အထဲမွာ ေျမြေတြပါတဲ့အထုပ္ႀကီးကို ေငြထုပ္နဲ႔မွားၿပီး ခုိးေျပးတဲ့သူခုိး

အထဲမွာ ေျမြေတြပါတဲ့အထုပ္ႀကီးကို ေငြထုပ္နဲ႔မွားၿပီး ခုိးေျပးတဲ့သူခုိး

Zawgyi Font ျဖင့္ဖတ္ရန္

Youtube

အေမရိကန္ ကယ္လီဖုိးနီးယား၊ ကမ္းဘဲလ္မွာတည္ရွိတဲ့ မာတင္လူသားကင္းေဂ်အာရ္ စာၾကည့္တုိက္ရဲ႕ ကားရပ္နားရန္ေနရာမွာ လူတစ္ေယာက္ ရပ္နားထားတဲ့ကားထဲကေန၊ သူခုိးတစ္ေယာက္ အထုပ္တစ္ခုကို မၿပီး ေျပးခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအထုပ္ဟာ ေငြထုပ္မဟုတ္ဘဲ ေျမြေတြထည့္ထားတဲ့ အထုပ္ျဖစ္ေနလုိ႔ အဲဒီသူခုိး ဒုကၡေရာက္ခဲ့ရတာပါ။

အထုပ္ေပ်ာက္သြားတဲ့ ပုိင္ရွင္ကေတာ့ Brian Grundy လုိ႔အမည္ရၿပီး၊ For Goodness Snakes လုပ္ငန္းကို လည္ပတ္ေနတဲ့ တြားသြားသတၱဝါ ေမြးျမဴေရးလုပ္ငန္းရွင္တစ္ဦး ျဖစ္ပါတယ္။ သူဟာ ကားကုိရပ္ထားတာ မိနစ္ပုိင္းေလာက္သာ ၾကာေသးတဲ့အခ်ိန္မွာ ေျမြထုပ္ႀကီးကို ခုိးခံလုိက္ရတာပါ။

Youtube

အဲဒီအထုပ္ႀကီးထဲမွာ ေျမြျဖဴစပါးအုံး(၄)ေကာင္နဲ႔ အရွည္ (၂၈)လက္မရွိတဲ့ အိမ္ေမြးဖြတ္တစ္ေကာင္လည္း ပါဝင္ပါတယ္။ သူဟာ တိရိစာၦန္ေရးရာ ပညာေပးစီမံခ်က္ေဟာေျပာပြဲကေန ျပန္အလာ ေျမြထုပ္ကို ထားၿပီး လုပ္စရာရွိတာေတြ လုပ္ကိုင္ခဲ့တာလုိ႔ ဆုိပါတယ္။ ေျမြထုပ္ ခုိးသြားတဲ့ သူခုိးအေနနဲ႔လည္း မေမွ်ာ္လင့္တဲ့ အရာေတြ ေတြ႕ရမွာမုိ႔ ထိတ္လန္႔ဖြယ္ရာ ရွိေနပါတယ္။

 

Leaping lizards and slithering snakes …the kids loved meeting the reptiles brought to ADPP University by our friend Brian Grundy from For Goodness Snakes !

— Courtney Gartin (@cgartin_21) August 3, 2018

ဒီလုိပဲ ေျမြထုပ္ေပ်ာက္သြားတဲ့ ပုိင္ရွင္အေနနဲ႔လည္း အခုဆုိရင္ သူရဲ႕ တိရိစာၦန္ေတြ အသက္ေတာင္ ရွင္ပါ့မလား၊ ဘယ္လုိ အေျခအေနရွိမလဲဆုိတာကို ေသာကပြားေနပါတယ္။ ဘာပဲျဖစ္ျဖစ္ သူကေတာ့ သူခုိးကို ဖမ္းေပးဖုိ႔ တုိင္ခ်က္ဖြင့္မထားဘူးလုိ႔ Brian က ေျပာပါတယ္။

https://videos.metro.co.uk/video/met/2019/10/08/2307645470903480660/640x360_MP4_2307645470903480660.mp4 READၿငိမ္းခ်မ္းေရးရလဒ္မ်ားေၾကာင့္ ႏုိဘယ္ဆုက ထရမ့္အတြက္လားလုိ႔ ေမးလုိက္တဲ့ဂ်ာနယ္လစ္

Brian က သူခုိးအေနနဲ႔ အထုပ္ကုိ သူ႕ဆီျပန္လာပုိ႔ဖုိ႔ ေတာင္းဆုိထားသလုိ၊ ရဲကုိတုိင္မယ္ထင္တဲ့ စုိးရိမ္စိတ္လည္း မထားဖုိ႔ ေျပာထားပါတယ္။ သူကေတာ့ သူခုိးအထုပ္ျပန္လာေပးရင္ ဘာေတြညာေတြ ေမးေနမွာမဟုတ္ဘဲ၊ အသာတၾကည္ ျပန္လႊတ္ပါမယ့္လုိ႔ ေျပာခဲ့ပါတယ္။

လင္းသူရိန္

Unicode Font ဖြင့်ဖတ်ရန်

Youtube

အမေရိကန် ကယ်လီဖိုးနီးယား၊ ကမ်းဘဲလ်မှာတည်ရှိတဲ့ မာတင်လူသားကင်းဂျေအာရ် စာကြည့်တိုက်ရဲ့ ကားရပ်နားရန်နေရာမှာ လူတစ်ယောက် ရပ်နားထားတဲ့ကားထဲကနေ၊ သူခိုးတစ်ယောက် အထုပ်တစ်ခုကို မပြီး ပြေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအထုပ်ဟာ ငွေထုပ်မဟုတ်ဘဲ မြွေတွေထည့်ထားတဲ့ အထုပ်ဖြစ်နေလို့ အဲဒီသူခိုး ဒုက္ခရောက်ခဲ့ရတာပါ။

အထုပ်ပျောက်သွားတဲ့ ပိုင်ရှင်ကတော့ Brian Grundy လို့အမည်ရပြီး၊ For Goodness Snakes လုပ်ငန်းကို လည်ပတ်နေတဲ့ တွားသွားသတ္တဝါ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ကားကိုရပ်ထားတာ မိနစ်ပိုင်းလောက်သာ ကြာသေးတဲ့အချိန်မှာ မြွေထုပ်ကြီးကို ခိုးခံလိုက်ရတာပါ။

Youtube

အဲဒီအထုပ်ကြီးထဲမှာ မြွေဖြူစပါးအုံး(၄)ကောင်နဲ့ အရှည် (၂၈)လက်မရှိတဲ့ အိမ်မွေးဖွတ်တစ်ကောင်လည်း ပါဝင်ပါတယ်။ သူဟာ တိရိစ္ဆာန်ရေးရာ ပညာပေးစီမံချက်ဟောပြောပွဲကနေ ပြန်အလာ မြွေထုပ်ကို ထားပြီး လုပ်စရာရှိတာတွေ လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ မြွေထုပ် ခိုးသွားတဲ့ သူခိုးအနေနဲ့လည်း မမျှော်လင့်တဲ့ အရာတွေ တွေ့ရမှာမို့ ထိတ်လန့်ဖွယ်ရာ ရှိနေပါတယ်။

 

Leaping lizards and slithering snakes …the kids loved meeting the reptiles brought to ADPP University by our friend Brian Grundy from For Goodness Snakes !

— Courtney Gartin (@cgartin_21) August 3, 2018

ဒီလိုပဲ မြွေထုပ်ပျောက်သွားတဲ့ ပိုင်ရှင်အနေနဲ့လည်း အခုဆိုရင် သူရဲ့ တိရိစ္ဆာန်တွေ အသက်တောင် ရှင်ပါ့မလား၊ ဘယ်လို အခြေအနေရှိမလဲဆိုတာကို သောကပွားနေပါတယ်။ ဘာပဲဖြစ်ဖြစ် သူကတော့ သူခိုးကို ဖမ်းပေးဖို့ တိုင်ချက်ဖွင့်မထားဘူးလို့ Brian က ပြောပါတယ်။

https://videos.metro.co.uk/video/met/2019/10/08/2307645470903480660/640x360_MP4_2307645470903480660.mp4 READငြိမ်းချမ်းရေးရလဒ်များကြောင့် နိုဘယ်ဆုက ထရမ့်အတွက်လားလို့ မေးလိုက်တဲ့ဂျာနယ်လစ်

Brian က သူခိုးအနေနဲ့ အထုပ်ကို သူ့ဆီပြန်လာပို့ဖို့ တောင်းဆိုထားသလို၊ ရဲကိုတိုင်မယ်ထင်တဲ့ စိုးရိမ်စိတ်လည်း မထားဖို့ ပြောထားပါတယ်။ သူကတော့ သူခိုးအထုပ်ပြန်လာပေးရင် ဘာတွေညာတွေ မေးနေမှာမဟုတ်ဘဲ၊ အသာတကြည် ပြန်လွှတ်ပါမယ့်လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *