သင့္ခႏၶာကိုယ္မွာ ဒီအခ်က္ေတြျဖစ္ေနၿပီဆိုရင္ ဆရာဝန္ခ်က္ခ်င္းျပဖို႕လိုေနၿပီေနာ္

သင့္ခႏၶာကိုယ္မွာ ဒီအခ်က္ေတြျဖစ္ေနၿပီဆိုရင္ ဆရာဝန္ခ်က္ခ်င္းျပဖို႕လိုေနၿပီေနာ္

ခႏၶာကိုယ္အတြင္းပိုင္းမွာ ပံုမွန္မဟုတ္တဲ့ေျပာင္းလဲမႈတစ္ခုခုရွိေနရင္ ခႏၶာကိုယ္ျပင္ပမွာလည္း အေျပာင္းအလဲေလးေတြ သိသိသာသာေရာ၊ မသိမသာေရာ ျဖစ္လာပါတယ္။တခ်ိဳ႕အခ်က္ေလးေတြက သိပ္ျပီးစိုးရိမ္စရာမဟုတ္ေပမယ့္ တခ်ိဳ႕က်ေတာ့လည္း ေရာဂါၾကီးေတြျဖစ္ဖို႕ အစပ်ိဳးေနတဲ့လကၡဏာေတြျဖစ္ေနတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ခႏၶာကိုယ္ျပင္ပမွာ သာမန္မဟုတ္တဲ့ အေျပာင္းအလဲတစ္ခုခုျဖစ္လာျပီဆိုရင္ ခႏၶာကိုယ္အတြင္းထဲမွာ တစ္ခုခုခ်ိဳ႕ယြင္းေနျပီဆိုတာ သိရမွာပါ။ဒါေၾကာင္ သင့္ခႏၶာကိုယ္ျပင္ပမွာ ဒီလိုအခ်က္ေတြျဖစ္လာရင္ မေပါ့ဆၾကဖို႕ သတိေပးခ်င္ပါတယ္ေနာ္…။ေျခဖဝါးေတြနီရဲေနတာ – ေျခဖဝါးေတြသာမန္ထက္နီရဲေနတာက ေသြးတြင္းသၾကားဓာတ္အလြန္အကြ်ံမ်ားေနျခင္းေၾကာင့္ျဖစ္နိုင္ျပီး ဆီးခ်ိဳေရာဂါလကၡဏာျပတာ ျဖစ္နုိင္လို႕ ေဆးစစ္ၾကည့္ဖို႕လိုအပ္ပါတယ္ …။တစ္ေယာက္ေယာက္က ဖက္ထားသလို တင္းၾကပ္တဲ့ခံစားမႈမ်ိဳး ျဖစ္ေနတာ – ကိုယ့္ကိုတစ္ေယာက္ေယာက္ကဖက္ထားသလိုမ်ိဳး တင္းၾကပ္တဲ့ခံစားမႈမ်ိဳးျဖစ္ေနျပီး အသက္ရွဴရခက္ေနတာဟာ multiple sclerosis လို႕ေခၚတဲ့ ေရာဂါတစ္မ်ိဳးျဖစ္နိုင္ပါတယ္။ အထူးသျဖင့္ နံရိုးေတြကိုညွစ္ထားသလိုခံစားရရင္ ဆရာဝန္နဲ႕ခ်က္ခ်င္းျပျပီး ေဆးစစ္သင့္ပါတယ္။မ်က္ခံုးေမြးေတြပါးလာတာ – မ်က္ခံုးေမြးေတြကြ်တ္ျပီးပါလာတာကလည္း မေပါ့ဆသင့္တဲ့ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္းေလ်ာ့နည္းျခင္းေၾကာင့္ ျဖစ္နိုင္ပါတယ္။ဒါေၾကာင္႔ ေဆးစစ္ဖို႕လိုပါတယ္ …။

ေျခေထာက္ေတြေရာင္တာ – ေျခေထာက္ေတြက sausages ေတြလိုေဖာင္းတင္းျပီး လႈပ္ရွားရတာေႏွးေကြးေနမယ္ဆိုရင္ ဒါဟာ အဆစ္အျမစ္ေရာင္တာနဲ႕ပတ္သက္တဲ့ေရာဂါတစ္ခုခုေၾကာင့္ ျဖစ္နိုင္ပါတယ္။ အရိုးအေၾကာဆရာဝန္ ဒါမွမဟုတ္ အေရျပားဆရာဝန္နဲ႕ ျပသသင့္ပါတယ္ …။ အစားစားခ်င္စိတ္မရွိျဖစ္ေနတာ – နဂိုကအစားနည္းတဲ့သူမဟုတ္ဘဲနဲ႕ ရုတ္တရက္ၾကီးအစားနည္းသြားတာမ်ိဳး၊ အစားစားခ်င္စိတ္မရွိေတာ့တာမ်ိဳးေတြ ျဖစ္လာရင္လည္း မေပါ့ဆသင့္ပါဘူး။ ဒါဟာ အစာေရျမိုျပြန္နဲ႕ပတ္သက္တဲ့ ေရာဂါတစ္ခုခုျဖစ္နိုင္တာေၾကာင့္ ဆရာဝန္နဲ႕ခ်က္ခ်င္းျပပါ။ အေရျပားယားယံတာ – lotion ေၾကာင့္လည္းမဟုတ္၊ အေကာင္ကိုက္လို႕လည္းမဟုတ္၊ အဝတ္အစားေၾကာင့္လည္းမဟုတ္ဘဲ ဒီတိုင္းအလကားေနရင္း အေရျပားေတြယားယံေနတယ္ဆ္ိုရင္ေတာ့ အင္ဒိုခရိုင္းေဟာ္မုန္းပမာဏ မညီမွ်ျခင္းေၾကာင့္ ျဖစ္နိုင္ပါတယ္ ။ ဆရာဝန္နဲ႕ ျပဖို႕ လိုပါတယ္ …။လက္သည္းေတြမွာ ပံုမွန္မဟုတ္တဲ့ အေျပာင္းအလဲေတြျဖစ္ေနတာ – လက္သည္းေတြဖုေဖာင္းလာတာမ်ိဳး၊ လက္သည္းမွာအစင္းရာေတြထင္လာတာမ်ိဳး၊ လက္သည္းကပံုမွန္မဟုတ္တဲ့ အျပာေရာင္၊ ခရမ္းေရာင္ေျပာင္းလာတာမ်ိဳးေတြဆိုရင္ နွလံုးေရာဂါနဲ႕ဆက္စပ္ေနနိုင္တာေၾကာင့္ ဆရာဝန္နဲ႕ျပသဖို႕ လိုအပ္ပါတယ္ေနာ္ …။ ။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ credit ေပးပါတယ္။

[unicode]

ခန္ဓာကိုယ်အတွင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတစ်ခုခုရှိနေရင် ခန္ဓာကိုယ်ပြင်ပမှာလည်း အပြောင်းအလဲလေးတွေ သိသိသာသာရော၊ မသိမသာရော ဖြစ်လာပါတယ်။တချို့အချက်လေးတွေက သိပ်ပြီးစိုးရိမ်စရာမဟုတ်ပေမယ့် တချို့ကျတော့လည်း ရောဂါကြီးတွေဖြစ်ဖို့ အစပျိုးနေတဲ့လက္ခဏာတွေဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ပြင်ပမှာ သာမန်မဟုတ်တဲ့ အပြောင်းအလဲတစ်ခုခုဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်အတွင်းထဲမှာ တစ်ခုခုချို့ယွင်းနေပြီဆိုတာ သိရမှာပါ။ဒါကြောင် သင့်ခန္ဓာကိုယ်ပြင်ပမှာ ဒီလိုအချက်တွေဖြစ်လာရင် မပေါ့ဆကြဖို့ သတိပေးချင်ပါတယ်နော်…။ခြေဖဝါးတွေနီရဲနေတာ – ခြေဖဝါးတွေသာမန်ထက်နီရဲနေတာက သွေးတွင်းသကြားဓာတ်အလွန်အကျွံများနေခြင်းကြောင့်ဖြစ်နိုင်ပြီး ဆီးချိုရောဂါလက္ခဏာပြတာ ဖြစ်နိုင်လို့ ဆေးစစ်ကြည့်ဖို့လိုအပ်ပါတယ် …။စ်ယောက်ယောက်က ဖက်ထားသလို တင်းကြပ်တဲ့ခံစားမှုမျိုး ဖြစ်နေတာ – ကိုယ့်ကိုစ်ယောက်ယောက်ကဖက်ထားသလိုမျိုး တင်းကြပ်တဲ့ခံစားမှုမျိုးဖြစ်နေပြီး အသက်ရှူရခက်နေတာဟာ multiple sclerosis လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နံရိုးတွေကိုညှစ်ထားသလိုခံစားရရင် ဆရာဝန်နဲ့ချက်ချင်းပြပြီး ဆေးစစ်သင့်ပါတယ်။မျက်ခုံးမွေးတွေပါးလာတာ – မျက်ခုံးမွေးတွေကျွတ်ပြီးပါလာတာကလည်း မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ဒါကြောင့် ဆေးစစ်ဖို့လိုပါတယ် …။

ခြေထောက်တွေရောင်တာ – ခြေထောက်တွေက sausages တွေလိုဖောင်းတင်းပြီး လှုပ်ရှားရတာနှေးကွေးနေမယ်ဆိုရင် ဒါဟာ အဆစ်အမြစ်ရောင်တာနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ အရိုးအကြောဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ် …။ အစားစားချင်စိတ်မရှိဖြစ်နေတာ – နဂိုကအစားနည်းတဲ့သူမဟုတ်ဘဲနဲ့ ရုတ်တရက်ကြီးအစားနည်းသွားတာမျိုး၊ အစားစားချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်လာရင်လည်း မပေါ့ဆသင့်ပါဘူး။ ဒါဟာ အစာရေမြိုပြွန်နဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ချက်ချင်းပြပါ။ အရေပြားယားယံတာ – lotion ကြောင့်လည်းမဟုတ်၊ အကောင်ကိုက်လို့လည်းမဟုတ်၊ အဝတ်အစားကြောင့်လည်းမဟုတ်ဘဲ ဒီတိုင်းအလကားနေရင်း အရေပြားတွေယားယံနေတယ်ဆိုရင်တော့ အင်ဒိုခရိုင်းဟော်မုန်းပမာဏ မညီမျှခြင်းကြောင့် ဖြစ်နိုင်ပါတယ် ။ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ် …။လက်သည်းတွေမှာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေဖြစ်နေတာ – လက်သည်းတွေဖုဖောင်းလာတာမျိုး၊ လက်သည်းမှာအစင်းရာတွေထင်လာတာမျိုး၊ လက်သည်းကပုံမှန်မဟုတ်တဲ့ အပြာရောင်၊ ခရမ်းရောင်ပြောင်းလာတာမျိုးတွေဆိုရင် နှလုံးရောဂါနဲ့ဆက်စပ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်နော် …။ ။

Leave a Reply

Your email address will not be published. Required fields are marked *