(၂) ပွဲဆက်တိုက် ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့အလွန်ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည်

(၂) ပွဲဆက်တိုက် ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့အလွန်ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည်

နိုင်ငံတကာပွဲစဉ်တွေဟာ ဂရစ်ဇ်မန်းအတွက် ပျော်ရွှင်ဖွယ်ရာမကောင်းခဲ့ပါဘူး။ ဂရစ်ဇ်မန်းအတွက် ဇာတာမှေးမှိန်ချိန်လို့ ဆိုရမလား။ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလဟာ အက်သလက်တီကို အသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။ အနွေးထွေးဆုံးမေတ္တာတရားတွေ ရရှိခဲ့ရာ အက်သလက်တီကိုကို ခြေစုံကန်ခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့အကျိုးဆက်က သိပ်တော့မလှပခဲ့ပါဘူး။

ကြယ့်ပွင့်တွေ၊ ဂရိတ်ကစားသမားတွေ စုဝေးနေရာ ကက်တလန်အရပ်၊ ဘာစီလိုနာမှာ ဂရစ်ဇ်မန်းတစ်ယောက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ရင်းနှီးကျွမ်းဝင်ပြီးသာ လာလီဂါမြေဖြစ်ပေမယ့် ဘာစီလိုနာမှာ ဂရစ်ဇ်မန်းတစ်ယောက် အသားမကျသေးဘဲ တ၀ဲလည်လည်ဖြစ်နေတုန်းပါပဲ။

အခုတော့ ဘာစီလိုနာအရိပ်မဲတွေ ပြင်သစ်အသင်းဆီ ကပ်ပါလာတယ်လို့ ဆိုရမလား။ ယူရို၂၀၂၀ ခြေစစ်ပွဲဝင် ပြင်သစ်လက်ရွေးစင်အသင်းမှာ ဂရစ်ဇ်မန်းတစ်ယောက်ပါဝင်ခဲ့ပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ဂရစ်ဇ်မန်းတစ်ယောက် အယ်လ်ဘေးနီးယား၊ အန်ဒိုရာအသင်းတို့နဲ့ ရင်ဆိုက်ကစားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ အဲဒီနှစ်ပွဲစလုံးကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ဂရစ်ဇ်မန်းဟာလည်း စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂရစ်ဇ်မန်းအတွက်တော့ နာကျည်းစရာနိုင်ငံတကာရက်သတ္တပတ်သာ ဖြစ်ခဲ့ရပါတယ်။

ဂိုးသမားတောင်မရှိတော့တဲ့ဂိုးပေါက်ထဲကို လုံးဝဒေါသထွက်ချင်စရာကောင်းအောင် လွဲချော်ခဲ့တဲ့ ဗီယက်နမ်နာမည်ကြီးကစားသမား

အကြောင်းကတော့ အဲဒီ (၂) ပွဲစလုံးမှာ ပြင်သစ်အသင်းက ပင်နယ်တီရရှိခဲ့ပြီး အဲဒီပင်နယ်တီ (၂) ကြိမ်စလုံးကို ဂရစ်ဇ်မန်းကပဲ တာဝန်ယူကန်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းလောက်အောင် ဂရစ်ဇ်မန်း တစ်ယောက် အဲဒီ (၂) ကြိမ်စလုံးကို လွဲချော်ခဲ့ပါတယ်။ ကန်ချက်ကောင်းခဲ့ပေမယ့် (၂) ကြိမ်စလုံးကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့်ဆိုးရွားလွန်းတဲ့စွမ်းဆောင်ရည်လို့ပဲ တံဆိပ်ကပ်ရပါလိမ့်မယ်။

အယ်လ်ဘေးနီးယားနဲ့ပွဲစဉ်က ဂရစ်ဇ်မန်းရဲ့ပင်နယ်တီလွဲချော်မှု အန်ဒိုရာနဲ့ပွဲစဉ်က ဂရစ်ဇ်မန်းရဲ့ပင်နယ်တီလွဲချော်မှု

Ref: Marca Oz11(မိုမိုလေး)


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *