ၿဂိဳလ္သားေတြနဲ႔ ဆက္သြယ္ႏိုင္တယ္လို႔ နာမည္ႀကီးေနတဲ့ ထိုင္းႏိုင္ငံက Khao Kala

ၿဂိဳလ္သားေတြနဲ႔ ဆက္သြယ္ႏိုင္တယ္လို႔ နာမည္ႀကီးေနတဲ့ ထိုင္းႏိုင္ငံက Khao Kala

Zawgyi Font ျဖင့္ဖတ္ရန္

Facebook/UFOKhaoKala

ၿဂိဳလ္သားေတြနဲ႔ပတ္သက္ၿပီး ယုံၾကည္ခ်က္ရွိတဲ့သူေတြအတြက္ Alien Tourism ျဖစ္ေပၚလာရပါတယ္။ ဒီခရီးသြားေတြက ၿဂိဳလ္သားေတြရွိႏိုင္တယ္လို႔ယူဆရတဲ့ေနရာေတြကို သြားၿပီး ေလ့လာဆန္းစစ္မႈေတြျပဳလုပ္တတ္ၾကပါတယ္။ ထိုင္းႏိုင္ငံရဲ႕ ေဝးလံတဲ့ေဒသတစ္ခုရဲ႕ေတာင္ထိပ္ဟာ ၿဂိဳလ္သားေတြ ကမာၻနဲ႔ ဆက္သြယ္မႈရွိတဲ့ေနရာတစ္ခုလို႔ သူတို႔ကဆိုပါတယ္။

Khao Kala in Nakhon Sawan အဓိပၸါယ္က နတ္ဘုံနတ္နန္းလို႔ ေခၚပါတယ္။ ဒီေနရာက ထိုင္းႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Bangkok ကေနလာရင္ ကားနဲ႔ (၃)နာရီေလာက္ၾကာျမင့္ၿပီးေတာ့ သဘာဝလြန္ကိစၥေတြ ႀကိဳက္ႏွစ္တတ္တဲ့သူေတြရဲ႕စုရပ္တစ္ခုပါ။

maps4news.comGoogleMap

CNN နဲ႔ Vice တို႔လိုသတင္း႒ာနေတြအပါအဝင္ အျခားသတင္းဌာနေတြကလည္း ဒီေနရာမွာ လူသားေတြနဲ႔ ၿဂိဳလ္သားေတြ စိတ္ခ်င္းဆက္သြယ္လို႔ ရႏိုင္တယ္လို႔ေျပာၾကတဲ့အတြက္ လာေရာက္ေလ့လာခဲ့ေၾကာင္းလည္း သိရပါတယ္။

ဒီေတာင္တန္းက ႀကံစိုက္ခင္းေတြဝန္းရံထားတဲ့ေနရာမွာတည္ရွိၿပီး သဘာဝလြန္ကိစၥေတြကိုယုံၾကည္သူတစ္ခ်ိဳ႕က ဒီေနရာမွာ မျမင္ႏိုင္တဲ့ wormhole လို႔ေခၚတဲ့ မတူညီတဲ့ အျခားတစ္ဖက္နဲ႔ တစ္ဖက္ကူးလူးသြားလာႏိုင္တဲ့ဝင္ေပါက္တစ္ခုရွိတယ္လို႔လည္း ေျပာၾကပါတယ္။

Posted by UFOKAOKALA on Sunday, March 26, 2017

Khao Kala in Nakhon Sawan ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Somjit Raepeth က ဒီေနရာဟာ သဘာဝလြန္ျဖစ္ရပ္ေတြအမွန္တကယ္ရွိတာပါ ဗုဒၶကိုယုံၾကည္သက္ဝင္စြာ တရားထိုင္ၿပီးတဲ့ေနာက္ ပလူတိုၿဂိဳလ္နဲ႔ Logu Kata Paka Tigong လို႔ေခၚတဲ့ Milky Way မွာတည္ရွိတဲ့ၿဂိဳလ္က ၿဂိဳလ္သားေတြနဲ႔ ဆက္သြယ္မႈေတြရရွိခဲ့တယ္လို႔လည္း သူကေျပာခဲ့ပါတယ္။

အခ်ိဳ႕ယုံၾကည္သူေတြဆိုရင္ UFO ယာဥ္ေတြကိုပါျမင္ေတြ႕ရတယ္လို႔ဆိုပါတယ္ ဒါေပမယ့္ သိသာထင္ရွားတဲ့ သက္ေသအေထာက္အထားေတြကိုေတာ့မျပႏိုင္ခဲ့ၾကပါဘူး။ ဒီလိုမ်ိဳးထူးဆန္းတဲ့သတင္းေတြေၾကာင့္လာေရာက္လည္ပတ္သူေတြမ်ားျပားခဲ့ၿပီး ေတာင္ထိပ္မွာလူေတြစုေဝးလာတာျဖစ္တဲ့အတြက္ေဒသခံအာဏာပိုင္ေတြက ေတာေတာင္ေတြပ်က္စီးမွာစိုးတဲ့အတြက္ တားျမစ္ပိတ္ပင္မႈေတြလုပ္ရတဲ့အထိျဖစ္ခဲ့ပါတယ္။

Lwin Min

Unicode Font ဖြင့်ဖတ်ရန်

Facebook/UFOKhaoKala

ဂြိုလ်သားတွေနဲ့ပတ်သက်ပြီး ယုံကြည်ချက်ရှိတဲ့သူတွေအတွက် Alien Tourism ဖြစ်ပေါ်လာရပါတယ်။ ဒီခရီးသွားတွေက ဂြိုလ်သားတွေရှိနိုင်တယ်လို့ယူဆရတဲ့နေရာတွေကို သွားပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်တတ်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ဝေးလံတဲ့ဒေသတစ်ခုရဲ့တောင်ထိပ်ဟာ ဂြိုလ်သားတွေ ကမ္ဘာနဲ့ ဆက်သွယ်မှုရှိတဲ့နေရာတစ်ခုလို့ သူတို့ကဆိုပါတယ်။

Khao Kala in Nakhon Sawan အဓိပ္ပါယ်က နတ်ဘုံနတ်နန်းလို့ ခေါ်ပါတယ်။ ဒီနေရာက ထိုင်းနိုင်ငံရဲ့မြို့တော် Bangkok ကနေလာရင် ကားနဲ့ (၃)နာရီလောက်ကြာမြင့်ပြီးတော့ သဘာဝလွန်ကိစ္စတွေ ကြိုက်နှစ်တတ်တဲ့သူတွေရဲ့စုရပ်တစ်ခုပါ။

maps4news.comGoogleMap

CNN နဲ့ Vice တို့လိုသတင်းဋ္ဌာနတွေအပါအဝင် အခြားသတင်းဌာနတွေကလည်း ဒီနေရာမှာ လူသားတွေနဲ့ ဂြိုလ်သားတွေ စိတ်ချင်းဆက်သွယ်လို့ ရနိုင်တယ်လို့ပြောကြတဲ့အတွက် လာရောက်လေ့လာခဲ့ကြောင်းလည်း သိရပါတယ်။

ဒီတောင်တန်းက ကြံစိုက်ခင်းတွေဝန်းရံထားတဲ့နေရာမှာတည်ရှိပြီး သဘာဝလွန်ကိစ္စတွေကိုယုံကြည်သူတစ်ချို့က ဒီနေရာမှာ မမြင်နိုင်တဲ့ wormhole လို့ခေါ်တဲ့ မတူညီတဲ့ အခြားတစ်ဖက်နဲ့ တစ်ဖက်ကူးလူးသွားလာနိုင်တဲ့ဝင်ပေါက်တစ်ခုရှိတယ်လို့လည်း ပြောကြပါတယ်။

Posted by UFOKAOKALA on Sunday, March 26, 2017

Khao Kala in Nakhon Sawan ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Somjit Raepeth က ဒီနေရာဟာ သဘာဝလွန်ဖြစ်ရပ်တွေအမှန်တကယ်ရှိတာပါ ဗုဒ္ဓကိုယုံကြည်သက်ဝင်စွာ တရားထိုင်ပြီးတဲ့နောက် ပလူတိုဂြိုလ်နဲ့ Logu Kata Paka Tigong လို့ခေါ်တဲ့ Milky Way မှာတည်ရှိတဲ့ဂြိုလ်က ဂြိုလ်သားတွေနဲ့ ဆက်သွယ်မှုတွေရရှိခဲ့တယ်လို့လည်း သူကပြောခဲ့ပါတယ်။

အချို့ယုံကြည်သူတွေဆိုရင် UFO ယာဉ်တွေကိုပါမြင်တွေ့ရတယ်လို့ဆိုပါတယ် ဒါပေမယ့် သိသာထင်ရှားတဲ့ သက်သေအထောက်အထားတွေကိုတော့မပြနိုင်ခဲ့ကြပါဘူး။ ဒီလိုမျိုးထူးဆန်းတဲ့သတင်းတွေကြောင့်လာရောက်လည်ပတ်သူတွေများပြားခဲ့ပြီး တောင်ထိပ်မှာလူတွေစုဝေးလာတာဖြစ်တဲ့အတွက်ဒေသခံအာဏာပိုင်တွေက တောတောင်တွေပျက်စီးမှာစိုးတဲ့အတွက် တားမြစ်ပိတ်ပင်မှုတွေလုပ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။

Lwin Min


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *