အာရွဇာတ္ကားေတြကို ျပန္လည္ရိုက္ကူးထားတဲ့ ေဟာလိ၀ုဒ္ဇာတ္ကားမ်ား

အာရွဇာတ္ကားေတြကို ျပန္လည္ရိုက္ကူးထားတဲ့ ေဟာလိ၀ုဒ္ဇာတ္ကားမ်ား

Zawgyi Font ျဖင့္ဖတ္ရန္

Image:imdb

အာရွဇာတ္ကားေတြကလည္း အခုဆုိရင္ တျဖည္းျဖည္း ခ်င္း ပိုေကာင္းလာပါၿပီ။ဇာတ္ကားဆုိရင္ ေဟာလိ၀ုဒ္ ဇာတ္ကား ေတြကသာ အေကာင္းဆံုးလို႔ ထင္လာခဲ့ရာကေန အခုဆုိရင္ေတာ့ အာရွဇာတ္ကားေတြကိုပါ ေနရာပါ ေပးအားေပး လာခဲ့ၾကပါၿပီ။ ေဟာလိ၀ုဒ္ကပါ ျပန္ၿပီး Remade လုပ္ခဲ့ရတဲ့ အထိ အရမ္းကို ေကာင္းခဲ့တဲ့ အာရွဇာတ္ကားေတြ အမ်ားႀကီးထဲကမွ တစ္ခ်ိဳ႕ ကို ေဖာ္ျပ ေပးလိုက္ပါတယ္။

 Ju-On: The Grudge (Takashi Shimizu, Japan, 2002)

ဒီဇာတ္ကားကို ေတာ့ ေဟာလိ၀ုဒ္ကThe Grudge (Takashi Shimizu, 2004) ဆုိၿပီး Remade ျပန္လည္ရိုက္ကူး ခဲ့တာပါ။မူလဇာတ္ကားေလးကေတာ့ ဂ်ပန္သရဲဇာတ္ကားေလးပါ။ဒါရိုက္တာကေတာ့ Takashi Shimizu ပါ။အၿငိဳးႀကီးတဲ့ ၀ိဥာဥ္ေၾကာင့္ လူေတြ တစ္ေယာက္ၿပီး တစ္ေယာက္ ေသၾကတဲ့ ေၾကာက္စရာ ဇာတ္ကားပါ။

Dark Water (Hideo Nakata, Japan, 2002)

Dark Water (Walter Salles, 2005) ဆုိၿပီး ေဟာလိ၀ုဒ္က Remade လုပ္ရိုက္ကူးခဲ့ပါတယ္။ဒီဇာတ္ကားေလး ကလည္း သရဲဇာတ္ကားေလးပါ။ေက်ာင္းသူေလးတစ္ေယာက္ရဲ႕ ၀ိဥာဥ္ က အမ်ိဳးသမီးတစ္ေယာက္နဲ႔ သူမရဲ႕ သမီးေလးကို ေျခာက္လွန္႔တဲ့ အေၾကာင္းေလးပါ။

READသူမရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ပတ္သတ္ၿပီး ေဝဖန္လာသူေတြနဲ႔ တံု႔ျပန္လိုက္တဲ့ ေမပန္းခ်ီ

Antarctica (Koreyoshi Kurahara, Japan, 1983)

ေနာက္ထပ္တစ္ကားကလည္း ဂ်ပန္ဇာတ္ကားပါ။ Eight Below (Frank Marshall, 2006)ဆိုၿပီး ျပန္လည္ ရိုက္ကူးခဲ့ပါတယ္။ဒီဇာတ္ကားေလးကေတာ့ သိပၸံပညာရွင္အဖြဲ႕တစ္ဖြဲ႕က ေခြးေတြ နဲ႔ အတူ အႏၱာတိက ကို ခရီးထြက္တဲ့ အေၾကာင္းေလးပါ။ေနာက္ဆံုး အႏၱာတိက ကို စြန္႔ခြာဖို႔ ျဖစ္လာတဲ့ အခါမွာေတာ့ ပါလာတဲ့ ေခြးကို စြန္႔ ပစ္ ခဲ့ၾက ပါတယ္။ေခြးေတြက အရမ္းကို ေအးခဲတဲ့ ဒီလို ေနရာမွာ အသက္ရွင္သန္ဖို႔ ရုန္းကန္ၾကပံုေတြ ရိုက္ျပထားတဲ့ ဇာတ္ကား ေကာင္းေလးပါ။

Addicted (Park Young-hoon, 2002, S. Korea)

Possession (Joel Bergvall, Simon Sandquist, 2008) ဆုိၿပီး ျပန္ရိုက္ခဲ့ပါတယ္။ Lee Byung-hun ၊Lee Mi-yeon  နဲ႔ Lee Eol တို႔ ပါ၀င္ထားတဲ့ ဇာတ္ကားေကာင္းေလးပါ။ဇာတ္လမ္းေလးကေတာ့ ေတာ္ေတ္ာ ေလး စိတ္၀င္စားစရာေကာင္းပါတယ္။ညီအစ္ကို ႏွစ္ေယာက္နဲ႔ မိန္းမ တစ္ေယာက္ရဲ႕ ဇာတ္ကားေလးပါ။

READအိမ္ေထာင္က်ၿပီးေနာက္မွာ အရင္ကထက္ေတာင္ ပိုလွလာတဲ့ ေရႊမံႈရတီ

 The Eye (Pang Brothers, Hong Kong, 2002)

The Eye (David Moreau, 2008) ဆုိၿပီး ေဟာလိ၀ုဒ္က ျပန္ရိုက္ခဲ့ပါတယ္။Horror ဇာတ္ကားေလးပါ။မ်က္ၾကည္ လႊာ အစားထိုးကုသမႈ ခံယူခဲ့ၿပီးေနာက္ မလိုမုန္းတီးတဲ့ အျမင္ေတြ မ်ားလာတဲ့ မိန္းကေလးငယ္တစ္ေယာက္ရဲ႕ အေၾကာင္းေလးပါ။

Ref:Wiki

Unicode Font ဖြင့်ဖတ်ရန်

Image:imdb

အာရှဇာတ်ကားတွေကလည်း အခုဆိုရင် တဖြည်းဖြည်း ချင်း ပိုကောင်းလာပါပြီ။ဇာတ်ကားဆိုရင် ဟောလိဝုဒ် ဇာတ်ကား တွေကသာ အကောင်းဆုံးလို့ ထင်လာခဲ့ရာကနေ အခုဆိုရင်တော့ အာရှဇာတ်ကားတွေကိုပါ နေရာပါ ပေးအားပေး လာခဲ့ကြပါပြီ။ ဟောလိဝုဒ်ကပါ ပြန်ပြီး Remade လုပ်ခဲ့ရတဲ့ အထိ အရမ်းကို ကောင်းခဲ့တဲ့ အာရှဇာတ်ကားတွေ အများကြီးထဲကမှ တစ်ချို့ ကို ဖော်ပြ ပေးလိုက်ပါတယ်။

 Ju-On: The Grudge (Takashi Shimizu, Japan, 2002)

ဒီဇာတ်ကားကို တော့ ဟောလိဝုဒ်ကThe Grudge (Takashi Shimizu, 2004) ဆိုပြီး Remade ပြန်လည်ရိုက်ကူး ခဲ့တာပါ။မူလဇာတ်ကားလေးကတော့ ဂျပန်သရဲဇာတ်ကားလေးပါ။ဒါရိုက်တာကတော့ Takashi Shimizu ပါ။အငြိုးကြီးတဲ့ ဝိဉာဉ်ကြောင့် လူတွေ တစ်ယောက်ပြီး တစ်ယောက် သေကြတဲ့ ကြောက်စရာ ဇာတ်ကားပါ။

Dark Water (Hideo Nakata, Japan, 2002)

Dark Water (Walter Salles, 2005) ဆိုပြီး ဟောလိဝုဒ်က Remade လုပ်ရိုက်ကူးခဲ့ပါတယ်။ဒီဇာတ်ကားလေး ကလည်း သရဲဇာတ်ကားလေးပါ။ကျောင်းသူလေးတစ်ယောက်ရဲ့ ဝိဉာဉ် က အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ သမီးလေးကို ခြောက်လှန့်တဲ့ အကြောင်းလေးပါ။

READသူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သတ်ပြီး ဝေဖန်လာသူတွေနဲ့ တုံ့ပြန်လိုက်တဲ့ မေပန်းချီ

Antarctica (Koreyoshi Kurahara, Japan, 1983)

နောက်ထပ်တစ်ကားကလည်း ဂျပန်ဇာတ်ကားပါ။ Eight Below (Frank Marshall, 2006)ဆိုပြီး ပြန်လည် ရိုက်ကူးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ခွေးတွေ နဲ့ အတူ အန္တာတိက ကို ခရီးထွက်တဲ့ အကြောင်းလေးပါ။နောက်ဆုံး အန္တာတိက ကို စွန့်ခွာဖို့ ဖြစ်လာတဲ့ အခါမှာတော့ ပါလာတဲ့ ခွေးကို စွန့် ပစ် ခဲ့ကြ ပါတယ်။ခွေးတွေက အရမ်းကို အေးခဲတဲ့ ဒီလို နေရာမှာ အသက်ရှင်သန်ဖို့ ရုန်းကန်ကြပုံတွေ ရိုက်ပြထားတဲ့ ဇာတ်ကား ကောင်းလေးပါ။

Addicted (Park Young-hoon, 2002, S. Korea)

Possession (Joel Bergvall, Simon Sandquist, 2008) ဆိုပြီး ပြန်ရိုက်ခဲ့ပါတယ်။ Lee Byung-hun ၊Lee Mi-yeon  နဲ့ Lee Eol တို့ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းလေးကတော့ တော်တေ်ာ လေး စိတ်ဝင်စားစရာကောင်းပါတယ်။ညီအစ်ကို နှစ်ယောက်နဲ့ မိန်းမ တစ်ယောက်ရဲ့ ဇာတ်ကားလေးပါ။

READအိမ်ထောင်ကျပြီးနောက်မှာ အရင်ကထက်တောင် ပိုလှလာတဲ့ ရွှေမှုံရတီ

 The Eye (Pang Brothers, Hong Kong, 2002)

The Eye (David Moreau, 2008) ဆိုပြီး ဟောလိဝုဒ်က ပြန်ရိုက်ခဲ့ပါတယ်။Horror ဇာတ်ကားလေးပါ။မျက်ကြည် လွှာ အစားထိုးကုသမှု ခံယူခဲ့ပြီးနောက် မလိုမုန်းတီးတဲ့ အမြင်တွေ များလာတဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ အကြောင်းလေးပါ။

Ref:Wiki


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *