အေၾကာေသေနတဲ့ခ်စ္သူကို ျငိဳျငင္မႈမရွိပဲ(၃)ႏွစ္ၾကာေစာင့္ေရွာက္ခဲ့တဲ့အမ်ိဳးသား

အေၾကာေသေနတဲ့ခ်စ္သူကို ျငိဳျငင္မႈမရွိပဲ(၃)ႏွစ္ၾကာေစာင့္ေရွာက္ခဲ့တဲ့အမ်ိဳးသား

Zawgyi Font ျဖင့္ဖတ္ရန္

Twitter “worldofbuzz”

အြန္လိုင္းေပၚမွာေတြ႔လို႔အခ်စ္မစစ္ဘူးမထင္ပါနဲ႔။အြန္လိုင္းေပၚမွာေတြ႔ျပီးညားသြားၾကတဲ့သူေတြအမ်ားၾကီးပါ။အဲ့ထဲကမွအြန္လိုင္းေပၚမွာေတြ႔ျပီးခ်စ္သြားၾကကာ အျပင္မွာေတြ႔ဆံုဖို႔ခ်ိန္းရင္း မေတာ္တဆမႈတစ္ခုေၾကာင့္ အိပ္ယာထဲလဲ သြားရတဲ့ခ်စ္သူကို ေန႔စဥ္မျပတ္ေစာင့္ေရွာက္မႈေတြလုပ္ေပးခဲ့တဲ့ ထိုင္းႏိုင္ငံကအမ်ိဳးသားတစ္ေယာက္လည္း အပါအ၀င္ျဖစ္တယ္လုိ႔ worldofbuzz က ေဖာ္ျပပါတယ္။

ထိုင္းႏိုင္ငံ ခ်င္းမိုင္ျမိဳ႕မွာေနတဲ့ အသက္(၃၁)ႏွစ္အရြယ္အမ်ိဳးသား Narawut Phongyen ဟာ မေတာ္တဆမႈတစ္ခုေၾကာင့္ အေၾကာေသသြားခဲ့တဲ့ အသက္(၂၁)ႏွစ္အရြယ္ခ်စ္သူမိန္းကေလး Patcharaphan Lenkham ကို ျငိဳျငင္မႈေတြမရွိပဲၾကည့္႐ႈေစာင့္ေရွာက္ခဲ့ပါတယ္။

Youtube

သူတို႔ႏွစ္ေယာက္ဟာ (၂၀၁၅)ခုႏွစ္ဇူလိုင္လတုန္းက ဆိုရွယ္မီဒီယာကေနတစ္ဆင့္ေတြ႔ဆံုခဲ့ၾကတာပါ။ သူတို႔တစ္ေယာက္နဲ႔တစ္ေယာက္ အြန္လိုင္းေပၚမွာခင္လာျပီး (၇)လအၾကာ (၂၀၁၆)ခုႏွစ္ေဖေဖာ္၀ါရီလမွာ ပထမဆံုးေတြ႔ဆံုဖို႔ခ်ိန္းဆိုခဲ့ၾကပါတယ္။ Patcharapan ဟာ ခ်ိန္းဆိုထားတဲ့ေနရာကိုလာရင္း လမ္းမွာမေတာ္တဆမႈ တစ္ခုျဖစ္ပြားခဲ့ျပီး ျပင္းထန္တဲ့ဒဏ္ရာရရွိခဲ့ပါတယ္။

ဒီမေတာ္တဆမႈအတြင္း Patcharapan ဟာ ေက်ာရိုးမၾကီးနဲ႔ခ်ိတ္ဆက္ထားတဲ့အဆစ္ဟာကၽြံသြားခဲ့ကာ လည္ပင္းေအာက္ပိုင္းတစ္ေလွ်ာက္အေၾကာေသသြားခဲ့ျပီး သူမရဲ႕လက္မေလးေတြသာလႈပ္ရွားႏိုင္ပါေတာ့တယ္။

Youtube

Narawut ဟာ Patcharaphan ရဲ႕သတင္းကိုၾကားၾကားခ်င္း သူတို႔ႏွစ္ေယာက္ေတြ႔ဆံုဖို႔ခ်ိန္ထားတဲ့စားေသာက္ဆိုင္ ကေနေဆးရံုကိုခ်က္ခ်င္းေရာက္ရွိလာခဲ့ပါတယ္။သူတို႔ႏွစ္ေယာက္ပထမဆံုးေတြ႕ဆံုခ်ိန္မွာ Patcharaphan ကေတာ့ ေဆးရံုရဲ႕ကုတင္ေပၚမွာသာလွဲေနရတဲ့အေနအထားကိုေရာက္ရွိေနပါျပီ။ဒါေပမယ့္ Narawut ဟာ Patcharaphan ကိုစြန္႔ခြာသြားျခင္းမရွိပါဘူး။

Narawut က Patcharaphan ကိုခ်စ္တဲ့အတြက္ သူတုိ႔ထားခဲ့တဲ့ကတိေတြအတိုင္း ေန႔တိုင္းလာေရာက္ျပီးေစာင့္ေရွာက္မႈေတြလုပ္ေဆာင္ခဲ့ပါတယ္။(၃)ႏွစ္လံုးတစ္ရက္မွပ်က္ကြက္ခဲ့ျခင္းမရွိပါဘူး။ Narawut ဟာ Patcharaphan ရဲ႕အိမ္ကိုေန႔တိုင္းလာျပီး သူမရဲ႕အ၀တ္ေတြကိုေလွ်ာ္ေပးကာ သူမအခန္းကိုလည္းသန္႔ရွင္းေရးေတြေန႔စဥ္မပ်က္လုပ္ေဆာင္ေပးပါတယ္။

Youtube

Narawut ဟာ Patcharaphan ရဲ႕ေသေနတဲ့အေၾကာေတြျပန္လည္လႈပ္ရွားႏိုင္ဖို႔ကူညီေဆာင္ရြက္ေပးခဲ့တဲ့အတြက္ အခုဆိုရင္ Patcharaphan ရဲ႕လက္ေမာင္းေတြဟာအရင္အတိုင္းျပန္လည္လႈပ္ရွားႏိုင္ေနျပီျဖစ္ပါတယ္။

(၂၀၁၉)ခုႏွစ္ၾသဂုတ္လ(၂၉)ရက္ေန႔မွာေတာ့ ဗီဒီယိုဖိုင္တစ္ခုထြက္ေပၚလာခဲ့ပါတယ္။အဲ့ဒီဗီဒီယိုထဲမွာ Narawut ဟာ သူ႔ရဲ႕ေန႔လယ္စာနဲ႔အတူ Patcharaphan အတြက္အသီးအႏွံေတြ၀ယ္လာျပီး Patcharaphan အိမ္ကိုလာေနတာျဖစ္ပါတယ္။ဒီဗီဒီယိုထဲမွာေတာ့ သူမအခုလိုေတြျပန္လည္လႈပ္ရွားႏိုင္လာတာ သူမရဲ႕ခ်စ္သူကအေကာင္းဆံုးၾကိဳးစားေစာင့္ေရွာက္ေပးခဲ့တာေၾကာင့္ျဖစ္တယ္လို႔ Patcharaphan ကေျပာပါတယ္။

တစ္ရက္မွာေတာ့ သူတို႔အတူေနထိုင္ျပီး မိသားစုေလးတစ္ခုကိုစတင္ႏိုင္ဖို႔ေမွ်ာ္လင့္တယ္လို႔လည္း သူတို႔စံုတြဲကေျပာခဲ့ပါတယ္။

Thae

READေပါင္မုန္႔မ်ိဳးစုံေပၚကုိ မ်က္ႏွာလွိမ့္ျပရံုနဲ႔ အြန္းလုိင္းေပၚမွာ ၀င္ေငြရေနတဲ့ ေကာင္မေလး

 

Unicode Font ဖြင့်ဖတ်ရန်

Twitter “worldofbuzz”

အွန်လိုင်းပေါ်မှာတွေ့လို့အချစ်မစစ်ဘူးမထင်ပါနဲ့။အွန်လိုင်းပေါ်မှာတွေ့ပြီးညားသွားကြတဲ့သူတွေအများကြီးပါ။အဲ့ထဲကမှအွန်လိုင်းပေါ်မှာတွေ့ပြီးချစ်သွားကြကာ အပြင်မှာတွေ့ဆုံဖို့ချိန်းရင်း မတော်တဆမှုတစ်ခုကြောင့် အိပ်ယာထဲလဲ သွားရတဲ့ချစ်သူကို နေ့စဉ်မပြတ်စောင့်ရှောက်မှုတွေလုပ်ပေးခဲ့တဲ့ ထိုင်းနိုင်ငံကအမျိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်တယ်လို့ worldofbuzz က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာနေတဲ့ အသက်(၃၁)နှစ်အရွယ်အမျိုးသား Narawut Phongyen ဟာ မတော်တဆမှုတစ်ခုကြောင့် အကြောသေသွားခဲ့တဲ့ အသက်(၂၁)နှစ်အရွယ်ချစ်သူမိန်းကလေး Patcharaphan Lenkham ကို ငြိုငြင်မှုတွေမရှိပဲကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။

Youtube

သူတို့နှစ်ယောက်ဟာ (၂၀၁၅)ခုနှစ်ဇူလိုင်လတုန်းက ဆိုရှယ်မီဒီယာကနေတစ်ဆင့်တွေ့ဆုံခဲ့ကြတာပါ။ သူတို့တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းပေါ်မှာခင်လာပြီး (၇)လအကြာ (၂၀၁၆)ခုနှစ်ဖေဖော်ဝါရီလမှာ ပထမဆုံးတွေ့ဆုံဖို့ချိန်းဆိုခဲ့ကြပါတယ်။ Patcharapan ဟာ ချိန်းဆိုထားတဲ့နေရာကိုလာရင်း လမ်းမှာမတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပြီး ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီမတော်တဆမှုအတွင်း Patcharapan ဟာ ကျောရိုးမကြီးနဲ့ချိတ်ဆက်ထားတဲ့အဆစ်ဟာကျွံသွားခဲ့ကာ လည်ပင်းအောက်ပိုင်းတစ်လျှောက်အကြောသေသွားခဲ့ပြီး သူမရဲ့လက်မလေးတွေသာလှုပ်ရှားနိုင်ပါတော့တယ်။

Youtube

Narawut ဟာ Patcharaphan ရဲ့သတင်းကိုကြားကြားချင်း သူတို့နှစ်ယောက်တွေ့ဆုံဖို့ချိန်ထားတဲ့စားသောက်ဆိုင် ကနေဆေးရုံကိုချက်ချင်းရောက်ရှိလာခဲ့ပါတယ်။သူတို့နှစ်ယောက်ပထမဆုံးတွေ့ဆုံချိန်မှာ Patcharaphan ကတော့ ဆေးရုံရဲ့ကုတင်ပေါ်မှာသာလှဲနေရတဲ့အနေအထားကိုရောက်ရှိနေပါပြီ။ဒါပေမယ့် Narawut ဟာ Patcharaphan ကိုစွန့်ခွာသွားခြင်းမရှိပါဘူး။

Narawut က Patcharaphan ကိုချစ်တဲ့အတွက် သူတို့ထားခဲ့တဲ့ကတိတွေအတိုင်း နေ့တိုင်းလာရောက်ပြီးစောင့်ရှောက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။(၃)နှစ်လုံးတစ်ရက်မှပျက်ကွက်ခဲ့ခြင်းမရှိပါဘူး။ Narawut ဟာ Patcharaphan ရဲ့အိမ်ကိုနေ့တိုင်းလာပြီး သူမရဲ့အဝတ်တွေကိုလျှော်ပေးကာ သူမအခန်းကိုလည်းသန့်ရှင်းရေးတွေနေ့စဉ်မပျက်လုပ်ဆောင်ပေးပါတယ်။

Youtube

Narawut ဟာ Patcharaphan ရဲ့သေနေတဲ့အကြောတွေပြန်လည်လှုပ်ရှားနိုင်ဖို့ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် အခုဆိုရင် Patcharaphan ရဲ့လက်မောင်းတွေဟာအရင်အတိုင်းပြန်လည်လှုပ်ရှားနိုင်နေပြီဖြစ်ပါတယ်။

(၂၀၁၉)ခုနှစ်သြဂုတ်လ(၂၉)ရက်နေ့မှာတော့ ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာ Narawut ဟာ သူ့ရဲ့နေ့လယ်စာနဲ့အတူ Patcharaphan အတွက်အသီးအနှံတွေဝယ်လာပြီး Patcharaphan အိမ်ကိုလာနေတာဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့ သူမအခုလိုတွေပြန်လည်လှုပ်ရှားနိုင်လာတာ သူမရဲ့ချစ်သူကအကောင်းဆုံးကြိုးစားစောင့်ရှောက်ပေးခဲ့တာကြောင့်ဖြစ်တယ်လို့ Patcharaphan ကပြောပါတယ်။

တစ်ရက်မှာတော့ သူတို့အတူနေထိုင်ပြီး မိသားစုလေးတစ်ခုကိုစတင်နိုင်ဖို့မျှော်လင့်တယ်လို့လည်း သူတို့စုံတွဲကပြောခဲ့ပါတယ်။

Thae

READပေါင်မုန့်မျိုးစုံပေါ်ကို မျက်နှာလှိမ့်ပြရုံနဲ့ အွန်းလိုင်းပေါ်မှာ ဝင်ငွေရနေတဲ့ ကောင်မလေး

 


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *