမြန်ဆုံးအသက်တိုစေမယ့် စိတ်ခံစားမှုများ
သင့်ကို အမြန်ဆုံးအသက်တိုစေမယ့် စိတ်ခံစားမှုများ
Zawgyi Font ဖြင့်ဖတ်ရန်
(၃)။ ၀မ်းနည်းနေတဲ့အခါ
(၅)။ ရုတ်တရက်ဒေါသထွက်တာ
Linn
Source : mayoclinic
Unicode Font ဖြင့်ဖတ်ရန်
Master1305/Shutterstock
စိတ်ခံစားမှုတွေကြောင့် အသက်တိုနိုင်တယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်တော့ပါဘူး။ သင့်ရဲ့စိတ်ခံစားမှုက တစ်ချိန်လုံးဒေါသတွေပဲထွက်နေမယ်၊ သောကတွေပဲရောက်နေမယ်ဆိုရင် သင့်ရဲ့သက်တမ်းက လိုတာထက် ပိုပြီးတိုမှာ သေချာနေသလောက်ပါပဲ။ ဒီတော့ ဘယ်လိုစိတ်ခံစားမှုတွေက သင့်ကို အသက်တိုစေသလဲ။ တစ်ချက်ကြည့်လိုက်ရအောင်..။။
(၁)။ သင်စိတ်ရှုပ်ထွေးနေတဲ့အခါ
သင် စိတ်ရှုပ်နေတဲ့အခါ သေချာတာကတော့ ခေါင်းကိုက်မှာပါပဲ။ အသက်ရှူတဲ့ပုံစံက ပုံမှန်နဲ့ကွဲပြားလာမယ်၊ သင့်ရဲ့စိတ်ထဲမှာ မွန်းကြပ်လာမယ်၊ အဲဒီနောက် ခေါင်းကိုက်လာပါလိမ့်မယ်။
Dean Drobot/Shutterstock(၂)။ စိုးရိမ်နေတဲ့အခါ
သင်တစ်ခုခုကို အသည်းအသန် စိုးရိမ်နေတဲ့အခါ အစာအိမ်နာကျင်တာမျိုး ဖြစ်လာပါလိမ့်မယ်။ စိုးရိမ်ပူပန်မှုတွေများလာပြီဆိုရင် လူက အစာစားဖို့ကိုလည်းသတိမရ၊ စားလည်းမစားချင်တဲ့ အခြေအနေတွေဖြစ်လာပြီး အစာအိမ်နာကျင်တဲ့ ပြဿနာကို ခံစားရမှာပါ။
(၃)။ ဝမ်းနည်းနေတဲ့အခါ
သင့်စိတ်ထဲမှာ ဝမ်းနည်းစရာတွေများနေတဲ့အခါမျိုးမှာတော့ သင်အလိုလိုနေရင်း မောနေလိမ့်မယ်၊ အဲဒီနောက် လည်ချောင်းနာတာမျိုး၊ မထင်မှတ်ပဲ ကိုယ်ခံအားကျလာပြီး နေမကောင်းဖြစ်တာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။
READကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်နည်းLuis Molinero/Shutterstock(၄)။ ပင်ပန်းလိုက်တာလို့ ခံစားရတဲ့အခါ
အရမ်းကို ပင်ပန်းနေတယ်လို့ ခံစားရတဲ့အခါ သင့်ရဲ့ကြွက်သားတွေက အလိုလိုနေရင်း နာကျင်လာလိမ့်မယ်။ သင့်မှာ အဲဒီအတွေးဝင်လာတာနဲ့ တပြိုင်နက်တည်း တင်းထားတဲ့ ကြွက်သားတွေကို ဖြေလျော့လိုက်မှာမို့ပါ။ အဲဒီ ကြွက်သားနာကျင်မှုတွေကနေ နေမကောင်းတာမျိုးလည်းဖြစ်နိုင်တယ်။
(၅)။ ရုတ်တရက်ဒေါသထွက်တာ
ရုတ်တရက်ကြီး ဒေါသတွေအရမ်းထွက်လာတတ်တာကလည်း နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ နှလုံးရောဂါရှိတဲ့သူတွေက ပိုဆိုးတာပေါ့။ မမျှော်လင့်ပဲ ဒေါသထွက်စရာနဲ့ကြုံတဲ့အခါ နှလုံးရောဂါရစေနိုင်သလို ၊ မကျေနပ်တာတွေ သိမ်းထားတာများပြီး ပေါက်ကွဲထွက်လာတဲ့အချိန်တွေကျရင်လည်း နှလုံးကို ထိခိုက်နိုင်တယ်ဆိုတာ သေချာသလောက်ပါပဲ။
lenetstan/Shutterstock
Linn
Source : mayoclinic
Uncategorized
Leave a Reply
Your email address will not be published. Required fields are marked *