ႀကိဳ႕ထိုးျခင္းကို အျမန္ဆုံး သက္သာေစမည့္ နည္းလမ္းေကာင္း (၁၀) ခု

ႀကိဳ႕ထိုးျခင္းကို အျမန္ဆုံး သက္သာေစမည့္ နည္းလမ္းေကာင္း (၁၀) ခု

လူရယ္လို႔ ျဖစ္လာရင္ ႀကိဳ႕ထိုးတာနဲ႔ ကင္းတဲ့ လူလို႔မရွိပါဘူး။ ႀကိဳ႔ထားတာက ထူးဆန္းတဲ့ ကိစၥမဟုတ္ေပမယ့္ တစ္ခါတစ္ရံမွာ လူ႔စိတ္ကို ေအာင့္သက္သက္ အခံရခက္တာေလးေတြရွိၾကမွာပါ။ ဒီတစ္ခါမွာေတာ့ ႀကိဳ႔ ထိုးတာကို အျမန္ဆံုးသက္သာေပ်ာက္ကင္းေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။နားကို လက္ႏွင့္ ပိတ္ထားေပးပါ – သင့္လက္ေခ်ာင္းမ်ားႏွင့္ နားကိုသက္သာေစပါတယ္။ စကၠန႔္(၃၀) ခန႔္အထိ ပိတ္ေပးထားပါ။ သို႔မဟုတ္ပါက သင့္နားရြက္ေနာက္ရွိ ေပ်ာ့ေပ်ာင္းေသာေနရာကို ဖိထားေပးျခင္းျဖင့္ ႀကိဳ႕ထိုးျခင္းကို သက္သာေစပါတယ္။ေရတစ္ငုံေလာက္ ေသာက္ေပးပါ – ေရကို ပိုက္အသုံးျပဳ၍ ေသာက္ေပးျခင္း(သို႔) ေရႏွင့္ ပလုတ္က်င္းေပးျခင္းျဖင့္ သင့္၏အာ႐ုံေၾကာမ်ားကို အနားရေစၿပီး ႀကိဳ႕ထိုးျခင္းကို သက္သာေစပါတယ္။သင့္နားကို ပိတ္ထားရင္း ေရေသာက္ၾကည့္ပါ – အထက္ေဖာ္ျပပါ နည္းႏွစ္နည္းကို တစ္ခ်ိန္တည္းတြင္ ျပဳလုပ္ေပးပါက ႀကိဳ႕ထိုးျခင္းကို သက္သာေစပါတယ္။စကၠဴအိတ္အတြင္းသို႔ ေလမႈတ္သြင္းေပးပါ ဤနည္းလမ္းက ေသြးထဲရွိ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ေလ်ာ့ခ်ေပးၿပီး ရင္ဝမ္းျခားရွိႂကြက္သားကို ပိုအလုပ္လုပ္ေစၿပီး ေအာက္ဆီဂ်င္မ်ားမ်ား ရလာေစပါတယ္။

ပ်ားရည္ႏွင့္ သံပုရာရည္ – သံပုရာသီးကို ဝါးေပးျခင္း (သို႔) ပ်ားရည္ကို ေရေႏြးႏွင့္ ေသာက္ေပးျခင္းက သင့္အာ႐ုံေၾကာမ်ားကို အနားရေစၿပီး ႀကိဳ႕ထိုးျခင္းမွ သက္သာေစပါတယ္။အပ္စိုက္ကုထုံး – အပ္စိုက္ကုထုံးနည္းကိုေတာ့ ႀကိဳ႕မရပ္မနားထိုးေနခ်န္တြင္ အသုံးျပဳသင့္ပါတယ္။ ဤနည္းအားျဖင့္ ႀကိဳ႕ထိုးျခင္းကို ျဖစ္ေပၚေစေသာ အာ႐ုံေၾကာမ်ားကို သက္သာေစပါတယ္။အခ်ိဳစားေပးျခင္း – သၾကား (သို႔) ေျမပဲ တစ္ဇြန္း စားေပးသည့္ အိမ္တြင္းကုထုံးကလည္း ႀကိဳ႕ထိုးျခင္းကို ရပ္တန႔္သြားေစပါလိမ့္မယ္။လၽွာထုတ္ျခင္း – ဤနည္းလမ္းကေတာ့ နည္းနည္း ကို႔ရို႔ကားယား နိုင္ေပမယ့္လည္း လည္ေခ်ာင္း လည္ႁပြန္ကို ပြင့္ေစၿပီး ႀကိဳ႕ထိုးျခင္းကို သက္သာေစနိုင္ပါတယ္။ခဲတံကိုက္ထားျခင္း – ပါးစပ္တြင္ ခဲတံကို အလ်ားလိုက္ ကိုက္ထားလ်က္ ခဲတံမက်ေစဘဲ ေရေသာက္ၾကည့္ျခင္းျဖင့္ ႀကိဳ႕ထိုးျခင္းကို သက္သာေစပါလိမ့္မယ္။အသက္ရႉႏႈန္းျမႇင့္ေပးျခင္း၊ ႏွိမ့္ေပးျခင္း – ေလကို တတ္နိုင္သေလာက္ မ်ားမ်ားႏွင့္ ျမန္ျမန္ရႉသြင္းၿပီး စကၠန႔္ (၃၀) ၾကာေအာင္ ျပန္ရႉထုတ္ေပးပါ။ ႀကိဳ႕ထိုးျခင္း ရပ္သြားသည္အထိ ထပ္ခါထပ္ခါ လုပ္ေပးပါ။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ credit ေပးပါတယ္။

[unicode]

လူရယ်လို့ ဖြစ်လာရင် ကြို့ထိုးတာနဲ့ ကင်းတဲ့ လူလို့မရှိပါဘူး။ ကြို့ထားတာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့် တစ်ခါတစ်ရံမှာ လူ့စိတ်ကို အောင့်သက်သက် အခံရခက်တာလေးတွေရှိကြမှာပါ။ ဒီတစ်ခါမှာတော့ ကြို့ ထိုးတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။နားကို လက်နှင့် ပိတ်ထားပေးပါ – သင့်လက်ချောင်းများနှင့် နားကိုသက်သာစေပါတယ်။ စက္ကန့်(၃၀) ခန့်အထိ ပိတ်ပေးထားပါ။ သို့မဟုတ်ပါက သင့်နားရွက်နောက်ရှိ ပျော့ပျောင်းသောနေရာကို ဖိထားပေးခြင်းဖြင့် ကြို့ထိုးခြင်းကို သက်သာစေပါတယ်။ရေတစ်ငုံလောက် သောက်ပေးပါ – ရေကို ပိုက်အသုံးပြု၍ သောက်ပေးခြင်း(သို့) ရေနှင့် ပလုတ်ကျင်းပေးခြင်းဖြင့် သင့်၏အာရုံကြောများကို အနားရစေပြီး ကြို့ထိုးခြင်းကို သက်သာစေပါတယ်။သင့်နားကို ပိတ်ထားရင်း ရေသောက်ကြည့်ပါ – အထက်ဖော်ပြပါ နည်းနှစ်နည်းကို တစ်ချိန်တည်းတွင် ပြုလုပ်ပေးပါက ကြို့ထိုးခြင်းကို သက်သာစေပါတယ်။စက္ကူအိတ်အတွင်းသို့ လေမှုတ်သွင်းပေးပါ ဤနည်းလမ်းက သွေးထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့ချပေးပြီး ရင်ဝမ်းခြားရှိကြွက်သားကို ပိုအလုပ်လုပ်စေပြီး အောက်ဆီဂျင်များများ ရလာစေပါတယ်။

ပျားရည်နှင့် သံပုရာရည် – သံပုရာသီးကို ဝါးပေးခြင်း (သို့) ပျားရည်ကို ရေနွေးနှင့် သောက်ပေးခြင်းက သင့်အာရုံကြောများကို အနားရစေပြီး ကြို့ထိုးခြင်းမှ သက်သာစေပါတယ်။အပ်စိုက်ကုထုံး – အပ်စိုက်ကုထုံးနည်းကိုတော့ ကြို့မရပ်မနားထိုးနေချန်တွင် အသုံးပြုသင့်ပါတယ်။ ဤနည်းအားဖြင့် ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေသော အာရုံကြောများကို သက်သာစေပါတယ်။အချိုစားပေးခြင်း – သကြား (သို့) မြေပဲ တစ်ဇွန်း စားပေးသည့် အိမ်တွင်းကုထုံးကလည်း ကြို့ထိုးခြင်းကို ရပ်တန့်သွားစေပါလိမ့်မယ်။လျှာထုတ်ခြင်း – ဤနည်းလမ်းကတော့ နည်းနည်း ကို့ရို့ကားယား နိုင်ပေမယ့်လည်း လည်ချောင်း လည်ပြွန်ကို ပွင့်စေပြီး ကြို့ထိုးခြင်းကို သက်သာစေနိုင်ပါတယ်။ခဲတံကိုက်ထားခြင်း – ပါးစပ်တွင် ခဲတံကို အလျားလိုက် ကိုက်ထားလျက် ခဲတံမကျစေဘဲ ရေသောက်ကြည့်ခြင်းဖြင့် ကြို့ထိုးခြင်းကို သက်သာစေပါလိမ့်မယ်။အသက်ရှူနှုန်းမြှင့်ပေးခြင်း၊ နှိမ့်ပေးခြင်း – လေကို တတ်နိုင်သလောက် များများနှင့် မြန်မြန်ရှူသွင်းပြီး စက္ကန့် (၃၀) ကြာအောင် ပြန်ရှူထုတ်ပေးပါ။ ကြို့ထိုးခြင်း ရပ်သွားသည်အထိ ထပ်ခါထပ်ခါ လုပ်ပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *