ဦးေဆာင္စကားေျပာသူက ဆက္တုိက္ေလလည္လုိ႔ အစည္းအေဝး ရပ္ဆုိင္းခဲ့တဲ့ ကင္ညာႏုိင္ငံ

ဦးေဆာင္စကားေျပာသူက ဆက္တုိက္ေလလည္လုိ႔ အစည္းအေဝး ရပ္ဆုိင္းခဲ့တဲ့ ကင္ညာႏုိင္ငံ

Zawgyi Font ျဖင့္ဖတ္ရန္

Homa Bay County Assembly

ကင္ညာႏုိင္ငံက ၿမိဳ႕ငယ္ေလးတစ္ခုမွာ ျပဳလုပ္ခဲ့တဲ့ အေျခအတင္ ေဆြးေႏြးပဲြတစ္ခုမွာ ဦးေဆာင္စကားေျပာသူေတြအနက္ တစ္ဦးက ေလမၾကာခဏ လည္ေနတဲ့အတြက္ အစည္းအေဝးကို ရပ္ဆုိင္းခဲ့ရသည္အထိ ျဖစ္ခဲ့ရတယ္လုိ႔ Metro သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ အဲဒီအစည္းအေဝးဟာ ကင္ညာရဲ႕ ေဒသဆုိင္ရာ ေတြ႕ဆုံပြဲတစ္ခုလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ (၇)ရက္၊ ဗုဒၶဟူးေန႔က Homa Bay County မွာက်င္းပခဲ့တဲ့ အဲဒီပြဲကုိ အေျခအတင္ ေဆြးေႏြးခဲ့ၾကၿပီး၊ ေဒသဆုိင္ရာ လူႀကီးေတြလည္း တက္ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ အစည္းအေဝးမွာ လူေတြ ႏွာေခါင္းတ႐ႈံ႕႐ႈံ႕နဲ႔ မသတီဖြယ္အျဖစ္ကုိ ႀကဳံခဲ့ရၿပီး၊ အေတာ္ေလး စိတ္အေႏွာက္အယွက္ ျဖစ္ခဲ့ပုံပါဘဲ။

Homa Bay County Assembly

ေနာက္ဆုံးေတာ့ ေဟာေျပာသူတစ္ဦးျဖစ္တဲ့ Julius Gaya က ေနရာကေန မက္တပ္ရပ္ၿပီး “ေလးစားရပါေသာ ေဟာေျပာသူမ်ားခင္ဗ်ား .. ကၽြန္ေတာ္တုိ႔ထဲက တစ္ေယာက္ကေတာ့ ခန္းမတြင္းက ေလထုကို ညစ္ညမ္းေအာင္ လုပ္ေနပါတယ္ … အဲဒီလူ ဘယ္သူဆုိတာလည္း ကၽြန္ေတာ္ သိပါတယ္ ”လုိ႔ ေျပာခဲ့ပါတယ္။

စြပ္စြဲခံရသူက “ကၽြန္ေတာ္ ေပါက္တာ မဟုတ္ဘူးေနာ္ … ကၽြန္ေတာ့္အေပါင္းအသင္းေတြေရွ႕မွာ ကၽြန္ေတာ္ ဒီလုိ လုပ္ေလ့မရွိပါဘူး ”လုိ႔ ျငင္းဆုိခဲ့ပါတယ္။ ေဟာေျပာသူ Edwin Kakach က “ အားလုံး အျပင္ထြက္ေပးၾကပါ … ဒါမွ အဆင္ေျပမယ္ … ေနာက္ၿပီး ႐ုံးခန္းေတြထဲကေန အဲဖရက္ရွာေတြ ယူလာခဲ့ပါ … ဗနီလာပဲျဖစ္ျဖစ္၊ စေတာ္ဘယ္ရီပဲ ျဖစ္ျဖစ္ေပါ့ … ”လုိ႔ အႀကံေပးခဲ့တယ္လုိ႔ သိရပါတယ္။

Homa Bay County Assembly

သူက ဆက္လက္ၿပီး “ ဒီေလာက္ ဆုိးရြားတဲ့ ေလထုအတြင္းမွာ ကၽြန္ေတာ္တုိ႔ ဆက္ထုိင္ဖုိ႔ မျဖစ္ႏုိင္ပါဘူး … ”လုိ႔ ထပ္ေလာင္း ေျပာခဲ့ပါသတဲ့။ အားလုံးဟာ ေလေကာင္းေလသန္႔ရဖုိ႔နဲ႔ အစည္းေဝးခန္းမအတြင္းက ေလထုညစ္ညမ္းမႈ ေျပေလာက္တဲ့အခ်ိန္မွ အစည္းအေဝးကုိ ဆက္ၿပီး က်င္းပခဲ့ၾကပါသတဲ့။

ေလလည္မႈဆုိတာ ထိန္းခ်ဳပ္ထားသင့္တဲ့ အရာမဟုတ္ဘူးလုိ႔ University of Newcastle မွ ပါေမာကၡ Clare Collins က ေျပာပါတယ္။ က်န္းမာေရးအရ ဆုိတာထက္၊ ေလဟာ ေအာက္ကေန လည္လုိ႔မရဘူးဆုိရင္ ပါးစပ္ကေန ျပန္ထြက္တတ္လုိ႔ပါတဲ့။ ေျပာရရင္ ေလခ်ဥ္တက္တာမ်ိဳးဟာ ပါးစပ္ကေန ေလလည္ျခင္းတစ္မ်ိဳးပဲလုိ႔ ဆုိပါတယ္။ ဒီေတာ့ ဒီေလာက္ဆုိးရြားတဲ့ အနံ႔ကို ဘယ္သူမွ ပါးစပ္ကေန မထုတ္ခ်င္ၾကေလာက္ပါဘူး။

လင္းသူရိန္

Unicode Font ဖြင့်ဖတ်ရန်

Homa Bay County Assembly

ကင်ညာနိုင်ငံက မြို့ငယ်လေးတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အခြေအတင် ဆွေးနွေးပွဲတစ်ခုမှာ ဦးဆောင်စကားပြောသူတွေအနက် တစ်ဦးက လေမကြာခဏ လည်နေတဲ့အတွက် အစည်းအဝေးကို ရပ်ဆိုင်းခဲ့ရသည်အထိ ဖြစ်ခဲ့ရတယ်လို့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဲဒီအစည်းအဝေးဟာ ကင်ညာရဲ့ ဒေသဆိုင်ရာ တွေ့ဆုံပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၇)ရက်၊ ဗုဒ္ဓဟူးနေ့က Homa Bay County မှာကျင်းပခဲ့တဲ့ အဲဒီပွဲကို အခြေအတင် ဆွေးနွေးခဲ့ကြပြီး၊ ဒေသဆိုင်ရာ လူကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အစည်းအဝေးမှာ လူတွေ နှာခေါင်းတရှုံ့ရှုံ့နဲ့ မသတီဖွယ်အဖြစ်ကို ကြုံခဲ့ရပြီး၊ အတော်လေး စိတ်အနှောက်အယှက် ဖြစ်ခဲ့ပုံပါဘဲ။

Homa Bay County Assembly

နောက်ဆုံးတော့ ဟောပြောသူတစ်ဦးဖြစ်တဲ့ Julius Gaya က နေရာကနေ မက်တပ်ရပ်ပြီး “လေးစားရပါသော ဟောပြောသူများခင်ဗျား .. ကျွန်တော်တို့ထဲက တစ်ယောက်ကတော့ ခန်းမတွင်းက လေထုကို ညစ်ညမ်းအောင် လုပ်နေပါတယ် … အဲဒီလူ ဘယ်သူဆိုတာလည်း ကျွန်တော် သိပါတယ် ”လို့ ပြောခဲ့ပါတယ်။

စွပ်စွဲခံရသူက “ကျွန်တော် ပေါက်တာ မဟုတ်ဘူးနော် … ကျွန်တော့်အပေါင်းအသင်းတွေရှေ့မှာ ကျွန်တော် ဒီလို လုပ်လေ့မရှိပါဘူး ”လို့ ငြင်းဆိုခဲ့ပါတယ်။ ဟောပြောသူ Edwin Kakach က “ အားလုံး အပြင်ထွက်ပေးကြပါ … ဒါမှ အဆင်ပြေမယ် … နောက်ပြီး ရုံးခန်းတွေထဲကနေ အဲဖရက်ရှာတွေ ယူလာခဲ့ပါ … ဗနီလာပဲဖြစ်ဖြစ်၊ စတော်ဘယ်ရီပဲ ဖြစ်ဖြစ်ပေါ့ … ”လို့ အကြံပေးခဲ့တယ်လို့ သိရပါတယ်။

Homa Bay County Assembly

သူက ဆက်လက်ပြီး “ ဒီလောက် ဆိုးရွားတဲ့ လေထုအတွင်းမှာ ကျွန်တော်တို့ ဆက်ထိုင်ဖို့ မဖြစ်နိုင်ပါဘူး … ”လို့ ထပ်လောင်း ပြောခဲ့ပါသတဲ့။ အားလုံးဟာ လေကောင်းလေသန့်ရဖို့နဲ့ အစည်းဝေးခန်းမအတွင်းက လေထုညစ်ညမ်းမှု ပြေလောက်တဲ့အချိန်မှ အစည်းအဝေးကို ဆက်ပြီး ကျင်းပခဲ့ကြပါသတဲ့။

လေလည်မှုဆိုတာ ထိန်းချုပ်ထားသင့်တဲ့ အရာမဟုတ်ဘူးလို့ University of Newcastle မှ ပါမောက္ခ Clare Collins က ပြောပါတယ်။ ကျန်းမာရေးအရ ဆိုတာထက်၊ လေဟာ အောက်ကနေ လည်လို့မရဘူးဆိုရင် ပါးစပ်ကနေ ပြန်ထွက်တတ်လို့ပါတဲ့။ ပြောရရင် လေချဉ်တက်တာမျိုးဟာ ပါးစပ်ကနေ လေလည်ခြင်းတစ်မျိုးပဲလို့ ဆိုပါတယ်။ ဒီတော့ ဒီလောက်ဆိုးရွားတဲ့ အနံ့ကို ဘယ်သူမှ ပါးစပ်ကနေ မထုတ်ချင်ကြလောက်ပါဘူး။

လင်းသူရိန်


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *