Browsed by
Month: November 2020
လက်သည်းခွံ အရောင်ကနေ သိနိုင်တဲ့ သင့်ရဲ့ ကျန်းမာရေး
လက်သည်းခွံ အရောင်ကနေ သိနိုင်တဲ့ သင့်ရဲ့ ကျန်းမာရေး
လက်သည်းခွံ အရောင်ကနေ သိနိုင်တဲ့ သင့်ရဲ့ ကျန်းမာရေး မိန်းကလေးတွေရဲ့ထူးခြားတဲ့ အလှပတွေထဲမှာ လက်သည်းအလှပကလည်း ကိုယ်ခန္ဒာအစိတ်ပိုင်းတွေထဲမှာ အရေးပါဆုံး အရာတစ်ခုဖြစ်လာတယ်။လက်သည်းအရောင်တွေ က သင့်ရဲ့ကျန်းမာရေးနဲ့ ဘယ်လိုမျိုးပက်သတ်နေလဲ? လက်သည်းခွံအရောင်ဖြူဖျော့ခြင်း သူ့အရောင်က ဖြူဖျော့ပြီး ပန်းရောင်အနည်းငယ်သန်းသလိုလိုရှိလိမ့်မယ်။ကျန်းမာရေးသတိထားရမှာကတော့ ဆီးချိူရောဂါ , နှလုံး နဲ့ ကျောက်ကပ်အသည်း ရောဂါတို့အဖြစ်များတတ်ကြပါတယ်။ သူတို့တွေက သွေးအားနည်းတယ်။သံဓာတ်ချို့တဲ့တယ်။ ဒါကြောင့် သွေးအားကောင်းအောင် အစားသောက်စားဖို့လိုအပ်ပါတယ်။ လက်သည်းခွံ နီညိုရောင် ဖြစ်ခြင်း လက်သည်းခွံအရောင်က နီသလိုလို ညိုသလိုလို ရှိနေမယ်ဆိုရင် သူက နှလုံးရောဂါသေချာပေါက် ခံစားနေရမှာဖြစ်တယ်။ဒါ့အပြင် လက်သည်းခွံအောက်မှာ အဖြူရောင် စက်ဝိုင်းခုံးလေးလို လက်သည်းပွင့်ရှိနေမယ်ဆိုရင်တော့ အရေပြားရောဂါ ဖြစ်နိုင်တယ်။ လက်သည်းခွံအရောင်ဝါခြင်း လက်သည်းခွံအရောင်ဝါတတ်တာကတော့သက်ကြီးပိုင်းတွေအဖြစ်များကြပါတယ်။လက်သည်းခွံဝါနေပြီးတော့ လက်သည်းခွံကအလိုလိုကွဲလာမယ်။ဘာကြောင့် လက်သည်းဝါနေရတာလဲဆိုတော့ ဆေးလိပ်သောက်လို့အဖြစ်များတာပါဘဲ။အဆုတ် နဲ့ အသည်း ကျန်းမာရေးကို ဂရုစိုက်ရပါမယ်။ လက်သည်းခွံ ခရမ်းဖျော့ရောင်ဖြစ်ခြင်း ဒီလို လက်သည်းခွံအရောင်ဖြစ်နေရင် အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ရောဂါအဖြစ်များကြတယ်။ ဥပမာ အသက်ရှူမဝဖူး ။နှလုံး နဲ့ အဆုတ် ရောဂါကို သတိပြုရပါမယ်။ပန်းနာရင်ကြပ် နဲ့ တီဘီရောဂါ ရနိုင်ချေရှိတယ်။ လက်သည်းခွံရောင် ညိုခြင်း သူတို့ကျန်းမာရေးတွေကတော့ လည်ချောင်းနာ လည်ချောင်းအကြိတ်အဖြစ်များတတ်ပြီး အစာအိမ်ရောဂါဝေဒနာ ဖြစ်တတ်ပါတယ်။ရာသီဥတု အရ တုပ်ကွေးရောဂါ ငှက်ဖျားရောဂါ…
Read More Read More
ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ(လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ)
ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ(လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ)
ဒူးနာပျောက်တဲ့ဆေးနည်း ​ ပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ် ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ်ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ်….ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်….ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ ….. ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ….ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ် ….. ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် …..ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ …..ခုတော့ချော်လဲထားတဲ့ ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ ….ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်မနာတော့ပါဘူး….. ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ ….လုပ်ကြည့်ကြပါနော်….. ဒူးနာခြင်းမှကင်ဝေးကြပါစေ…..။လှိုင်း(တောင်ကြီး )၂ရက် ၃လ ၂၀၂၀ နှစ် Unicode ဒူးနာပျောက်တဲ့ဆေးနည်း ​ ပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတ ဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ် ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ် …ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ်….ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်….ရှားစောင်းလက်ပတ်…
Read More Read More
သင့်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြောပြပေးနေတဲ့ လက်ကောက်ဝတ် လမ်းကြောင်းများ ကို နှိုင်းယှဉ်ကြည့်လိုက်ပါ…
သင့်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြောပြပေးနေတဲ့ လက်ကောက်ဝတ် လမ်းကြောင်းများ ကို နှိုင်းယှဉ်ကြည့်လိုက်ပါ…
ကောင်းကင်မှာ တိမ်တွေမဲလာပြီဆိုရင် ဒါဟာ မိုးရွာတော့မယ်လို့ နမိတ်ပြသလိုမျိုး၊လူတွေမှာလည်း လူရဲ့ကိုယ်ပေါ်ရှိ လက္ခဏာရပ်တွေက ဘာတွေဖြစ်လာမလဲ ကြိုတင်နမိတ်ပြတာမျိုးရှိပါတယ်တဲ့။ဒါက အနောက်နိုင်ငံတွေမှာ လေ့လာဖော်ပြထားကြတဲ့ လက္ခဏာရပ်နဲ့ပတ်သက်လို့ ဖော်ပြချက်တစ်မျိုးဖြစ်ပြီးအတိအကျဖြစ်လိမ့်မယ်လို့မဆိုလိုထားပေမယ့် စိတ်ဝင်စားစရာကောင်းနေတာမို့လက္ခဏာပညာရပ်ကို စိတ်ဝင်စားသူများအတွက် ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့လက်ကို ရှေ့တည့်တည့်မှာ ထောင်ကြည့်လိုက်ပါ။ သင့်ရဲ့လက်ကောက်ဝတ်ပေါ်မှာ လမ်းကြောင်းလေးတွေ တွေ့ရပါလိမ့်မယ်။တချို့လမ်းကြောင်းလေးတွေ ဆို လက်ကောက်ဝတ်ထားသလို လက်ကို ပတ်ထားတာတွေ့ရပါမယ်။ဒါတွေဟာ သင့်ရဲ့လက်ကောက်ဝတ်လမ်းကြောင်းတွေပဲဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းတစ်ကြောင်းဟာလူ့သက်တမ်း အနှစ် ၃၀ ကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။ လူအများစုမှာ ၂ ကြောင်းနဲ့ ၃ ကြောင်းကြားရှိကြပြီး တချို့ဆို ၄ ကြောင်းအထိ ရှိကြပါတယ်။ ဒီလို လက်ကောက်ဝတ်လမ်းကြောင်း၎ ကြောင်းအထိရှိတဲ့လက္ခဏာရပ်မျိုးဟာလူ့သက်တမ်း ၉၀ ကျော်အထိ ရှင်သန်ရမယ့် လက္ခဏာရပ်လို့ဆိုပါတယ်။လက်ကောက်ဝတ်ရဲ့ပထမလမ်းကြောင်း-ကျန်းမာရေးလမ်းကြောင်း ဒီလက်ကောက်ဝတ်ရဲ့ပထမလမ်းကြောင်းကို အရေးကြီးဆုံးလမ်းကြောင်းအဖြစ် စဉ်းစားကြပါတယ်။သူက ဘဝအတွက်အရေးကြီးဆုံးအရာကို အထောက်အကူပြုနေလို့ပါ။ လမ်းကြောင်းလေးဟာ ထင်းနက်နေပြီး ဖြောင့်တန်းနေတယ်၊ဘာအပြတ်အတောက်မှ မရှိဘူးဆိုရင် ဘဝမှာ ကျန်းကျန်းမာမာနဲ့ သက်တမ်းရှည်ရှည်နေသွားတတ်ရပါတယ်။လမ်းကြောင်းလေးဟာ မှိန်နေပြီး ပြတ်တောက်နေတာမျိုးဖြစ်နေရင် ဘဝမှာ အပြောင်းအလဲတွေ ကြုံရတတ်ပါတယ်။လမ်းကြောင်းလေးဟာ ၂ ပိုင်း ၃ ပိုင်း ပြတ်နေတာမျိုး၊ အတွန့်တွန့်အလိမ်လိမ်နဲ့ သံဆူးကြိုးလိုမျိုးဖြစ်နေခဲ့ရင် ဒါဟာ အနာဂတ်မှာ သားသမီးရတနာ ရှားပါးတတ်ပါတယ်။ ဒုတိယလမ်းကြောင်း-အောင်မြင်မှုလမ်းကြောင်း ပထမလမ်းကြောင်းလိုပဲ ဒုတိယလမ်းကြောင်းဟာ ထင်းနက်ပြီး…
Read More Read More
မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အံ့သြထူးဆန်းဖွယ် ( ၁၈ ) ပါး
မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အံ့သြထူးဆန်းဖွယ် ( ၁၈ ) ပါး
( ၁ ) ညအခါစေတီတော်အားတစ်ယောက်တည်းအဓိဌာန်ပြီး(၇)ပတ်ပြီး ရစ်ပတ်ပါကရွှေသံငွေသံကြားရခြင်း။ ( ၂ ) ဒုတိယကမ္ဘာစစ်အတွင်းကအင်္ဂလိပ်များအမြောက်မိုး၊စက်သေနတ်မိုး၊ ဗုံးမိုးရွာသော်လည်းကျည်ဆန်တစ်ခုမျှမခခြင်း။ ( ၃ ) လပြည့်– လကွယ်ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း။( ၄ )တောင်ကုန်းနှင့်ပရဝဏ်တွင်ရာသီပန်းတို့မပြတ်ပွင့်ခြင်း။ ( ၅ ) ညချမ်းအခါစေတီကုန်းတော်တွင်အမွှေးရနံ့လှိုင်တက်ခြင်း။ ( ၆ )ခေါင်းလောင်းများမတီးဘဲမြည်တတ်ခြင်း။ ( ၇ ) ယခုထက်တိုင်ရံဖန်ရံခါဆွမ်းများဦးအောင်မတင်နိုင်ခြင်း။ ( ၈ ) နှစ်စဉ်နှစ်တိုင်းဘုရားပွဲတော်ဖြစ်သော်လည်းခိုက်ရန်ဖြစ်ပွားသော ဘေးအန္တရာယ်မရှိခြင်း။ ( ၉ ) နတ်ကျား၊နတ်နဂါးတို့ဘုရားလာဖူးသော်လည်းလူတို့ကိုဒုက္ခမပေးခြင်း။ ( ၁၀ ) လပြည့်–လကွယ်တွင်စေတီကုန်းတော်မှမောင်းသံ၊ဗုံသံစသော တူရိယာအမျိုးမျိုးတို့၏အသံကိုအရုဏ်ဦးတွင်ကြားရတတ်ခြင်း။ ( ၁၁ )ဘေး အန္တရာယ်များကျရောက်ပါကစေတီတော်ကြီးအားအာရုံပြုဆုတောင်းလိုက်ပါကဘေးအန္တရာယ်မှကင်းဝေးခြင်း။ ( ၁၂ )တပေါင်းလပွဲတော်ကြီးဖြစ်ခါနီးတွင်ကျီးအုပ်ကြီးများ၊အမျိုးအမည်မသိသောငှက်အုပ်ကြီးများတောင်တော်နှင့်စေတီတော်အားပျံဝဲကြခြင်း။ ( ၁၃ ) ဘုရားပွဲတော်တွင်လူအပေါင်းသိန်းသန်းချီရောက်သော်လည်း တောင်တော်တွင်လူပြည့်သည်ဟုမရှိခြင်း။ ( ၁၄ ) ဘုရားပွဲတော်တွင်ဆွမ်းတော်တင်တောင်ပုံရာပုံစွန့်ထားသော်လည်းကျီးတစ်ကောင်မျှလာရောက်စားသောက်မှုမရှိခြင်း။ ( ၁၅ ) ဘုရားပွဲတော်တွင်လူအပေါင်းသိန်းသန်းချီရောက်သော်လည်း တောင်တော်တွင်လူပြည့်သည်ဟုမရှိခြင်း။ ( ၁၆ ) ယုံကြည်စွာဖြင့်စေတီတော်ရင်ပြင်တွင်သစ္စာအဓိဌာန်ကာ ပုတီးစိပ်ပါကရင်ပြင်တော်မှမြည်ဟိန်းသံကြားရတတ်ခြင်း။ ( ၁၇ ) နှစ်စဉ်တပေါင်းလတွင်အကြောင်းတစ်စုံတစ်ရာကြောင့် ဘုရားပွဲတော်မကျင်းပနိုင်ပါကတောင်တော်မြည်ဟိန်းခြင်း။ ( ၁၈ )စေတီတော်ကိုအဝေးမှမြင်ရလျှင်လည်းကောင်း၊ စေတီတော်ပရဝိဏ်သို့ကြည်ညိုစိတ်ဖြင့်ရာက်မိသည်နှင့် ဖူးမြော်ဦးတိုက်လျှင်ကာယသုခ၊စိတ္တသုခနှစ်ပါးချမ်းမြေ့ရခြင်း…။ ထူးခြားအံ့ဖွယ် ဤ…
Read More Read More
ကြို့ထိုးခြင်းကို အမြန်ဆုံး သက်သာစေမည့် နည်းလမ်းကောင်း (၁၀) ခု
ကြို့ထိုးခြင်းကို အမြန်ဆုံး သက်သာစေမည့် နည်းလမ်းကောင်း (၁၀) ခု
လူရယ်လို့ ဖြစ်လာရင် ကြို့ထိုးတာနဲ့ ကင်းတဲ့ လူလို့မရှိပါဘူး။ ကြို့ထားတာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့် တစ်ခါတစ်ရံမှာ လူ့စိတ်ကို အောင့်သက်သက် အခံရခက်တာလေးတွေရှိကြမှာပါ။ ဒီတစ်ခါမှာတော့ ကြို့ ထိုးတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။နားကို လက်နှင့် ပိတ်ထားပေးပါ – သင့်လက်ချောင်းများနှင့် နားကိုသက်သာစေပါတယ်။ စက္ကန့်(၃၀) ခန့်အထိ ပိတ်ပေးထားပါ။ သို့မဟုတ်ပါက သင့်နားရွက်နောက်ရှိ ပျော့ပျောင်းသောနေရာကို ဖိထားပေးခြင်းဖြင့် ကြို့ထိုးခြင်းကို သက်သာစေပါတယ်။ရေတစ်ငုံလောက် သောက်ပေးပါ – ရေကို ပိုက်အသုံးပြု၍ သောက်ပေးခြင်း(သို့) ရေနှင့် ပလုတ်ကျင်းပေးခြင်းဖြင့် သင့်၏အာရုံကြောများကို အနားရစေပြီး ကြို့ထိုးခြင်းကို သက်သာစေပါတယ်။သင့်နားကို ပိတ်ထားရင်း ရေသောက်ကြည့်ပါ – အထက်ဖော်ပြပါ နည်းနှစ်နည်းကို တစ်ချိန်တည်းတွင် ပြုလုပ်ပေးပါက ကြို့ထိုးခြင်းကို သက်သာစေပါတယ်။စက္ကူအိတ်အတွင်းသို့ လေမှုတ်သွင်းပေးပါ ဤနည်းလမ်းက သွေးထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့ချပေးပြီး ရင်ဝမ်းခြားရှိကြွက်သားကို ပိုအလုပ်လုပ်စေပြီး အောက်ဆီဂျင်များများ ရလာစေပါတယ်။ ပျားရည်နှင့် သံပုရာရည် – သံပုရာသီးကို ဝါးပေးခြင်း (သို့) ပျားရည်ကို ရေနွေးနှင့် သောက်ပေးခြင်းက သင့်အာရုံကြောများကို အနားရစေပြီး ကြို့ထိုးခြင်းမှ သက်သာစေပါတယ်။အပ်စိုက်ကုထုံး – အပ်စိုက်ကုထုံးနည်းကိုတော့ ကြို့မရပ်မနားထိုးနေချန်တွင် အသုံးပြုသင့်ပါတယ်။ ဤနည်းအားဖြင့် ကြို့ထိုးခြင်းကို…
Read More Read More
သင့်ခန္ဓာကိုယ်မှာ ဒီအချက်တွေဖြစ်နေပြီဆိုရင် ဆရာဝန်ချက်ချင်းပြဖို့လိုနေပြီနော်
သင့်ခန္ဓာကိုယ်မှာ ဒီအချက်တွေဖြစ်နေပြီဆိုရင် ဆရာဝန်ချက်ချင်းပြဖို့လိုနေပြီနော်
ခန္ဓာကိုယ်အတွင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတစ်ခုခုရှိနေရင် ခန္ဓာကိုယ်ပြင်ပမှာလည်း အပြောင်းအလဲလေးတွေ သိသိသာသာရော၊ မသိမသာရော ဖြစ်လာပါတယ်။တချို့အချက်လေးတွေက သိပ်ပြီးစိုးရိမ်စရာမဟုတ်ပေမယ့် တချို့ကျတော့လည်း ရောဂါကြီးတွေဖြစ်ဖို့ အစပျိုးနေတဲ့လက္ခဏာတွေဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ပြင်ပမှာ သာမန်မဟုတ်တဲ့ အပြောင်းအလဲတစ်ခုခုဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်အတွင်းထဲမှာ တစ်ခုခုချို့ယွင်းနေပြီဆိုတာ သိရမှာပါ။ဒါကြောင် သင့်ခန္ဓာကိုယ်ပြင်ပမှာ ဒီလိုအချက်တွေဖြစ်လာရင် မပေါ့ဆကြဖို့ သတိပေးချင်ပါတယ်နော်…။ခြေဖဝါးတွေနီရဲနေတာ – ခြေဖဝါးတွေသာမန်ထက်နီရဲနေတာက သွေးတွင်းသကြားဓာတ်အလွန်အကျွံများနေခြင်းကြောင့်ဖြစ်နိုင်ပြီး ဆီးချိုရောဂါလက္ခဏာပြတာ ဖြစ်နိုင်လို့ ဆေးစစ်ကြည့်ဖို့လိုအပ်ပါတယ် …။တစ်ယောက်ယောက်က ဖက်ထားသလို တင်းကြပ်တဲ့ခံစားမှုမျိုး ဖြစ်နေတာ – ကိုယ့်ကိုတစ်ယောက်ယောက်ကဖက်ထားသလိုမျိုး တင်းကြပ်တဲ့ခံစားမှုမျိုးဖြစ်နေပြီး အသက်ရှူရခက်နေတာဟာ multiple sclerosis လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နံရိုးတွေကိုညှစ်ထားသလိုခံစားရရင် ဆရာဝန်နဲ့ချက်ချင်းပြပြီး ဆေးစစ်သင့်ပါတယ်။မျက်ခုံးမွေးတွေပါးလာတာ – မျက်ခုံးမွေးတွေကျွတ်ပြီးပါလာတာကလည်း မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ဒါကြောင့် ဆေးစစ်ဖို့လိုပါတယ် …။ ခြေထောက်တွေရောင်တာ – ခြေထောက်တွေက sausages တွေလိုဖောင်းတင်းပြီး လှုပ်ရှားရတာနှေးကွေးနေမယ်ဆိုရင် ဒါဟာ အဆစ်အမြစ်ရောင်တာနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ အရိုးအကြောဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ် …။ အစားစားချင်စိတ်မရှိဖြစ်နေတာ – နဂိုကအစားနည်းတဲ့သူမဟုတ်ဘဲနဲ့ ရုတ်တရက်ကြီးအစားနည်းသွားတာမျိုး၊ အစားစားချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်လာရင်လည်း မပေါ့ဆသင့်ပါဘူး။ ဒါဟာ အစာရေမြိုပြွန်နဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ချက်ချင်းပြပါ။ အရေပြားယားယံတာ – lotion…
Read More Read More
နားနဲ့ ပတ်သက်တဲ့ရောဂါတွေအတွက် ဆေးမြီးတိုများ
နားနဲ့ ပတ်သက်တဲ့ရောဂါတွေအတွက် ဆေးမြီးတိုများ
Read More Read More
အာရုံကြောအားနည်ပြီး ခြေလက်ထုံကျင်ကိုက်ခဲသူများအတွက် အိမ်တွင်းဖြစ်ဆေးနည်းကောင်း
အာရုံကြောအားနည်ပြီး ခြေလက်ထုံကျင်ကိုက်ခဲသူများအတွက် အိမ်တွင်းဖြစ်ဆေးနည်းကောင်း
ကျွန်တော် အာရုံကြောအားနည်း ခေါင်းချွေးတအားထွက် ဝမ်းချုပ် မူးဝေတာတွေတော့ အခုဘာဆေးမှ သောက်စရာ မလိုလောက်အောင် ဒီပျားသံပရာကို လုပ်စားကြည့်လာတာ အတော်လေး အဆင်ပြေသွားပါပြီ ။ ခေါင်းချွေးများ ထွက်လာပြီဆို ဘာမှ မလုပ်ချင်လောက်အောင် စိတ်ပျက်မိတာ ။ပျားရည်တော့ စစ်ဖို့ လိုမယ်ထင်တယ် ။ အရမ်းကောင်းတယ် မနက်အိပ်ယာ ထထချင်း ပျားသံပရာ စားလိုက်တယ် မုန့်ဟင်းငါး ငံပြာရည်ချက် ငပိရည် အခုအကုန်စားတာ သွေးတိုး မရှိတာ့ဘူး ။တအားတော့ မစားနဲ့ပေါ့ နော် မျှဝေပေးပါ လက်တွေ့ကောင်းတယ် ။ အာရုံကြောအတွက် ဆေးကုထားတာ ချေလက်တွေ ထုံကြင်တာတွေ သက်သာ လာတယ် ။လက်တွေ့ဆေးအဖြစ် ရာသက်ပန် သုံးတော့မည် ။ အခု ပျားရည်အစစ် လိုက်ရှာနေတယ် ထပ်လုပ်ထားမလို့ ။ပြုလုပ်ပုံအဆင့်ဆင့် – သံပရာသီးကို ဆားနဲ့ ပွတ်ပေးပြီး ရေဆေးလိုက် ။ ရေအခြောက်ခံ ရေပြောင်အောင် သုတ်ပြီး အကွင်းလေးတွေလှီး ။ အစေ့ဖယ် လှီးပီးသား သံပရာသီးကို ပုလင်းထဲထည့် ။ ပျားရည်လောင်းထည့် ။ ပြီးရင် ရေခဲသေတ္တာထဲထား ။ သုံးရက်လောက်ဆို စားတော့ရပါပြီ ။ မူရင်းရေးသားသူကို လေးစားစွာဖြင့်…
Read More Read More
ဆီးချိုကျစေတဲ့ ကိုယ်တွေဆေးနည်း
ဆီးချိုကျစေတဲ့ ကိုယ်တွေဆေးနည်း
ကျနော်ငယ်ငယ်ထဲက သကြားမကြိုက်လှပေမယ့် လွန်ခဲ့တဲ့၇နှစ်လောက်က စပြီး ဆီးချိုရှိလာခဲ့တယ်။ဆရာမကြီး ဒေါက်တာဒေါ်သန်းသန်းအေးနဲ့ ပြလို့ သူညွန်ကြားတဲ့အတိုင်း သောက်လာခဲ့တာ ဒီချိန်မှာတော့ metformin တလုံး၃ကြိမ်၊ Diamecron ၃၀mg တကြိမ်၊ Clopelet, Prolomeg နေ့စဉ်တကြိမ်စီ၊ သောက်နေပေမယ့် မနက်အိပ်ယာထဆို ၁၂၀ အထက် အစာစားပြီး၂နာရီ ၂၀၀အပေါ်နား ရောက်နေပြီး Controlမရဖြစ်လာပါတယ်။ဆရာမကြီးကို ထပ်ပြရင်လည်း ဆေးတွေတိုးတော့မှာမို့ စိတ်ညစ်နေတုန်း internetမှာ ကြက်သွန်နီစားခြင်းရဲ့ အကျိုးကျေးဇူးတွေ ဖတ်လိုက်ရတယ်။you tube မှာလည်း ရေးထားတာ တွေ့ရတယ်၊ သူက ဆီးချိုသွေးချိုရော၊ ဆီးရောဂါရော အတော်ကောင်းတယ်၊ နောက်ပြီး တုတ်ကွေး အအေးမိ၊အမျိုးသား အင်အားကုန်တာတွေရော၊ဒါနဲ့ စမ်းကြည့်မယ် စိတ်ကူးမိပါတယ်။ ပြုလုပ်ပုံကတော့” ကြက်သွန်နီ အနေတော် ၃လုံးကို အခွံနွာ ရေဆေးပြီး အကွင်းလိုက်လှီးပါတယ်။ အဲဒီနောက်ပျားရည်အစစ်ထည့်ထားတဲ့ ပုလင်းကျယ်ထဲ မြုတ်ယုံထည့်ပြီး ပျားရည်ကို စိမ့်ဝင်စေပါတယ်။ အလိုလုပ်ပြီး ည အိပ်ယာမဝင်ခင် တဇွန်း(ကြက်သွန်နီ၎ကွင်းခန့်) စားခဲ့ပါတယ်။ နောက်နေ့မနက် အိပ်ယာထ အစာမစားခင် ဆီးချိုတိုင်းတော့ ၁၁၅ဘဲရှိတော့တာ တွေ့ရပါတယ်။ မယုံချင်တာနဲ့ တပါတ် တိတိရက်ဆက်စားပြီး မနက်တိုင်း တိုင်းတာတာ ၁၁၅-၁၁၈ကနေ မတက်တော့ပါ။ဒီကြားထဲ ဒါန်ပေါက်၊ချောကလက်စတဲ့ သွေးချိုတက်စာတွေ၊အိပ်ခါနီး အစာများများစားလည်း…
Read More Read More
ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ ပဲစောင်းလျားသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ ပဲစောင်းလျားသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
Read More Read More