အိုင်အက်စ်တပ်ဖွဲ့ဝင်တွေရှိရာ ကျွန်းကို တန် ၄၀ နီးပါး ဗုံးတွေကြဲချခဲ့တဲ့ အမေရိကန်စစ်လေယာဉ်များ

အိုင်အက်စ်တပ်ဖွဲ့ဝင်တွေရှိရာ ကျွန်းကို တန် ၄၀ နီးပါး ဗုံးတွေကြဲချခဲ့တဲ့ အမေရိကန်စစ်လေယာဉ်များ

Zawgyi Font ဖြင့်ဖတ်ရန်


(Unicode)

အမေရိကန်လေတပ်ဟာ တန်ချိန် ၄၀ နီးပါးအလေးချိန်ရှိတဲ့ laser-guided ဗုံးတွေကို အိုင်အက်စ်တွေရှိနေတယ်ဆိုတဲ့ကျွန်းကို အစုလိုက် ကြဲချခဲ့ပါတယ်။ ဒီဗုံးကြဲမှုမှာ F-15 နဲ့ F-35 ဂျက်လေယာဉ်တွေ ပါဝင်ပြီး အီရတ်အလယ်ပိုင်း တိုက်ဂရစ်မြစ်ထဲမှာရှိတဲ့ Qanus ကျွန်းပေါ်ကို ကြဲချခဲ့တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Myles B Caggins က ဒီအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာပါ။

ဒီစစ်ဆင်ရေးကို အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ အီရတ်အထူးတပ်ဖွဲ့ဝင်တွေနဲ့အတူ မနေ့က(10 Sept) ျ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ ကျွန်းပေါ်မှာ ပုန်းခိုနေတဲ့ အိုက်အက်စ်တွေကို ရှင်းလင်းဖို့ တပ်ရင်း ၁ရင်းကို စေလွှတ်ပြီးနယ်မြေကို ရှင်းလင်းစေခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ အိုက်အက်စ်တွေကိုနှိမ်နှင်းရေးရဲ့တစိတ်တပိုင်းဖြစ်ပြီး အမေရိကန်စစ်ဘက်က ထုတ်ပြန်တဲ့ဗီဒီယိုမှာတော့ များပြားတဲ့ဗုံးကြဲမှုများကြောင့် တကျွန်းလုံးမှာ မီးတောက်တွေနဲ့အတူ မှိုပွင့်သဏ္ဍာန် မီးခိုးလုံးကြီးတွေ တက်လာတာကို မြင်ကြရပါတယ်။

ကျွန်းပေါ်မှာ ပုန်းအောင်းနေတဲ့ အိုင်အက်စ်တွေကို နှိမ်နှင်းပြီး ဒီနေရာကို သူတို့ရဲ့လက်ကနေ ပြန်ယူခဲ့ကြတာပါ။ သူတို့တွေကစဉ့်ကလျားဖြစ်သွားစေဖို့ ဗုံးတွေကို အရင်ကြဲခဲ့ခြင်းဖြစ်ပါတယ် လို့ စစ်ဆင်းရေးရဲ့ ကွန်မန်ဒါတစ်ယောက်ဖြစ်တဲ့ Maj Gen Eric T. Hill က ဆိုပါတယ်။ ဗီဒီယိုထဲမှာတော့ ဗုံးကြဲပြီးတာနဲ့ အီရတ်စစ်သားတွေအပြည့်ပါတဲ့ မော်တော်ဘုတ် ၂စင်းဟာ ကျွန်းအနီးကို ကပ်သွားခဲ့တာ မြင်ကြရပါတယ်။ လက်ရှိအချိန်အထိတော့ အဲဒီနေရာမှာ အိုင်အက်စ်တွေကို ရှာဖွေရှင်းလင်းနေဆဲဖြစ်ပါတယ်။

အိုက်အက်စ်တွေဟာ အီရတ် နဲ့ ဆီရီးယားက နယ်မြေအချို့ကို သိမ်းပိုက်ထားခဲ့တာ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ မဟာမိတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၁၇ ခုနှစ်မှာတော့ အီရတ်ကနေ ဆုတ်ခွာသွားခဲ့ရသလို ပြီးခဲ့တဲ့ မတ်လကလည်း ဆီရီးယားက Baghouz နယ်မြေကို လက်လွှတ်သွားခဲ့ကြပါတယ်။ ဒါပေမယ့် အိုက်အက်စ်တွေဟာ ဒီ ၂နိုင်ငံစလုံးမှာ ရှိနေဆဲဖြစ်ပါတယ်။ သူတို့ဟာ ကန္တာရဒေသတွေမှာ ပုန်းအောင်းရင်း အသေခံဗုံးခွဲတာ ၊ မြို့တွေကိုဖျက်စီးတာနဲ့ စစ်ဘက်ဆိုင်ရာကင်းတပ်တွေကို အလစ်ဝင်တိုက်တာ စတာတွေကို လုပ်ဆောင်နေဆဲပါ။

ပြီးခဲ့တဲ့လ UN ရဲ့ အစီရင်ခံစာအရတော့ လက်ရှိအချိန်အထိ အိုင်အက်စ်အဖွဲ့ဝင်ပေါင်း ၃သောင်းခန့်ရှိနေပြီး fund ငွေအနေနဲ့လည်း အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့် ပိုင်ဆိုင်ထားကြောင်း ဆိုပါတယ်။ တာဝန်ရှိသူတွေကတော့ အိုင်အက်စ် နဲ့ နောက်ကွယ်က ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ပြီး အီရတ်ကို ငြိမ်းချမ်းတဲ့နယ်မြေဖြစ်အောင် ပြန်လည်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

Hill က ဆက်လက်ပြီး “ကျွန်တော်တို့ တပ်ရင်း ၁ရင်းလုံးကို ဒီမှာရှိနေဦးမှာဖြစ်ပြီး အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုအကူအညီပေးသွားမှာပါ။ ကျွန်တော်တို့ကို မလိုအပ်တော့တဲ့အထိပေါ့” လို့ ပြောဆိုခဲ့ပါတယ်။

VIDEO

(Zawgyi)








VIDEO


Unicode Font ဖြင့်ဖတ်ရန်

Share on FacebookShare on Twitter

(Unicode)







VIDEO

(Zawgyi)

အိုင်အက်စ်တပ်ဖွဲ့ဝင်တွေရှိရာ ကျွန်းကို တန် ၄၀ နီးပါး ဗုံးတွေကြဲချခဲ့တဲ့ အမေရိကန်စစ်လေယာဉ်များ

အမေရိကန်လေတပ်ဟာ တန်ချိန် ၄၀ နီးပါးအလေးချိန်ရှိတဲ့ laser-guided ဗုံးတွေကို အိုင်အက်စ်တွေရှိနေတယ်ဆိုတဲ့ကျွန်းကို အစုလိုက် ကြဲချခဲ့ပါတယ်။ ဒီဗုံးကြဲမှုမှာ F-15 နဲ့ F-35 ဂျက်လေယာဉ်တွေ ပါဝင်ပြီး အီရတ်အလယ်ပိုင်း တိုက်ဂရစ်မြစ်ထဲမှာရှိတဲ့ Qanus ကျွန်းပေါ်ကို ကြဲချခဲ့တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Myles B Caggins က ဒီအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာပါ။

ဒီစစ်ဆင်ရေးကို အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ အီရတ်အထူးတပ်ဖွဲ့ဝင်တွေနဲ့အတူ မနေ့က(10 Sept) ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ ကျွန်းပေါ်မှာ ပုန်းခိုနေတဲ့ အိုက်အက်စ်တွေကို ရှင်းလင်းဖို့ တပ်ရင်း ၁ရင်းကို စေလွှတ်ပြီးနယ်မြေကို ရှင်းလင်းစေခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ အိုက်အက်စ်တွေကိုနှိမ်နှင်းရေးရဲ့တစိတ်တပိုင်းဖြစ်ပြီး အမေရိကန်စစ်ဘက်က ထုတ်ပြန်တဲ့ဗီဒီယိုမှာတော့ များပြားတဲ့ဗုံးကြဲမှုများကြောင့် တကျွန်းလုံးမှာ မီးတောက်တွေနဲ့အတူ မှိုပွင့်သဏ္ဍာန် မီးခိုးလုံးကြီးတွေ တက်လာတာကို မြင်ကြရပါတယ်။

ကျွန်းပေါ်မှာ ပုန်းအောင်းနေတဲ့ အိုင်အက်စ်တွေကို နှိမ်နှင်းပြီး ဒီနေရာကို သူတို့ရဲ့လက်ကနေ ပြန်ယူခဲ့ကြတာပါ။ သူတို့တွေကစဉ့်ကလျားဖြစ်သွားစေဖို့ ဗုံးတွေကို အရင်ကြဲခဲ့ခြင်းဖြစ်ပါတယ် လို့ စစ်ဆင်းရေးရဲ့ ကွန်မန်ဒါတစ်ယောက်ဖြစ်တဲ့ Maj Gen Eric T. Hill က ဆိုပါတယ်။ ဗီဒီယိုထဲမှာတော့ ဗုံးကြဲပြီးတာနဲ့ အီရတ်စစ်သားတွေအပြည့်ပါတဲ့ မော်တော်ဘုတ် ၂စင်းဟာ ကျွန်းအနီးကို ကပ်သွားခဲ့တာ မြင်ကြရပါတယ်။ လက်ရှိအချိန်အထိတော့ အဲဒီနေရာမှာ အိုင်အက်စ်တွေကို ရှာဖွေရှင်းလင်းနေဆဲဖြစ်ပါတယ်။

အိုက်အက်စ်တွေဟာ အီရတ် နဲ့ ဆီရီးယားက နယ်မြေအချို့ကို သိမ်းပိုက်ထားခဲ့တာ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ မဟာမိတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၁၇ ခုနှစ်မှာတော့ အီရတ်ကနေ ဆုတ်ခွာသွားခဲ့ရသလို ပြီးခဲ့တဲ့ မတ်လကလည်း ဆီရီးယားက Baghouz နယ်မြေကို လက်လွှတ်သွားခဲ့ကြပါတယ်။ ဒါပေမယ့် အိုက်အက်စ်တွေဟာ ဒီ ၂နိုင်ငံစလုံးမှာ ရှိနေဆဲဖြစ်ပါတယ်။ သူတို့ဟာ ကန္တာရဒေသတွေမှာ ပုန်းအောင်းရင်း အသေခံဗုံးခွဲတာ ၊ မြို့တွေကိုဖျက်စီးတာနဲ့ စစ်ဘက်ဆိုင်ရာကင်းတပ်တွေကို အလစ်ဝင်တိုက်တာ စတာတွေကို လုပ်ဆောင်နေဆဲပါ။

ပြီးခဲ့တဲ့လ UN ရဲ့ အစီရင်ခံစာအရတော့ လက်ရှိအချိန်အထိ အိုင်အက်စ်အဖွဲ့ဝင်ပေါင်း ၃သောင်းခန့်ရှိနေပြီး fund ငွေအနေနဲ့လည်း အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့် ပိုင်ဆိုင်ထားကြောင်း ဆိုပါတယ်။ တာဝန်ရှိသူတွေကတော့ အိုင်အက်စ် နဲ့ နောက်ကွယ်က ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ပြီး အီရတ်ကို ငြိမ်းချမ်းတဲ့နယ်မြေဖြစ်အောင် ပြန်လည်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

Hill က ဆက်လက်ပြီး “ကျွန်တော်တို့ တပ်ရင်း ၁ရင်းလုံးကို ဒီမှာရှိနေဦးမှာဖြစ်ပြီး အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုအကူအညီပေးသွားမှာပါ။ ကျွန်တော်တို့ကို မလိုအပ်တော့တဲ့အထိပေါ့” လို့ ပြောဆိုခဲ့ပါတယ်။

VIDEO

Share this: Related Tags: world news


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *