ဂန်ဒိုဂန် ရွေးချယ်ခဲ့တဲ့ အံအားသင့်စရာကောင်းလွန်းနေတဲ့ ကမ္ဘာ့အကောင်းဆုံး (၃) ယောက်
ဒီစာရင်းမှာ စီရော်နယ်ဒိုကို မထည့်သွင်းခဲ့တာကတော့ အံ့အားသင့်စရာလို့ ဆိုရမှာပါ။ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီတို့ဟာ (၂၁) ရာစုဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ထားခြင်း ခံခဲ့ရတာပါ။ လက်ရှိအချိန်မှာ သူတို့နှစ်ယောက်ဟာ တခြားကစားသမားတွေနဲ့ ယှဉ်လိုက်ရင် ခေါင်းတစ်လုံး အသာရနေတာကို တွေ့ရမှာပါ။ ဒါက အားလုံးလိုလို လက်ခံထားကြတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကစားသမားတွေဟာ ကမ္ဘာ့အကောင်းဆုံး (၃) ယောက်စာရင်းကို ရွေးချယ်တဲ့နေရာမှာ အံ့အားသင့်ဖွယ် ရွေးချယ်မှုတွေကို ပြုလုပ်ကြတာတွေလည်း ရှိနေပါတယ်။ အဲဒါကတော့ အကောင်းဆုံး (၃) ယောက်စာရင်းမှာ မက်ဆီ ဒါမှမဟုတ် စီရော်နယ်ဒို တစ်ယောက်ယောက်ကို မထည့်သွင်းခဲ့ကြတာပါ။ အဲဒီသူတွေထဲမှာ မန်စီးတီးကွင်းလယ်လူဂန်ဒိုဂန်ကလည်း အပါအ၀င်ပါ။ ဂန်ဒိုဂန်ဟာ Twitter မှာ ပြုလုပ်တဲ့ အမေးအဖြေအစီအစဉ်မှာ ကမ္ဘာ့အကောင်းဆုံး (၃) ယောက်ကို ရွေးချယ်ခဲ့ရာမှာတော့ မက်ဆီဟာ အားလုံးထက် အသာရတဲ့ ကစားသမားဖြစ်တယ်လို့ ရွေးချယ်သွားခဲ့ပါတယ်။ မက်ဆီနဲ့အတူ သူ့ရဲ့မန်စီးတီးအသင်းဖော်ဒီဘရိုင်းနဲ့ ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘတ်ပီတို့ကို ရွေးချယ်သွားခဲ့တာပါ။ ဒါကြောင့် ဂန်ဒိုဂန်ရဲ့ ရွေးချယ်မှုကတော့ အံ့အားသင့်စရာလို့ ဆိုရမှာပါ။ ဆက်လက်ပြီး ဂန်ဒိုဂန်က လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးလည်း “အားလုံးအတွက် ခက်ခဲတဲ့အခြေအနေပါ။ ဒီလိုမျိုးမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးရုံတွေကို…