ကွမ်းဂျိုးကို ငွေကြေးကုန်ကျမများပဲ အပြောင်ဖယ်ရှားနည်း
ဒီနေ့တော့ ကွမ်းယာစားတဲ့ အမျိုးတွေအတွက် ဆေးနည်းလေးတစ်လက် ပြောပြချင်ပါတယ်။ ကွမ်းယာ အစားများပြီး ကွမ်းဂျိုးတက်နေပါက အောက်ပါအတိုင်း ပြုလုပ်ပါ။ဖရဲသီးမှ အဖြူသားအနည်းငယ်ကို ယူပါ။ ရေ ( ရေနွေးကြမ်းခွက်) တစ်ခွက်နှင့်အတူ ဆူပွက်အောင် ပြုတ်လိုက်ပါ။ထိုရေကို အနည်းငယ် အအေးထားပြီး သောက်ပါ။ ခန္ဓာကိုယ်အတွင်းရှိ ကွမ်းဂျိုးများ ဆီးနှင့်အတူ ပါလာပါလိမ့်မည်။တစ်ပတ်…နှစ်ကြိမ်ခန့်။ထိုရေကို ( ၁၀ ) မိနစ်ခန့် ငုံထားပြီး သွားတိုက်ပါက သွားများရှိ ကွမ်းဂျိုးများ ပျောက်သွားပါလိမ့်မည်။တစ်ပတ်လောက် ထိုကဲ့သို့ အသုံးပြုကြည့်ပါ။ တစ်ပတ်…နှစ်ကြိမ်ခန့်။ကွမ်းစားတဲ့သူတွေအတွက်တော့ တကယ်ကောင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်နော်။ ကွမ်းဂျိုးတွေကို ဖယ်ရှားနိုင်ပါတယ်။ဖရဲသီး အပေါ်ယံက အဖြူသားတွေကို ကွမ်းတစ်ယာ စားတာလောက် ကြာအောင် ဝါးပြီး ငုံထားလိုက်ပါ။ ပြီးရင် သွားတိုက်လိုက်ပါ။အနည်းဆုံး ၃ ရက်မှ ၇ ရက်လောက်အထိ လုပ်ကြည့်ပါ။ သွားများမှာရှိတဲ့ ကွမ်းဂျိုးတွေကို လုံးဝ လုံးဝဖယ်ရှားသွားပါလိမ့်မယ်။ ကျွန်တော် လက်တွေ့ အသုံးပြုနေတာပါ။ကိုယ်တွေ့ဆေးနည်း ပြောပြပေးတဲ့ အကိုရင်မောင်နှင့် ဆေးနည်းမျှဝေပေးသော ကိုနိုင်မိုးတို့အား ကျေးဇူးအထူးတင်ပါသည်။ မည်သူမဆို စိတ်ချမ်းသာစွာ ကူးယူ မျှဝေခြင်းများ ပြုနိုင်ပါတယ်။ Credit-May Soe [unicode] ဒီနေ့တော့ ကွမ်းယာစားတဲ့ အမျိုးတွေအတွက် ဆေးနည်းလေးတစ်လက်…