သင့္ေကာင္မေလး သင့္ကိုအရမ္းခ်စ္မိေနျပီဆိုတာ သိႏိုင္မဲ႔အခ်က္(၅)ခ်က္

သင့္ေကာင္မေလး သင့္ကိုအရမ္းခ်စ္မိေနျပီဆိုတာ သိႏိုင္မဲ႔အခ်က္(၅)ခ်က္

Zawgyi Font ျဖင့္ဖတ္ရန္

shutterstock/By wavebreakmedia

ေကာင္မေလးတစ္ေယာက္ ကုိယ့္ကုိ တစ္ကယ္ခ်စ္မခ်စ္ သိႏုိင္တဲ့အခ်က္ကေလးေတြ ရွိပါတယ္။ မခက္ပါဘူး။ ေသခ်ာအကဲခတ္ၾကည့္ရင္ သိႏုိင္ပါတယ္။ ကဲ Shwemom ရဲ႕ အမ်ိဳးသားပရိသတ္ႀကီး ေအာက္ေဖာ္ျပပါ အခ်က္ကေလးေတြနဲ႔ သင့္ခ်စ္သူက ကုိက္ညီေနတယ္ဆုိရင္ ငါကြ-လုိ႔ ေအာ္သြားၾကေပေတာ့။

(၁) သူငယ္ခ်င္းေတြအေၾကာင္းကုိ အလုံးစုံသိခ်င္တဲ့အခါ

shutterstock/By Antonio Guillem

ခ်စ္သူက ကုိယ့္အေၾကာင္းကုိ သိရတာနဲ႔တင္ မတင္းတိမ္ဘူး … သူငယ္ခ်င္းေတြအေၾကာင္းလည္း ရတတ္သေလာက္ သိခ်င္တယ္ဆုိရင္ သူ သင့္ကုိ တကယ္ႏွစ္ႏွစ္ကာကာ ခ်စ္ေနမိတယ္လုိ႔ မွတ္ရပါမယ္။ အေၾကာင္းကေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ သူတုိ႔ စိတ္မ၀င္စားရင္ ဘာကိုမွ အေရးတယူ မလုပ္ၾကပါဘူး။

(၂) ဘယ္သြားသြား လုိက္မယ္ဆုိရင္

သင္ ဘယ္သြားသြား ခရီးစဥ္တစ္ခု စတင္လုိက္ၿပီဆုိတာနဲ႔ သင့္ခ်စ္သူက လုိက္မယ္ဆိုတာခ်ည္းပဲ ျဖစ္ေနတယ္ဆုိရင္ ဒါလည္း ေသခ်ာပါတယ္။ သူဟာ ဒီလုိ မည္ကာမတၱခရီးတစ္ခုအတြက္သာ မဟုတ္ … ဘ၀ခရီးတစ္ခုအတြက္ သင့္ကို ပုံ အပ္ၿပီး ခ်စ္တယ္ဆုိတာ။

READရင္ေသြးအေလာင္းကို အိတ္ထဲထည့္ၿပီး ေစ်း၀ယ္ထြက္ခဲ့တဲ့ ဆယ္ေက်ာ္သက္မိခင္

(၃) အၿမဲတမ္းစုံစမ္းေလ့ရွိတယ္

shutterstock/By Andrey_Popov

မ်က္လုံးတုိ႔သည္ ခ်စ္သူကုိ ၾကည့္ျခင္း၌ ေရာင့္ရဲတင္းတိမ္ျခင္း မရွိ-တဲ့။ တကယ္ခ်စ္ၿပီဆုိရင္ မ်က္လုံးတစ္ခုတည္း မ ဟုတ္ပါဘူး။ စိတ္ကလည္း သင့္အေၾကာင္းကုိ ရသေလာက္ သိခ်င္တယ္၊ ဘယ္ေတာ့မွ စုံစမ္းမႈ မျပတ္ဘူး။ သင့္ခ်စ္သူဟာ သင့္သူငယ္ခ်င္းေတြနဲ႔ ေတြ႕တဲ့အခါတုိင္း သင့္အေၾကာင္း ႀကဳံတုိင္းေမးတယ္ဆုိရင္ သင္လည္း ငါကြ-လုိ႔ ေအာ္ခြင့္ ရွိပါတယ္။

(၄) အၿမဲတမ္းယုံၾကည္စိတ္ခ်ရတဲ့ ခံစားမႈ

ခ်စ္သူအေပၚမွာ လူတုိင္း လုံးလုံးလွ်ားလွ်ား ယုံၾကည္တဲ့ခံစားမႈ ျဖစ္ဖုိ႔ဆုိတာ ခဲယဥ္းပါတယ္။ ဒါေပမယ့္ ရွားေတာင့္ရွားခဲ ယုံၾကည္မႈကုိ ႏွစ္ကိုယ္ၾကား ခုိင္ခို္င္မာမာ တည္ေဆာက္ႏုိင္တယ္ဆုိရင္ေတာ့ ဘယ္လုိအေျခအေနနဲ႔ပဲ သူ႕ကို မ်က္ကြယ္ရာမွာ ထားခဲ့ရ ထားခဲ့ရ စိတ္ခ်ရပါတယ္။ ေမာင္ကလြဲရင္ ဖြဲဆန္ကြဲ-ပါဆုိတာမ်ိဳးေပါ့။

READမိခင္ဆီသြားခ်င္လို႔ ရုပ္ဆိုးတဲ့မ်က္ႏွာကို ခြဲစိတ္ရင္း ေသဆုံးသြားတဲ့ ရုရွားမိန္းကေလး

(၅) ေပ်ာ္ရႊင္မႈမွန္သမွ်ရဲ႕ ဦးစည္းပဲ့ကုိင္ရွင္

shutterstock/By wavebreakmedia

သင့္ခ်စ္သူဟာ နာက်င္မႈ ေပးသူ မဟုတ္ဘူး၊ သင့္ခ်စ္သူဟာ ေ၀ဒနာေတြ၊ စိတ္မခ်မ္းသာမႈေတြ၊ မယုံၾကည္မႈေတြ ေပးတဲ့သူ မဟုတ္ဘူး၊ သင့္ေပ်ာ္ရႊင္မႈ မွန္သမွ်ဟာ သူနဲ႔ သက္ဆုိင္မႈရွိတယ္၊ သူ႕ဆီကေန လာတယ္၊ သူက ေပ်ာ္ရႊင္မႈေတြအ တြက္ ဦးစည္းပဲ့ကုိင္ရွင္ ျဖစ္ေနတယ္ဆုိတာ ေသခ်ာရင္ ငါကြ-လုိ႔ ေအာ္လုိ႔ရၿပီ။

နတ္စည္ေတာ္ (Shwemom)

source : lovepanky.com

Unicode Font ဖြင့်ဖတ်ရန်

shutterstock/By wavebreakmedia

ကောင်မလေးတစ်ယောက် ကိုယ့်ကို တစ်ကယ်ချစ်မချစ် သိနိုင်တဲ့အချက်ကလေးတွေ ရှိပါတယ်။ မခက်ပါဘူး။ သေချာအကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။ ကဲ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီး အောက်ဖော်ပြပါ အချက်ကလေးတွေနဲ့ သင့်ချစ်သူက ကိုက်ညီနေတယ်ဆိုရင် ငါကွ-လို့ အော်သွားကြပေတော့။

(၁) သူငယ်ချင်းတွေအကြောင်းကို အလုံးစုံသိချင်တဲ့အခါ

shutterstock/By Antonio Guillem

ချစ်သူက ကိုယ့်အကြောင်းကို သိရတာနဲ့တင် မတင်းတိမ်ဘူး … သူငယ်ချင်းတွေအကြောင်းလည်း ရတတ်သလောက် သိချင်တယ်ဆိုရင် သူ သင့်ကို တကယ်နှစ်နှစ်ကာကာ ချစ်နေမိတယ်လို့ မှတ်ရပါမယ်။ အကြောင်းကတော့ မိန်းကလေးတော်တော်များများဟာ သူတို့ စိတ်မဝင်စားရင် ဘာကိုမှ အရေးတယူ မလုပ်ကြပါဘူး။

(၂) ဘယ်သွားသွား လိုက်မယ်ဆိုရင်

သင် ဘယ်သွားသွား ခရီးစဉ်တစ်ခု စတင်လိုက်ပြီဆိုတာနဲ့ သင့်ချစ်သူက လိုက်မယ်ဆိုတာချည်းပဲ ဖြစ်နေတယ်ဆိုရင် ဒါလည်း သေချာပါတယ်။ သူဟာ ဒီလို မည်ကာမတ္တခရီးတစ်ခုအတွက်သာ မဟုတ် … ဘဝခရီးတစ်ခုအတွက် သင့်ကို ပုံ အပ်ပြီး ချစ်တယ်ဆိုတာ။

READရင်သွေးအလောင်းကို အိတ်ထဲထည့်ပြီး ဈေးဝယ်ထွက်ခဲ့တဲ့ ဆယ်ကျော်သက်မိခင်

(၃) အမြဲတမ်းစုံစမ်းလေ့ရှိတယ်

shutterstock/By Andrey_Popov

မျက်လုံးတို့သည် ချစ်သူကို ကြည့်ခြင်း၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိ-တဲ့။ တကယ်ချစ်ပြီဆိုရင် မျက်လုံးတစ်ခုတည်း မ ဟုတ်ပါဘူး။ စိတ်ကလည်း သင့်အကြောင်းကို ရသလောက် သိချင်တယ်၊ ဘယ်တော့မှ စုံစမ်းမှု မပြတ်ဘူး။ သင့်ချစ်သူဟာ သင့်သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါတိုင်း သင့်အကြောင်း ကြုံတိုင်းမေးတယ်ဆိုရင် သင်လည်း ငါကွ-လို့ အော်ခွင့် ရှိပါတယ်။

(၄) အမြဲတမ်းယုံကြည်စိတ်ချရတဲ့ ခံစားမှု

ချစ်သူအပေါ်မှာ လူတိုင်း လုံးလုံးလျှားလျှား ယုံကြည်တဲ့ခံစားမှု ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမယ့် ရှားတောင့်ရှားခဲ ယုံကြည်မှုကို နှစ်ကိုယ်ကြား ခိုင်ခိုင်မာမာ တည်ဆောက်နိုင်တယ်ဆိုရင်တော့ ဘယ်လိုအခြေအနေနဲ့ပဲ သူ့ကို မျက်ကွယ်ရာမှာ ထားခဲ့ရ ထားခဲ့ရ စိတ်ချရပါတယ်။ မောင်ကလွဲရင် ဖွဲဆန်ကွဲ-ပါဆိုတာမျိုးပေါ့။

READမိခင်ဆီသွားချင်လို့ ရုပ်ဆိုးတဲ့မျက်နှာကို ခွဲစိတ်ရင်း သေဆုံးသွားတဲ့ ရုရှားမိန်းကလေး

(၅) ပျော်ရွှင်မှုမှန်သမျှရဲ့ ဦးစည်းပဲ့ကိုင်ရှင်

shutterstock/By wavebreakmedia

သင့်ချစ်သူဟာ နာကျင်မှု ပေးသူ မဟုတ်ဘူး၊ သင့်ချစ်သူဟာ ဝေဒနာတွေ၊ စိတ်မချမ်းသာမှုတွေ၊ မယုံကြည်မှုတွေ ပေးတဲ့သူ မဟုတ်ဘူး၊ သင့်ပျော်ရွှင်မှု မှန်သမျှဟာ သူနဲ့ သက်ဆိုင်မှုရှိတယ်၊ သူ့ဆီကနေ လာတယ်၊ သူက ပျော်ရွှင်မှုတွေအ တွက် ဦးစည်းပဲ့ကိုင်ရှင် ဖြစ်နေတယ်ဆိုတာ သေချာရင် ငါကွ-လို့ အော်လို့ရပြီ။

နတ်စည်တော် (Shwemom)

source : lovepanky.com


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *