အရေးပြား လေးဖက်နာ အတွက် ပင်စိမ်းရွက်
Credit – ဘဝခါးခါး
အားလုံးပဲ မင်္ဂလာပါ ခင်ဗျဒီနေ့ ကျွန်တော် အရေပြား လေးဘက်နာ အကြောင်း ပြောပြပါ့မယ်။SLE ဆိုတာဘာလဲ…?SLE ဆိုတာက အရေပြား လေးဘက်နာ ရောဂါ ကိုဆိုလိုပြီး အပြည့်အစုံက(Systemic Lupus Erythematosus)ဖြစ်ပါတယ်။အရေပြား လေးဘက်နာ ရောဂါ ဟာ(Lupus)လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ဒီပိုးဟာ နာတာရှည် ဖူးရောင်တတ်တဲ့ပိုး(Lupus is a chronic inflammatory disease)ဖြစ်ပါတယ်။သူဟာ ကူးစက် ရောဂါ မဟုတ်ပါဘူး။ကိုယ်ခံအားစနစ် ပြောင်းလဲဖြစ်တည်သွားတဲ့ ရောဂါ ပါ။တနည်းအားဖြင့် ကိုယ်ခံအားထကြွတဲ့(Autoimmune) ရောဂါ တစ်ခုပါ။ကိုယ့်ဆီကနေသူများဆီကိုမကူးဘူး..သူများဆီက ရောဂါ တွေက ကိုယ့်ဆီကို ကူးလာတတ်ပါတယ်။ မျိုးရိုး နဲ့အနည်းအပါးဆိုင်ပေမဲ့ လေထု၊နေထု၊ရေထု၊ လူမှု ပတ်ဝန်းကျင် နဲ့လည်း သက်ဆိုင်ပါတယ်။ အရေပြား လေးဘက်နာ ရောဂါ က အမြင့်ဆုံး လေးဘက်နာ လို့ ပြောလို့ရတယ်။ ကျောက်ကပ် ပျက်စီးပြီး ဆီးသွားရင် နာကျင်တတ်တယ်။ပြီးတော့..နေရောင်ခြည်ထိ့တွေ့လို့မရဘူး။အစားအသောက် ကို အသား၊ငါး၊ဟင်းသီး၊ဟင်းရွက် မျှတမှုရှိအောင် စားတတ်ဖို့လိုပါတယ်။အသင့်ပြုလုပ်ပြီးသား အစားအစာနှင့်မကျက်တကျက် အစားအစာများ လုံးဝမစားသုံပါနဲ့။
ရောဂါ တစ်ခု ဖြစ်လာရင် သူ့နဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှု(Affect)ဆိုးကျိုးတွေက အများကြီးပါ။ဒီပိုးကြောင့် မိမိ ခန္ဓာကိုယ် အစိတ်အပိုင်းမှာ မတူညီတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။Lupus ပိုးကြောင့် အရေပြား၊အဆစ်၊ကျောက်ကပ်၊အဆုပ်၊သွေးကလာပ်စည်းများ၊နှလုံး နှင့် ဦးနှောက်ပိုင်းဆိုင်ရာများကို ပျက်စီးဆုံးစေပါတယ်။ဒီ ရောဂါ ဟာ အမျိုးသား တွေမှာ အဖြစ်နည်းပြီး အမျိုးသမီး တွေမှာ အဖြစ်များပါတယ်။ဒီ ရောဂါ ကျရောက်လာပြီဆိုရင်တော့….ခန္ဓာကိုယ်အစိတ်အပိုင်းလိုက် မတူညီတဲ့ ဆိုးကျိုးတွေ ကြုံတွေ့လာရမှာ ဧကံမလွဲပါ၊၊ဥပအားဖြင့် – ဦးနှောက် နှင့်အာရုံကြောစနစ်မှာကြတော့.. ခေါင်းကိုက်ခြင်း၊ ထုံခြင်း၊စပ်ဖျင်းဖျင်းခံစားရခြင်း၊လေသင်တုန်းဖြတ်ခြင်း၊ ရူပါရုံကိုပြဿနာများ နှင့် ကိုယ်ရည်ကိုယ်သွေးအပြောင်းအလဲများ ဖြစ်ပေါ်တတ်ပါတယ်။အစာခြေဖျက်တဲ့အပိုင်းမှာကျတော့..ဝမ်းဗိုက်နာကျင်မှု၊မအီမသာဖြစ်ခြင်း၊ပျို့ခြင်း၊အန်ခြင်းများဖြစ်တတ်ပါတယ်။နှလုံးနဲ့ပတ်သက်လာရင်တော့..နှလုံးခုန် ပုံမှန်မဟုတ်ခြင်း။
အဆုပ်နဲ့ပတ်သက်လာရင်တော့..ချောင်းဆိုးရင် သွေးပါတတ်ခြင်း၊အသက်ရှုမဝခြင်းနှင့်ခက်ခဲခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။အရေပြား နဲ့ပတ်သက်ပြီးတော့..ခန္ဓာကိုယ် ပေါ်၌ လိပ်ပြာတောင်အနီရောင်အကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ်လာတတ်ခြင်း၊လက်အချောင်းလေးတွေမှာ အဖြူရောင်၊အနီရောင်၊အပြာရောင်အကွက်လေးများပေါ်လာပြီး စပ်ဖျင်းဖျင်းဖြစ်တတ်ခြင်း။ခပ်စိပ်စိပ် ဖျားနာတတ်ခြင်း၊အားအင်ကုန်ခမ်းပြီး နုံးချိခြင်းများ။ကျောက်ကပ် နဲ့ပတ်သက်ပြီးတော့..ခြေထောက်တွေရောင်လာမယ်၊ပြီးတော့ ခန္ဓာကိုယ် ဝိတ်တက်ပြီးအလေးချိန်တိုးလာမယ်။နောက်ထပ် ဖြစ်ပေါ်တတ်တဲ့ ပြသနာ တွေကတော့FatigueHair loss(ဆံပင်ကျွက်ခြင်း၊ဆံပင်နည်းပါးလာခြင်း)Joints(အဆစ်များ ကိုက်ခဲခြင်း)၊Anaemia(သွေးအားနည်းရောဂါ)၊Blood-clotting problems(သွေးခဲတတ်တဲ့ပြသနာများ)၊Mouth sores(ပါးစပ်နာကျင်ခြင်း)၊Swollen lymph nodes(မိမိ၏ နှာခေါင်း၊နှာဖြားအထက်မှာ အရည်ကြည်ဖုလေးများ ပေါ်လာပြီး ဖူးရောင်တတ်ခြင်း)၊Chest pain when taking a deep breath(စကားကျယ်လောင်စွာပြောဆိုသည့်အခါ၊အသက်ပြင်းပြင်းရှုသွင်းတဲ့အခါများ၌ မိမိ၏ ရင်ဘက်နာကျင်ခြင်းများ ဖြစ်ပေါ်တတ်သည့်အပြင် အိပ်မပျော်ခြင်းများလည်း ဖြစ်ပေါ်တတ်ပါတယ်။ရံဖန်ရံခါ၌ အကျိတ်များလည်း ထွက်ပေါ်လာတတ်ပါတယ်။ဒီ ရောဂါ ဟာ ပြောပြရမယ်ဆိုရင် ကုန်မှာမဟုတ်ပါဘူး..နည်းနည်းတော့ လေရှည်သွားတယ်ထင်တယ်၊၊
ကျွန်တော် ဆက်လက်ပြောပြချင်တာကသူ့ကို ပျောက်ကင်းသက်သာအောင် ကုသမယ်ဆိုရင် အင်္ဂလိပ်ဆေးဝါးတွေ စားသုံးနိုင်သလို အိမ်တွင်းကုထုံး သဘာဝ ဆေးဝါးတွေနဲ့လည်း သက်သာပျောက်ကင်းအောင် ပြုလုပ်လို့ရပါတယ်။ကျွန်တော်ကတော့ အင်္ဂလိပ်ဆေးနဲ့ပတ်သက်ပြီး ညွှန်ပြလေ့ မရှိပါဘူး..ကျွန်တော်က အိမ်တွင်းကုထုံး သဘာဝဆေးနည်းတွေသာ ဦးစားပေး ဖော်ပြတတ်ပါတယ်။တကယ်ပျောက်ကင်းပါတယ်လို့တော့ အဆုံးစွန်းထိ့ရောက်အောင် မပြောချင်ပေမဲ့ သောက်ကြည့်ပါ၊စားသုံးကြည့်ပါ လို့တော့ လမ်းညွှန်ပေးချင်ပါတယ်။ဥပမာ..နာကျင်မှုတွေ ပျောက်ကင်းသက်သာအောင် နာနတ်သီး များများစားပေးပါ။ နောက်တည်းက..သွေးသန့်စင်အောင် နနွင်းမှုန့် နေ့စဉ်သောက်ပေးပါ။နောက်တနည်းက..ပင်စိမ်းရွက်ကို အရည်ညှစ်သောက်ပါ။နောက်တနည်းက..လက်ဖက်ရွက်ပါတဲ့ လက်ဖက်ရည် များများသောက်ပေးပါ။နောက်တနည်းက..လတ်ဆတ်သော အသားငါးနှင့်အသီးအနှံများကို များများ စားသုံးပေးသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။(လေ့လာရှာဖွေချိန်နဲ့စာစီရေးသားချိန် ၃နာရီ ကြာမြင့်ပါတယ်)