ေဘာလံုးပြဲမွာ ေဆးလိပ္ေသာက္ေနတယ္ဆိုတဲ့ ကေလးရဲ႕ ေနာက္ကြယ္ကအမွန္တရား

ေဘာလံုးပြဲမွာ ေဆးလိပ္ေသာက္ေနတယ္ဆိုတဲ့ ကေလးရဲ႕ ေနာက္ကြယ္ကအမွန္တရား

Zawgyi Font ျဖင့္ဖတ္ရန္

@objektifdegilim/Twitter

ႏုိင္ငံတုိင္းရဲ႕ဥပေဒကေတာ့ ေဆးလိပ္ဆိုတာ အသက္ ၁၈ ႏွစ္ သုိ႔မဟုတ္ ၂၁ ႏွစ္ျပည့္ၿပီးသူမ်ားကိုသာ ေရာင္းခ်ရမယ္၊ ေသာက္ရမယ္ဆိုၿပီး သတ္မွတ္ခ်က္တစ္ခုရွိေနပါတယ္။ တခ်ိဳ႕ႏုိင္ငံေတြမွာဆုိရင္ အသက္မျပည့္တဲ့ကေလးတစ္ေယာက္ ေဆးလိပ္ေသာက္တာေတြ႕ၿပီဆုိတာနဲ႔ ကေလးကို သုိ႔မဟုတ္ မိဘ သို႔မဟုတ္ ကေလးေရာ မိဘကိုပါ အေရးယူႏုိင္တဲ့ ျပင္းျပင္းထန္ထန္ဥေပဒေတြပါ ထားရွိေပးထားတာပါ။

စက္တင္ဘာလ ၈ ရက္ေန႔တုန္းကေတာ့ တစ္ႏုိင္ငံလံုးၾကည့္ေနၾကတဲ့ တူရကီႏုိင္ငံကေဘာလံုးပြဲႀကီးကို လႊင့္ေနတဲ့ရုပ္သံလိုင္းအစီအစဥ္တစ္ခုမွာ ဖ်တ္ခနဲ႔ပါလာတဲ့ျမင္ကြင္းတစ္ခုေၾကာင့္ ၾကည့္ရႈသူေတြအေနနဲ႔ စိတ္ႏွလံုးမခ်မ္းေျမ့စရာျဖစ္ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ကေလးတစ္ေယာက္ ေဆးလိပ္ကိုအားရပါးရေသာက္ေနလို႔ပါတဲ့။

 

Fenerbahçe ve Bursaspor’un çocuklar için düzenlediği maçtaki görüntüye bak ahdsahjadshjajhajh pic.twitter.com/2WPsqTpLrU

— Nikola (@objektifdegilim) September 8, 2019

ဗီဒီယိုထဲမွာပါတဲ့ အက်ႌအစိမ္း၊ မာဖလာအစိမ္းေရာင္ပတ္ထားတဲ့ ကေလးေလးတစ္ေယာက္ဟာ စီးကရက္လက္ၾကားညွပ္ၿပီး ေသာက္ေနလိုက္တာမ်ား ဟန္က်ပန္က်နဲ႔ေပါ့။ အသက္ ကေတာ့ အလြန္ဆံုးရွိေလာက္မွ ၁၂ ႏွစ္ေလာက္လုိ႔ ထင္ရတဲ့အရြယ္ေလးဟာ လူတုိင္းလာေနတဲ့ေဘာလံုးပြဲလို ေနရာမွာ ေဆးလိပ္ထုိင္ေသာက္ေနတယ္၊ ၿပီးေတာ့ ဒီအျဖစ္အပ်က္ဟာလည္း ရုပ္သံလိုင္းမွာ ပါေနတယ္ဆိုေတာ့ တူရကီျပည္သူေတြအတြက္ သိပ္ဘဝင္မက်စရာပါပဲ။ ေနာက္ၿပီး ေဘးမွာလည္း သူနဲ႔အသက္မတိမ္းမယိမ္းလို႔ ယူဆရတဲ့ကေလးေလးတစ္ေယာက္လည္း ရွိေနခဲ့တာပါ။

READeBayမွာ ေလလံတင္ေရာင္းခ်မယ့္ ကမာၻ႕အႀကီးဆံုး ဘရာစီယာ

ဒါေပမဲ့ ဒီဗီဒီယိုရဲ႕အျဖစ္မွန္ကေတာ့ ဒီလိုပါတဲ့။ ေဆးလိပ္ေသာက္ေနတဲ့သူဟာ ကေလးလို႔ထင္ရေပမယ့္ တကယ္တမ္းေတာ့ အသက္ ၃၆ ႏွစ္အရြယ္ရွိလို႔ေနပါၿပီ။ ေမြးရာပါခ်ိဳ႕တဲ့မႈေၾကာင့္ ဖံြ႕ၿဖိဳးမႈအားနည္းေနခဲ့တာပါတဲ့။ ေဘးမွာထုိင္ေနတဲ့ကေလးေလးကလည္း သူ႕ရဲ႕သားျဖစ္ပါတယ္။ Yüreğini Koy Ortaya qdkwJh  Instagram account မွာ မွ်ေဝထားခဲ့လို႔လည္း သူဟာ အသက္ ၃၆ ႏွစ္မွန္းအျေဖေပၚခဲ့တာပါ။ ဒါကေတာ့ အမ်ိဳးသားရဲ႕ အနီးကပ္ပံုပါ။

Instagram / Yüreğini Koy Ortaya

ေဘာလံုးပြဲဟာ down’s syndrome နဲ႔ ကင္ဆာကေလးငယ္ေတြအတြက္ လက္မွတ္ကိုအခမဲ့လွဴေပးခဲ့တဲ့ပြဲျဖစ္တာေၾကာင့္ အမ်ိဳးသားဟာ သူ႔သားေလးနဲ႔အတူတူ ပြဲလာၾကည့္တာပါတဲ့။ ဒါေပမဲ့လည္း တူရကီဥပေဒအရ အမ်ားျပည္သူသြားလာေနတဲ့ လမ္းမတို႔၊ အားကစားရံုတို႔မွာ ေဆးလိပ္မေသာက္ရဘူး၊ ေသာက္ရင္ ဒဏ္ေငြ ၁၃ ေပါင္ေပးေဆာင္ရမယ့္ ဥပေဒလည္း ရွိေနသေးျပန္ပါတယ္။ အခုထိေတာ့ အမ်ိဳးသားအေနနဲ႔ အေရးယူခံရျခင္း ရွိမရွိဆိုတာ မသိေသးပါဘူး။

Penny

Unicode Font ဖြင့်ဖတ်ရန်

@objektifdegilim/Twitter

နိုင်ငံတိုင်းရဲ့ဥပဒေကတော့ ဆေးလိပ်ဆိုတာ အသက် ၁၈ နှစ် သို့မဟုတ် ၂၁ နှစ်ပြည့်ပြီးသူများကိုသာ ရောင်းချရမယ်၊ သောက်ရမယ်ဆိုပြီး သတ်မှတ်ချက်တစ်ခုရှိနေပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အသက်မပြည့်တဲ့ကလေးတစ်ယောက် ဆေးလိပ်သောက်တာတွေ့ပြီဆိုတာနဲ့ ကလေးကို သို့မဟုတ် မိဘ သို့မဟုတ် ကလေးရော မိဘကိုပါ အရေးယူနိုင်တဲ့ ပြင်းပြင်းထန်ထန်ဥပေဒတွေပါ ထားရှိပေးထားတာပါ။

စက်တင်ဘာလ ၈ ရက်နေ့တုန်းကတော့ တစ်နိုင်ငံလုံးကြည့်နေကြတဲ့ တူရကီနိုင်ငံကဘောလုံးပွဲကြီးကို လွှင့်နေတဲ့ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ ဖျတ်ခနဲ့ပါလာတဲ့မြင်ကွင်းတစ်ခုကြောင့် ကြည့်ရှုသူတွေအနေနဲ့ စိတ်နှလုံးမချမ်းမြေ့စရာဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ ကလေးတစ်ယောက် ဆေးလိပ်ကိုအားရပါးရသောက်နေလို့ပါတဲ့။

 

Fenerbahçe ve Bursaspor’un çocuklar için düzenlediği maçtaki görüntüye bak ahdsahjadshjajhajh pic.twitter.com/2WPsqTpLrU

— Nikola (@objektifdegilim) September 8, 2019

ဗီဒီယိုထဲမှာပါတဲ့ အင်္ကျီအစိမ်း၊ မာဖလာအစိမ်းရောင်ပတ်ထားတဲ့ ကလေးလေးတစ်ယောက်ဟာ စီးကရက်လက်ကြားညှပ်ပြီး သောက်နေလိုက်တာများ ဟန်ကျပန်ကျနဲ့ပေါ့။ အသက် ကတော့ အလွန်ဆုံးရှိလောက်မှ ၁၂ နှစ်လောက်လို့ ထင်ရတဲ့အရွယ်လေးဟာ လူတိုင်းလာနေတဲ့ဘောလုံးပွဲလို နေရာမှာ ဆေးလိပ်ထိုင်သောက်နေတယ်၊ ပြီးတော့ ဒီအဖြစ်အပျက်ဟာလည်း ရုပ်သံလိုင်းမှာ ပါနေတယ်ဆိုတော့ တူရကီပြည်သူတွေအတွက် သိပ်ဘဝင်မကျစရာပါပဲ။ နောက်ပြီး ဘေးမှာလည်း သူနဲ့အသက်မတိမ်းမယိမ်းလို့ ယူဆရတဲ့ကလေးလေးတစ်ယောက်လည်း ရှိနေခဲ့တာပါ။

READeBayမှာ လေလံတင်ရောင်းချမယ့် ကမ္ဘာ့အကြီးဆုံး ဘရာစီယာ

ဒါပေမဲ့ ဒီဗီဒီယိုရဲ့အဖြစ်မှန်ကတော့ ဒီလိုပါတဲ့။ ဆေးလိပ်သောက်နေတဲ့သူဟာ ကလေးလို့ထင်ရပေမယ့် တကယ်တမ်းတော့ အသက် ၃၆ နှစ်အရွယ်ရှိလို့နေပါပြီ။ မွေးရာပါချို့တဲ့မှုကြောင့် ဖွံ့ဖြိုးမှုအားနည်းနေခဲ့တာပါတဲ့။ ဘေးမှာထိုင်နေတဲ့ကလေးလေးကလည်း သူ့ရဲ့သားဖြစ်ပါတယ်။ Yüreğini Koy Ortaya qdkwJh  Instagram account မှာ မျှဝေထားခဲ့လို့လည်း သူဟာ အသက် ၃၆ နှစ်မှန်းအြဖေပေါ်ခဲ့တာပါ။ ဒါကတော့ အမျိုးသားရဲ့ အနီးကပ်ပုံပါ။

Instagram / Yüreğini Koy Ortaya

ဘောလုံးပွဲဟာ down’s syndrome နဲ့ ကင်ဆာကလေးငယ်တွေအတွက် လက်မှတ်ကိုအခမဲ့လှူပေးခဲ့တဲ့ပွဲဖြစ်တာကြောင့် အမျိုးသားဟာ သူ့သားလေးနဲ့အတူတူ ပွဲလာကြည့်တာပါတဲ့။ ဒါပေမဲ့လည်း တူရကီဥပဒေအရ အများပြည်သူသွားလာနေတဲ့ လမ်းမတို့၊ အားကစားရုံတို့မှာ ဆေးလိပ်မသောက်ရဘူး၊ သောက်ရင် ဒဏ်ငွေ ၁၃ ပေါင်ပေးဆောင်ရမယ့် ဥပဒေလည်း ရှိနေသေးပြန်ပါတယ်။ အခုထိတော့ အမျိုးသားအနေနဲ့ အရေးယူခံရခြင်း ရှိမရှိဆိုတာ မသိသေးပါဘူး။

Penny


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *