Browsed by
Author: author

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့ လင်းရှုူးတို့ရဲ့ ကွာခြားချက်တွေနဲ့အတူ ဗဟုသုတ အချို့ကို ပြန်လည်ဝေမျှလိုက်ပါတယ်။ လင်းပိုင် နဲ့ လင်းရှူးတွေဟာ ရေနေ နို့တိုက်သတ္တဝါတွေဖြစ်ပြီး သူတို့နှစ်မျိုးစလုံးဟာ သွားရှိဝေလငါး(Toothed whale) အုပ်စုထဲမှာ ပါဝင်ကြပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံချင်း ဆင်ပေမယ့် အမျိုးအစားအားဖြင့်တော့ ကွဲပြားခြားနားကြပါတယ်။ ကမ္ဘာ့နေရာအနှံ့အပြားက ပင်လယ် သမုဒ္ဒရာတွေထဲမှာ နေထိုင်တဲ့ လင်းပိုင်အမျိုးအစားပေါင်း ၃၂ မျိုးခန့် ရှိပြီး လင်းရှူးအမျိုးအစားကတော့ ၇ မျိုးပဲ ရှိပါတယ်။ သူတို့နှစ်မျိုးရဲ့ တူညီတဲ့ အချက်ကတော့ ချစ်စဖွယ်အဆင်းရှိပြီး ဉာဏ်ကောင်းကြတာပါ။ ပဲ့တင်သံကို အသုံးပြုပြီး အစာရှာကြတာရော ၊ ရန်သူတွေလက်ထဲက လွတ်အောင်ထွက်ပြေးတဲ့ပုံချင်းလည်း တူညီကြပါတယ်။ လင်းပိုင်ရော လင်းရှူးတွေရော သူတို့ရဲ့ သားငယ် သမီးငယ်တွေကို အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်ကြလေ့ရှိပါတယ်။ သူတို့ဟာ ညစ်ညမ်းတဲ့ရေပြင်ဧရိယာမှာ မနေထိုင်ကြတာချင်းလည်း တူညီပေမယ့် ကွဲပြားတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။ လင်းပိုင် နဲ့ လင်းရှူးတွေဟာ အရောင်ချင်း…

Read More Read More

ကစားသမားဘ၀တစ်လျှောက် ရင်ဆိုင်ရအခက်ခဲဆုံး ဂိုးသမားကို ရွေးချယ်ခဲ့ရာ နေမာရဲ့အဖြေက အားလုံးအံ့အားသင့်စရာဖြစ်ခဲ့ရ

ပီအက်စ်ဂျီနဲ့ ဘရာဇီးတိုက်စစ်မှူးနေမာဟာ သူ့ရဲ့ကစားသမားဘ၀တစ်လျှောက် ရင်ဆိုင်ရအခက်ခဲဆုံးဂိုးသမားကို ရွေးချယ်မှုပြုလုပ်သွားခဲ့ရာမှာတော့ သူ့ရဲ့အဖြေက ဘောလုံးပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ အသက် (၂၇) နှစ်အရွယ်ရှိနေမာဟာ ဘောလုံးသမားဘ၀တစ်လျှောက် ထိပ်တန်းအဆင့်ဂိုးသမားပေါင်းများစွာနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားလာခဲ့ရသူပါ။ လက်ရှိကမ္ဘာကျော်ထိတ်ထိတ်ကြဲဂိုးသမားတွေနဲ့ နေမာဟာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတယ်။ လက်ရှိကမ္ဘာ့ဘောလုံးမှာ ထိပ်ဆုံးနေရာတွေကို လွှမ်းမိုးထားတဲ့ ဂိုးသမားတွေဖြစ်တဲ့ အယ်လစ်ဆန်၊ အီဒါဆန်၊ ဒီဂီယာ၊ အော့ဘလက်ခ်၊ ကော့တွိုက်စ်တို့အပါအ၀င် ဘူဖွန်၊ ကာဆီးလက်စ်၊ နူအာတို့လို လုံး၀၀ါရင့်၊ သမ္ဘာ့ရင့်ဂိုးသမားကြီးတွေနဲ့လည်း နေမာဟာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ နေမာအတွက် အခက်ခဲဆုံးဂိုးသမားကတော့ သူတို့တွေ တစ်ယောက်မှ မဟုတ်ပါဘူး။ နေမာအတွက် ရင်ဆိုင်ရအခက်ခဲဆုံးဂိုးသမားကတော့ သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းဗစ်တာဗဲဒက်စ်ပဲ ဖြစ်ပါတယ်။ ဗဲဒက်စ်ဟာ ဘာစီလိုနာအတွက် ဂန္ထ၀င်ကစားသမားတစ်ယောက်ဖြစ်ပြီး ဘာစီလိုနာတို့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ရာမှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့သူပါ။ ဗဲဒက်စ်ဟာ သူ့အတွက် ဘာကြောင့် အခက်ခဲဆုံးဂိုးသမားဖြစ်သလဲဆိုတာကို နေမာက Oh My Goal နဲ့ တွေ့ဆုံရာမှာ ဖွင့်ဟသွားခဲ့ပါတယ်။ “ကျွန်တော်ဆန်းတို့စ်အသင်းမှာ ကစားနေတုန်းက ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ သူနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်။ ဗဲဒက်စ်ဟာ တကယ့်ကို ရင်ဆိုင်ရခက်ပြီး ကျော်ဖြတ်နိုင်ဖို့ မလွယ်တဲ့ ဂိုးသမားတစ်ယောက်ပဲ။ သူ့ကိုကျွန်တော်လုံးဝလေးစားတယ်”လို့ နေမာက ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။ ကမ္ဘာကျော်တွေကိုကျော်ပြီး…

Read More Read More

မက်ဆီ၊ စီရော်နယ်ဒိုတို့ကို ပြတ်ပြတ်သားသားကျော်ဖြတ်ပြီးဈေးကွက်တန်ဖိုး အမြင့်ဆုံးကစားသမားအဖြစ် ဦးဆောင်နိုင်ခဲ့သူ

ဘောလုံးသမားတွေရဲ့ ဈေးကွက်ဆိုင်ရာတန်ဖိုးကို စာရင်းပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ Transfermarkt က လက်ရှိအချိန်မှာ ဥရောပလိဂ်တွေမှာ ကျင်လည်နေတဲ့ ကစားသမားတွေရဲ့ ဈေးကွက်တန်ဖိုးကို ထုတ်ပြန်ခဲ့ရာမှာ တော့ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ လက်ရှိအချိန် ဈေးကွက်တန်ဖိုး အမြင့်ဆုံးကစားသမားအဖြစ် ယူရို သန်း (၁၈၀) နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘတ်ပီက အားလုံးကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့တာပါ။ သူ့ရဲ့နောက်မှာတော့ မန်စီးတီးတိုက်စစ်ကစားသမား စတာလင်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာတို့က ယူရို (၁၂၈) သန်းနဲ့ ကိုယ်စီ ရပ်တည်နေတာပါ။ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီရဲ့ ဈေးကွက်တန်ဖိုးကတော့ ယူရို (၁၁၂) သန်းရိပြီး အဆင့် (၉) နေရာမှာ ရပ်တည်နေပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ဈေးကွက်တန်ဖိုးက တော်တော်လေး ဆိုးရွားတယ်လို့ ဆိုရမှာဖြစ်ပြီး ယူရို သန်း (၆၀) သာရှိတော့ရာ အဆင့် (၄၆) နေရာမှာသာ ရပ်တည်နေတာပါ။ Transfermarkt က ဈေးကွက်တန်ဖိုး အမြင့်ဆုံးကစားသမားများစာရင်း

မပြောင်းလဲတဲ့ချစ်ခြင်းနဲ့အလွန် ကြည်နူးစရာကောင်းလွန်းတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲများ

တောင်ကိုရီးယားအနုပညာလောကမှာလည်း တစ်ယောက်နဲ့တစ်ယောက် စွဲစွဲမြဲမြဲချစ်ပြီး ကြည်နူးစရာကောင်းတဲ့စုံတွဲများစွာ ရှိနေပါတယ်။ အချစ်ဆိုတာ မတည်မြဲဘဲ ပြောင်းလဲတတ်တယ်ဆိုတဲ့စကားက သူတို့အတွက်တော့ မမှန်ကန်ပါဘူး။ Sin Minah♥Kim Woobin ၂၀၁၅ ခုနှစ်ကတည်းက စတင်ချစ်ကြိုက်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာလည်း အားကျစရာကောင်းလွန်းပါတယ်။ Kim Woobin တစ်ယောက် ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာလည်း Shin Minah က ဘေးနားမှာ အကောင်းဆုံး နေပေးခဲ့ပါတယ်။ Hyeri♥Ryu Junyeol (၈) နှစ်လောက် အသက်ကွာဟတဲ့ Hyeri နဲ့ Ryu Junyeol တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူကျပါတယ်။ Reply 1988 မှာ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ၂၀၁၇ မှာတော့ သူတို့ရဲ့ဆက်ဆံရေးကို တရားဝင်ချပြခဲ့ပါတယ်။ Ye Junghwa♥Ma Dongsuk Ye Junghwa နဲ့ Ma Dongsuk တို့ဟာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ သူတို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့အကြောင်း တရားဝင်ချပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ လက်ထပ်တော့မှာပဲ ဖြစ်ပါတယ်။ HyunA♥Dawn K-pop ရဲ့ နာမည်ကျော်စုံတွဲတွေထဲက တစ်တွဲပဲ ဖြစ်ပါတယ်။ HyunA နဲ့ Dawn…

Read More Read More

Billboard ဂီတကျွမ်းကျင်သူ (၅) ယောက် သုံးသပ်ထားတဲ့ BTS အဖွဲ့ပိုပိုပြီး အောင်မြင်လာရခြင်းအကြောင်းများ

ဒီအချက်တွေကြောင့်ပဲ BTS အဖွဲ့ရဲ့ အောင်မြင်မှုဟာ တစ်နေ့တစ်ခြား ပိုပိုပြီး ကြီးမားလာရတယ်လို့ Billboard ဂီတပညာရှင်တွေက ဆိုထားကြပါတယ်။ ၁။ ထူးခြားတဲ့ ပရိုမိုးရှင်းနည်းလမ်း Billboard ရဲ့ဝန်ထမ်း Tatiana Cirisano ရဲ့သုံးသပ်ချက်အရ BTS အဖွဲ့အောင်မြင်လာတဲ့နေရာမှာ သူတို့ရဲ့ ပရိုမိုးရှင်းနည်းလမ်းတွေက အဓိကအကြောင်းပြချက်တွေထဲကတစ်ခုလို့ ဆိုခဲ့ပါတယ်။ US မှာ တခြားအနုပညာရှင်တွေဟာ Music Video ထုတ်လုပ်ပြီး TV အစီအစဉ်တွေမှာ တစ်ခါ၊ နှစ်ခါလောက်သာ ပါဝင်ဖျော်ဖြေခဲ့ပေမယ့် BTS ကတော့ အဲဒီနည်းလမ်းတွေနဲ့ မတူကွဲပြားစွာ အသုံးပြုခဲ့တယ်လို့ Tatiana Cirisano က သုံးသပ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် BTS ဟာ Grand Central Station လိုမျိုးနေရာမှာ ဖျော်ဖြေခဲ့တာပါပဲ။ ၂။ ကိုယ်ပိုင်ဟန်နဲ့ ထိုးဖောက်ခြင်း BTS အဖွဲ့ဟာ အောင်မြင်ပြီးသားတခြားအဖွဲ့တွေရဲ့ နည်းလမ်းကို အသုံးမပြုဘဲ ကိုယ်ပိုင်ဟန်နဲ့ ထိုးဖောက်တာကလည်း သူတို့အောင်မြင်ရခြင်းရဲ့ အကြောင်းတစ်ခုလို့ Billboard ရဲ့ ဂီတကျွမ်းကျင်သူ Eric Frankenberg က သုံးသပ်ခဲ့ပါတယ်။ BTS ဟာ ပရိသတ်အကြိုက် ပေါ်ပင်လိုက်ဖန်တီးမယ့်အစား အောင်မြင်မှုနဲ့ပတ်သက်ပြီး မစိုးရိမ်ဘဲ သူတို့စိတ်ကြိုက်တာ ဖန်တီးလေ့ရှိတာပါ။…

Read More Read More

တွဲကစာဖူးသမျှထဲမှာ အကောင်းဆုံးအသင်းဖော်ကို မချွင်းမချန် ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထ၀င်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်းကတော့ သူ့ကစားသမားဘ၀တစ်လျှောက် တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံးအသင်းဖော်ကို တိတိကျကျ ထုတ်ဖော်သွားခဲ့တာပါ။ အသက် (၄၅) နှစ်အရွယ်ရှိ ဒေးဗစ်ဘက်ခမ်းဟာ ကစားသမားတုန်းက မန်ယူနိုက်တက်၊ ရီးရဲတို့မှာ ကစားရင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူပါ။ ဒေးဗစ်ဘက်ခမ်းရဲ့ အကောင်းဆုံးအသင်းဖော်ကတော့ တခြားမဟုတ်ဘဲ ရီးရဲမှာတုန်းက အတူတွဲကစားခဲ့တဲ့ လက်ရှိရီးရဲနည်းပြ ဇီဒန်းပါပဲ။ “ဇီဒန်းက အရမ်းလူကြီးလူကောင်းဆန်ပါတယ်။ သူနဲ့ တွဲကစားခဲ့ရတာ လုံးဝထူးခြားပါတယ်။ ကျွန်တော့်အတွက်တော့ သူကအကောင်းဆုံးကစားသမား၊ အကောင်းဆုံးပုဂ္ဂိုလ်ပါပဲ”လို့ ဒေးဗစ်ဘက်ခမ်းက ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။

Song Hye Kyo နဲ့ တူတယ်အပြောခံရလို့ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ Jung Mi Ae

Jung Mi Ae ဟာ ကိုရီးယားထိပ်တန်းမင်းသမီး Son Hye Kyo နဲ့တူတယ်လို့ အပြောခံခဲ့ရအခါ ဒါကို ပရိသတ် အများအပြားက ကျေနပ်ခြင်းမရှိခဲ့ကြတာပါ။ အဆိုတော် Jung Mi Ae ဟာ ကိုရီးယားထိပ်တန်းမင်းသမီး Son Hye Kyo နဲ့တူတယ်လို့ အပြောခံခဲ့ရအခါ ဒါကို ပရိသတ် အများအပြားက ကျေနပ်ခြင်း မရှိဘဲ လူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်ခဲ့ကြတာပါ။ Jung Mi Ae ဟာ အရင်က ၀ခဲ့ပေမယ့်လည်း အခုအခါမှာတော့ ၀ိတ်ချလိုက်ပြီဖြစ်ကာ ပိန်သွားခဲ့ပြီ ဖြစ်ပါတယ်။ တလောက အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ရာမှာတော့ အစီအစဉ်တင်ဆက်သူက Jung Mi Ae ကို ပိန်သွားတဲ့အတွက် အရမ်းလှလာပြီး Song Hye Kyo နဲ့တောင်တူတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အဲဒီမှာပဲ Jung Mi Ae ရဲ့နာမည်ကို အွန်လိုင်းမှာ ရှာဖွေမှုမြင့်တက်လာခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေက Jung Mi Ae ကို ဆဲဆိုမှုတွေ၊ ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးမှာတော့ Jung Mi Ae…

Read More Read More