သူငယ္ခ်င္းေတြနဲ႔ အေဆာ့လြန္ရာမွ မီးေလာင္ေသေတာ့မလို ျဖစ္ခဲ့ရတဲ့ ေကာင္ေလး

သူငယ္ခ်င္းေတြနဲ႔ အေဆာ့လြန္ရာမွ မီးေလာင္ေသေတာ့မလို ျဖစ္ခဲ့ရတဲ့ ေကာင္ေလး

Zawgyi Font ျဖင့္ဖတ္ရန္

youtube/Click On Detroit | Local 4 | WDIV

အေမရိကန္ႏုိင္ငံေန ေဂ်ဆန္အမည္ရ ေကာင္ေလးတစ္ေယာက္ဟာ သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္အျပက္ေဆာ့ရာမွ မေမွ်ာ္လင့္ပဲ ျပင္းထန္တဲ့ မီးသင့္ဒဏ္ရာေတြရခဲ့ေၾကာင္း ladbible သတင္းအရ သိရပါတယ္။ အဆိုပါေကာင္ေလးဟာ မီခ်ီဂန္ျပည္နယ္ ဒီးယားဘြန္းဟိုက္မွာ ေနထိုင္သူ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က ေဂ်ဆန္ဟာ သူငယ္ခ်င္းေတြနဲ႔အတူရွိေနတုန္း သူငယ္ခ်င္းေတြက သူ႔ကုိယ္ေပၚကို လက္သည္းဆိုးေဆး ဖ်က္ေဆးေတြ ပက္ျဖန္းကာ မီးညိွေပးခဲ့တာျဖစ္ပါတယ္။ မီးေလာင္မႉေၾကာင့္ ေဂ်ဆန္ဟာ ေမးေစ့၊ ရင္ဘတ္နဲ႔ ၀မ္းဗိုက္ေတြမွာ ျပင္းထန္ဒဏ္ရာေတြနဲ႔အတူ (၄) ရက္တာ ေဆးရံုတက္ခဲ့ရပါတယ္။

အခုဆိုရင္ေတာ့ ေဂ်ဆန္ရဲ႕မိခင္ တာဘာသာက သူ႔သားလိုမ်ိဳး အျခားေက်ာင္းသားလူငယ္ေလးေတြ မျဖစ္ေစဖို႔ သတိေပးလိုက္ပါတယ္။ တာဘာသာက ခုတစ္ေလာ လူငယ္ေတြၾကားထဲမွာ မီးရိႉ႕တဲ့ စိန္ေခၚမႉတစ္မ်ိဳး ေခတ္စားလာေၾကာင္းနဲ႔ ဒါဟာ ကေလးေတြအတြက္ အႏ ၱရာယ္အမ်ားၾကီးျဖစ္ေစတယ္ဆိုတာ ေျပာျပခဲ့တာပါ။ ဒီစိန္ေခၚမႉကေတာ့ မီးေလာင္မႉကို အားေပးတဲ့ အရာပစၥည္းတစ္ခုခုကုိ ခႏၶာကုိယ္ေပၚတင္ၿပီး ကိုယ့္ကိုကိုယ္ မီးရိႉ႕တာပဲ ျဖစ္ပါတယ္။

youtube/Click On Detroit | Local 4 | WDIV

တာဘာသာက “ကြ်န္မကေတာ့ လူတိုင္းလူတိုင္းကို ဒီစိန္ေခၚမႉေတြအေၾကာင္း သိေစခ်င္တာပါပဲ။ ကေလးေတြက YouTube ေပၚမွာ တင္ထားတဲ့ ဗီဒီယိုေတြကို ၾကည့္ၿပီး သူတို႔ကိုကိုယ္သူတို႔ အဟုတ္ၾကီးထင္ လိုက္လုပ္ေနၾကတယ္။ ဒီလို စိန္ေခၚမႉမ်ိဳးေတြနဲ႔ ကိုယ့္အသက္ကိုယ္ မစေတးပစ္လိုက္ၾကပါနဲ႔။ ကြ်န္မသားဆိုရင္ ေတာ္ေတာ္ၾကီးကို မီးေလာင္ၿပီး ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားတာ။ ဒီထက္ ပိုဆိုးမသြားတာေတာင္ ေတာ္ပါေသးတယ္…” လို႔ ဆိုထားတာပါ။

“ကြ်န္မက သားသူငယ္ခ်င္းရဲ႕ အိမ္နားကေန ေဂ်ဆန္ေအာ္သံကို ၾကားလိုက္တာ။ ဒါနဲ႔ ေျပးထြက္လာၿပီး ၾကည့္ေတာ့ သူ႔သူငယ္ခ်င္း ဘရုစ္က ေဂ်ဆန္ကို စက္ဘီးေပၚတင္နင္းလာတာ။ ေဂ်ဆန္က အက်ၤ ီေတာင္ မပါဘူး။ ကြ်န္မလည္း လန္႔သြားၿပီး သြား သြား သူ႔ကို ေဆးရံုျမန္ျမန္ပို႔။ ေဆးရံုျမန္ျမန္ပို႔ ဆိုၿပီး ေျပာလိုက္တယ္…” လို႔ တာဘာက ေျပာခဲ့ပါတယ္။

youtube/Click On Detroit | Local 4 | WDIV

ေဂ်ဆန္ကေတာ့ သူ႔သူငယ္ခ်င္းေတြနဲ႔အတူ ခႏၶာကိုယ္ကို မီးရိႉ႕တဲ့စိန္ေခၚမႉကို လုပ္ခဲ့ေၾကာင္း၊ ပထမအၾကိမ္ လုပ္ေတာ့ သူ႔ကိုယ္ေပၚက မီးကို သူငယ္ခ်င္းေတြက ျမန္ျမန္ဆန္ဆန္ပဲ ၿငိမ္းခဲ့တဲ့အတြက္ ဘာမွမျဖစ္ခဲ့ေၾကာင္း၊ ဒါေပမယ့္ ဒုတိယအၾကိမ္မွာေတာ့ လက္သည္းဆုိးေဆးဖ်က္ေဆးေတြကို သူငယ္ခ်င္းေတြက ဆက္တိုက္ ျဖန္းေနခဲ့တဲ့အတြက္ တကယ္မီးေလာင္သြားတာ ျဖစ္ေၾကာင္း စသျဖင့္ ေျပာျပပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း အေမရိကန္သူ ေကာင္မေလးတစ္ေယာက္က အလားတူျဖစ္ရပ္မ်ိဳးနဲ႔ ၾကံုခဲ့ပါေသးတယ္။ သူမကေတာ့ မီခ်ီဂန္ ဒီတြားမွာေနထိုင္တဲ့ တီမီရာလန္ဒါဆိုသူပါ။ ေကာင္မေလးက (၁၂) ႏွစ္ပဲ ရွိပါေသးတယ္။ သူမကေတာ့ သူမကိုယ္သူမ အရက္ပ်ံေတြေလာင္းခ်ၿပီး မီးရိႉ႕ခဲ့ရာက ခႏၶာကိုယ္တစ္ပိုင္းလံုးမွာ မီးေလာင္ဒဏ္ရာ ၾကီးၾကီးမားမား ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီျဖစ္ရပ္ေတြကေနတဆင့္ လူငယ္ေတြအေနနဲ႔ အေပ်ာ္ကေန အပ်က္မျဖစ္သြားေအာင္ သင္ခန္းစာယူၾကဖို႔ ေဖာ္ျပေပးလိုက္ရပါတယ္။

လင္းလင္း (ShweMom)

Unicode Font ဖြင့်ဖတ်ရန်

youtube/Click On Detroit | Local 4 | WDIV

အမေရိကန်နိုင်ငံနေ ဂျေဆန်အမည်ရ ကောင်လေးတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ အပျော်အပြက်ဆော့ရာမှ မမျှော်လင့်ပဲ ပြင်းထန်တဲ့ မီးသင့်ဒဏ်ရာတွေရခဲ့ကြောင်း ladbible သတင်းအရ သိရပါတယ်။ အဆိုပါကောင်လေးဟာ မီချီဂန်ပြည်နယ် ဒီးယားဘွန်းဟိုက်မှာ နေထိုင်သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဂျေဆန်ဟာ သူငယ်ချင်းတွေနဲ့အတူရှိနေတုန်း သူငယ်ချင်းတွေက သူ့ကိုယ်ပေါ်ကို လက်သည်းဆိုးဆေး ဖျက်ဆေးတွေ ပက်ဖြန်းကာ မီးညှိပေးခဲ့တာဖြစ်ပါတယ်။ မီးလောင်မှူကြောင့် ဂျေဆန်ဟာ မေးစေ့၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေမှာ ပြင်းထန်ဒဏ်ရာတွေနဲ့အတူ (၄) ရက်တာ ဆေးရုံတက်ခဲ့ရပါတယ်။

အခုဆိုရင်တော့ ဂျေဆန်ရဲ့မိခင် တာဘာသာက သူ့သားလိုမျိုး အခြားကျောင်းသားလူငယ်လေးတွေ မဖြစ်စေဖို့ သတိပေးလိုက်ပါတယ်။ တာဘာသာက ခုတစ်လော လူငယ်တွေကြားထဲမှာ မီးရှိူ့တဲ့ စိန်ခေါ်မှူတစ်မျိုး ခေတ်စားလာကြောင်းနဲ့ ဒါဟာ ကလေးတွေအတွက် အန ္တရာယ်အများကြီးဖြစ်စေတယ်ဆိုတာ ပြောပြခဲ့တာပါ။ ဒီစိန်ခေါ်မှူကတော့ မီးလောင်မှူကို အားပေးတဲ့ အရာပစ္စည်းတစ်ခုခုကို ခန္ဓာကိုယ်ပေါ်တင်ပြီး ကိုယ့်ကိုကိုယ် မီးရှိူ့တာပဲ ဖြစ်ပါတယ်။

youtube/Click On Detroit | Local 4 | WDIV

တာဘာသာက “ကျွန်မကတော့ လူတိုင်းလူတိုင်းကို ဒီစိန်ခေါ်မှူတွေအကြောင်း သိစေချင်တာပါပဲ။ ကလေးတွေက YouTube ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး သူတို့ကိုကိုယ်သူတို့ အဟုတ်ကြီးထင် လိုက်လုပ်နေကြတယ်။ ဒီလို စိန်ခေါ်မှူမျိုးတွေနဲ့ ကိုယ့်အသက်ကိုယ် မစတေးပစ်လိုက်ကြပါနဲ့။ ကျွန်မသားဆိုရင် တော်တော်ကြီးကို မီးလောင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ။ ဒီထက် ပိုဆိုးမသွားတာတောင် တော်ပါသေးတယ်…” လို့ ဆိုထားတာပါ။

“ကျွန်မက သားသူငယ်ချင်းရဲ့ အိမ်နားကနေ ဂျေဆန်အော်သံကို ကြားလိုက်တာ။ ဒါနဲ့ ပြေးထွက်လာပြီး ကြည့်တော့ သူ့သူငယ်ချင်း ဘရုစ်က ဂျေဆန်ကို စက်ဘီးပေါ်တင်နင်းလာတာ။ ဂျေဆန်က အင်္ကျ ီတောင် မပါဘူး။ ကျွန်မလည်း လန့်သွားပြီး သွား သွား သူ့ကို ဆေးရုံမြန်မြန်ပို့။ ဆေးရုံမြန်မြန်ပို့ ဆိုပြီး ပြောလိုက်တယ်…” လို့ တာဘာက ပြောခဲ့ပါတယ်။

youtube/Click On Detroit | Local 4 | WDIV

ဂျေဆန်ကတော့ သူ့သူငယ်ချင်းတွေနဲ့အတူ ခန္ဓာကိုယ်ကို မီးရှိူ့တဲ့စိန်ခေါ်မှူကို လုပ်ခဲ့ကြောင်း၊ ပထမအကြိမ် လုပ်တော့ သူ့ကိုယ်ပေါ်က မီးကို သူငယ်ချင်းတွေက မြန်မြန်ဆန်ဆန်ပဲ ငြိမ်းခဲ့တဲ့အတွက် ဘာမှမဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် ဒုတိယအကြိမ်မှာတော့ လက်သည်းဆိုးဆေးဖျက်ဆေးတွေကို သူငယ်ချင်းတွေက ဆက်တိုက် ဖြန်းနေခဲ့တဲ့အတွက် တကယ်မီးလောင်သွားတာ ဖြစ်ကြောင်း စသဖြင့် ပြောပြပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း အမေရိကန်သူ ကောင်မလေးတစ်ယောက်က အလားတူဖြစ်ရပ်မျိုးနဲ့ ကြုံခဲ့ပါသေးတယ်။ သူမကတော့ မီချီဂန် ဒီတွားမှာနေထိုင်တဲ့ တီမီရာလန်ဒါဆိုသူပါ။ ကောင်မလေးက (၁၂) နှစ်ပဲ ရှိပါသေးတယ်။ သူမကတော့ သူမကိုယ်သူမ အရက်ပျံတွေလောင်းချပြီး မီးရှိူ့ခဲ့ရာက ခန္ဓာကိုယ်တစ်ပိုင်းလုံးမှာ မီးလောင်ဒဏ်ရာ ကြီးကြီးမားမား ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်တွေကနေတဆင့် လူငယ်တွေအနေနဲ့ အပျော်ကနေ အပျက်မဖြစ်သွားအောင် သင်ခန်းစာယူကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *