နှစ်ဦးအလှူအဖြစ် သစ်တံခါးဆရာတော်ထံမှာ ကျောင်းဆောက်ရန် သိန်း(၃၀၀) လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု

နှစ်ဦးအလှူအဖြစ် သစ်တံခါးဆရာတော်ထံမှာ ကျောင်းဆောက်ရန် သိန်း(၃၀၀) လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားနိုင်တာ ဖြစ်ပါတယ်။ ငွေကြေးပြည့်စုံကြွယ်ဝတဲ့ စမိုင်းလ်က မိသားစုကိုချစ်ပြီး နွေးထွေးမှုတွေပေးတဲ့ ခင်ပွန်းနဲ့ လိမ္မာပြီး အနေအေးလွန်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းသူ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

စမိုင်းလ်တို့ မိသားစုက ဒီကနေ့ ဇန်နဝါရ်ီလ (၁) ရက်နေ့မှာတော့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခညောင်းတဲ့ နှစ်သစ်တစ်နှစ်အဖြစ် စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်၊ ကိုပြည့်မောင်၊ သမီးကြီးပေါ်ရှာနဲ့ သမီးငယ်ကလိုဝီတို့က သစ်တံခါးဆရာတော်ကြီးကျောင်းတိုက်မှာ ကျောင်းဆောင်သစ် ဆောက်လှူရန်အတွက် အလှူငွေ သိန်း (၃၀၀) ကျပ်တိတိကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

စမိုင်းလ်က သစ်တံခါးဆရာတော်ကြီးနဲ နယ်လှည့်သာသနာပြုခရီးစဉ်တွေမှာ လိုက်ပါလေ့ရှိသလို သစ်တံခါးဆရာတော်ကြီးကို ယုံယုံကြည်ကြည် ကိုးကွယ်သူတစ်ယောက် ဖြစ်ပါတယ်။

သူမဘဝအကြောင်း သေချာမသိပဲ ဝေဖန်သူတွေကို တုံ့ပြန်လိုက်တဲ့ အက်စတာဒေါ့ချင်းဆုန်

စမိုင်းလ်တို့ မိသားစုလေးကတော့ နှစ်သစ်ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုအလှူလေးကို သာဓုခေါ်ကြပါဦးနော်။ Rowena Source: Smile”s fb


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *