Browsed by
Author: Admin

ခင်ပွန်းဖြစ်သူ လင်းလင်း သီချင်းတက်မဆိုခင် စင်နောက်ကနေလိုအပ်တာများကို မှာကြားနေတဲ့ ချစ်သုဝေ

ခင်ပွန်းဖြစ်သူ လင်းလင်း သီချင်းတက်မဆိုခင် စင်နောက်ကနေလိုအပ်တာများကို မှာကြားနေတဲ့ ချစ်သုဝေ

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ချစ်သုဝေက မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ ချစ်သုဝေက New Year ပွဲမှာ သီချင်းဆိုတဲ့ ခင်ပွန်းလင်းလင်းကို လိုအပ်တာများ ဖြည့်စည်းပေးနေခဲ့ပါတယ်။ ဒီနေ့မှာတော့ ချစ်သုဝေက ပြီးခဲ့တဲ့ (၂၀၁၉) မှာ ကြုံတွေ့ခဲ့ရတဲ့အမှတ်တရတွေနဲ့ (၂၀၂၀)မှာ ကောင်းသထက်ကောင်းအောင် ကြိုးစားနေထိုင်မယ့် အကြောင်းကို အခုလိုပြောပြလာပါတယ်။ “2019ကိုပြန်လှည့်ကြည့်တော့ ပျော် စရာတွေချည်းလည်းမဟုတ် ငိုစရာတွေချည်းလည်း မဟုတ်ပြန် အထိုးအနှက်ကတော့ အတော်များခဲ့တာ။ မွန်းကျပ်စရာတွေရော၊ ပင်ပမ်းတာတွေရော.. အစွန်း၂ဖက်မှာချည်းပဲ။” “2020 ကိုတော့ ပျော်စရာတွေချည်းလာတို့, အောင်မြင်မှုတွေကြိုလို့တို့,, မဟုတ်တမ်းတရားတွေမတောင်းဆိုသင့်လေဘူးလေနော်။ လာပါကြိုက်တာလာပါ။ နူးညံ့သောနှလုံးသား မှန်ကန်သောခံယူချက် ပြတ်သားသောစိတ်နှလုံး ကြည်လင်သောအပြုံးများဖြင့် blessings တိုင်းအတွက်ချီးမွမ်းနိုင်သလို ဒုက္ခ တိုင်းအတွက် ရဲရဲရင်ဆိုင် ခံနိုင်ပါစေ။” “ဘဝမှာ ကြည်နူးချမ်းမြေ့စရာ မိသားစုလေးပိုင်ဆိုင်နေရတာနဲ့ မိဘကိုအလုပ်အကျွေးပြုစောင့်ရှောက်နိုင်စွမ်းရှိတာနဲ့တင် ပျော်စရာအလွန်ကောင်းနေပြီလေနော်😇 2020မှာ ကိုယ့်ကိုယ်ကိုယ်လည်းပိုချစ်မယ် ကိုယ်နဲ့ဆက်ဆိုင်သာများအပေါ်လည်း ပို၍သာ၍ နွေးထွေးကြင်နာမယ်။”…

Read More Read More

လွန်ခဲ့တဲ့ (၉)နှစ် ဒီလိုအချိန်မှာ ပြေတီဦးက လာရောက်တောင်းရမ်းခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

လွန်ခဲ့တဲ့ (၉)နှစ် ဒီလိုအချိန်မှာ ပြေတီဦးက လာရောက်တောင်းရမ်းခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ပြေတီဦးနဲံ အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုကြီးတွေများစွာရရှိခဲ့သလို “သုဒြာ” ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကိုလည်း တည်ထောင်ထားကြတာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အခုဆိုရင် အိမ်ထောင်သက် (၈) နှစ်ကျော်ကြာ လက်တွဲခဲ့တာဖြစ်ပြီး သမီးလေး ပြေသုဒြာနဲ့ သားငယ် ပြေဓီရတို့ကို မွေးဖွားထားပြီး သာယာလှပတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရ်ီလ (၁) ရက်နေ့ကတော့ ပြေတီဦးတစ်ယောက် အိန္ဒြာကျော်ဇင်ကို လာရောက်တောင်းရမ်းနားဖောက်တဲ့နေ့လေး ဖြစ်ပါတယ်တဲ့။ အိန္ဒြာကျော်ဇင်က ထိုနေ့လေးကို မှတ်မှတ်ရရှိရင်း ပရိသတ်တွေအတွက် အခုလိုပဲ နှစ်သစ်ဆုတောင်းလေး ပြောထားပါတယ်။ “HAPPY NEW YEAR! ALL OF MY FANS ကျန်းမာခြင်း၊ချမ်းသာကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်း၊စိတ်နှလုံးချမ်းမြေ့ခြင်း၊ကြံစည်သမျှအောင်မြင်ခြင်း၊ အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း၊လာဘ်လာဘကြွယ်ဝခြင်းအပေါင်းနှင့်နှစ်သစ်မှာ ပြည့်စုံကြပါစေ…ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ 🎁 လွန်ခဲ့တဲ့ ၉နှစ်က ဒီလိုနေ့မှာ သူ..ဒို့ကို…ဒို့ မေမေဆီမှာ လာတောင်းတာပေါ့😜😁😍” ဆိုပြီး မျှဝေထားပါတယ်။ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ကတော့ အခုချိန်ထိတိုင် သာယာပျော်ရွှင်စွာနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို…

Read More Read More

မိုင်ပေါင်း ၉ထောင်နီးပါး ခရီးနှင်ခဲ့တဲ့ ရေပေါ်ဟိုတယ်ကြီး

မိုင်ပေါင်း ၉ထောင်နီးပါး ခရီးနှင်ခဲ့တဲ့ ရေပေါ်ဟိုတယ်ကြီး

ဒီဟိုတယ်ရဲ့ နာမည်က Haegumgang ဖြစ်ပြီး တချိန်က သြစတြေးလျနိုင်ငံ ကွင်းစလန်မှာ စတင်အခြေစိုက်ခဲ့တဲ့ ဒီဟိုတယ်ဟာ ကွင်းစလန် ကနေ ဗီယက်နမ် ၊ အဲဒီကနေမှ လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားနိုင်ငံက စိန်တောင်လို့ လူသိများတဲ့ ကမ်ဂန်းတောင် အပန်းဖြေစခန်းကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိုင်းပေါင်း ၉ထောင်နီးပါး ခရီးနှင်ခဲ့တဲ့ ဒီရေပေါ်ဟိုတယ်ကြီးရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။ ဒီဟိုတယ်ကြီးဟာ သြစတြေးလျ လုပ်ငန်းရှင် Doug Tarca နဲ့ သားဖြစ်သူ Peter တို့ရဲ့စိတ်ကူးကနေတဆင့် ဖြစ်ပေါ်လာခဲ့တာပါ။ သူတို့ဟာ မဟာသန္တာကျောက်တန်းကြီးအနီးက အပန်းဖြေစခန်းမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ဒီဟိုတယ်ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီဟိုတယ်ကို စင်ကာပူကုမ္ပဏီတစ်ခုကနေ တည်ဆောက်ပေးခဲ့တာဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ တည်ဆောက်ပြီးစီးခဲ့ပေမယ့် ငွေပေးခြေမှု ကြန့်ကြာခဲ့တာကြောင့် ၁၉၈၈ ခုနှစ်မှ သြစတြေးလျကို ရောက်ရှိခဲ့ပါတယ်။ ဟိုတယ်ဆိုပေမယ့် ခရီးသွားသင်္ဘောကြီးတစ်စင်းကဲ့သို့ သွားလာခုတ်မောင်းနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ဒေါ်လာ သန်း ၄၀ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ မဟာသန္တာကျောက်တန်းကြီးထဲအပါအဝင်ဖြစ်တဲ့ John Brewer သန္တာကျောက်တန်းမှာ ဒီဟိုတယ်ကြီးကို ဆိုက်ကပ်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်ခဲ့စဉ်က ဒီဟိုတယ်ရဲ့…

Read More Read More

အကြမ်းစားပုံရိပ်တွေနဲ့ နှစ်သစ်ကို ကြိုဆိုလိုက်တဲ့ ဝါဆိုမိုးဉီး

အကြမ်းစားပုံရိပ်တွေနဲ့ နှစ်သစ်ကို ကြိုဆိုလိုက်တဲ့ ဝါဆိုမိုးဉီး

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ ချစ်​စရာမင်းသမီး​လေး ဝါဆိုမိုးဦးက​တော့ ဘိုဆန်​ဆန်​မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်​ဦးပါ။ လတ်​တ​လောမှာတော့ ဝါဆိုက ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ အကြမ်းစားဖက်ရှင်နဲ့ နှစ်သစ်ကို ကြိုဆိုလိုက်တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်ညီတဲ့ ဝါဆိုမိုးဉီး လေးကတော့ အရမ်းကို ဂေါ်လွန်းနေတာပါနော်။ မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ နှစ်သစ်ကို အရမ်းကို ညှို့အားပြင်းနေတဲ့ ပုံရိပ်တွေနဲ့ ကြိုဆိုလိုက်တဲ့ ဝါဆိုမိုးဦးရဲ့ အကြောင်းကို​ ဖော်​ပြေ​ပေးလိုက်​ပါတယ်​နော်​။ ဝါဆိုမိုးဦးက​တော့ “2013 vs 2020 ၇နှစ်နှစ်တာပြောင်းလဲချင်းတွေနဲ့ နှစ်သစ်ကိုစတင်လိုက်ပြီနော်❤️❤️❤️အယ်လယ် 🤪 ” ဆိုပြီး နှစ်သစ်ကို အဂေါ်ဆုံး ကြိုဆိုခဲ့တဲ့ သူမရဲ့ပုံ​လေး​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားခဲ့တာပါ။ ယူရိုသန်း (၅၀၀) ပေးရင်တောင် လုံးဝမရောင်းထုတ်မယ့် ကစားသမားကို ပြောပြသွားတဲ့ ဂွါဒီယိုလာ အရမ်းလန်းတယ် ဝါဆိုရယ်…။ ဝါဆိုကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ပြီးပြည့်စုံတဲ့အချစ်ရေးကိုလည်း အကောင်းဆုံးပုံဖော်နေတာပါ။အဆိုပိုင်းမှာလည်း ထူးချွန်​တဲ့ ဝါဆိုမိုးဦးကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းလန်းတဲ့ ဝါဆိုမိုးဦးရဲ့ပုံရိပ်​လေး​တွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။ Myint Myat Source;Warso…

Read More Read More

နှစ်ဦးအလှူအဖြစ် သစ်တံခါးဆရာတော်ထံမှာ ကျောင်းဆောက်ရန် သိန်း(၃၀၀) လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု

နှစ်ဦးအလှူအဖြစ် သစ်တံခါးဆရာတော်ထံမှာ ကျောင်းဆောက်ရန် သိန်း(၃၀၀) လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားနိုင်တာ ဖြစ်ပါတယ်။ ငွေကြေးပြည့်စုံကြွယ်ဝတဲ့ စမိုင်းလ်က မိသားစုကိုချစ်ပြီး နွေးထွေးမှုတွေပေးတဲ့ ခင်ပွန်းနဲ့ လိမ္မာပြီး အနေအေးလွန်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းသူ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ စမိုင်းလ်တို့ မိသားစုက ဒီကနေ့ ဇန်နဝါရ်ီလ (၁) ရက်နေ့မှာတော့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခညောင်းတဲ့ နှစ်သစ်တစ်နှစ်အဖြစ် စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်၊ ကိုပြည့်မောင်၊ သမီးကြီးပေါ်ရှာနဲ့ သမီးငယ်ကလိုဝီတို့က သစ်တံခါးဆရာတော်ကြီးကျောင်းတိုက်မှာ ကျောင်းဆောင်သစ် ဆောက်လှူရန်အတွက် အလှူငွေ သိန်း (၃၀၀) ကျပ်တိတိကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်က သစ်တံခါးဆရာတော်ကြီးနဲ နယ်လှည့်သာသနာပြုခရီးစဉ်တွေမှာ လိုက်ပါလေ့ရှိသလို သစ်တံခါးဆရာတော်ကြီးကို ယုံယုံကြည်ကြည် ကိုးကွယ်သူတစ်ယောက် ဖြစ်ပါတယ်။ သူမဘဝအကြောင်း သေချာမသိပဲ ဝေဖန်သူတွေကို တုံ့ပြန်လိုက်တဲ့ အက်စတာဒေါ့ချင်းဆုန် စမိုင်းလ်တို့ မိသားစုလေးကတော့ နှစ်သစ်ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုအလှူလေးကို သာဓုခေါ်ကြပါဦးနော်။ Rowena Source: Smile”s fb

ဆံပင်ဖြောင့်တဲ့အခါ

ဆံပင်ဖြောင့်တဲ့အခါ

Zawgyi Font ျဖင့္ဖတ္ရန္ အမျိုးသမီးတစ်ယောက်ရဲ့ ဆံကေသာ အလှ ဟာ နဂိုကောင်းတာကြောင့်ဆိုတာထက် ဆံပင်ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။ ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကိုပြောချင်တာက ဆံပင်ဟာ လူတစ်ယောက်အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှ လို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှု အပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြရပါတယ်။ ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင် အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့  ရှည်ပြီးဖြောင့်တဲ့ ဆံပင်ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့်ရအောင်။ အမျိုးသမီးတွေက ဆံပင်ပုံစံအမျိုးမျိုးနဲ့ မွေးဖွားလာကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ မရှိဘူးတဲ့။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တဲ့ ဆံပင်အဖြောင့်ကို ရဖို့ဆို ဘာမဆိုလုပ်မယ့် အမျိုးသမီးတွေ ရှိနေပါတယ်တဲ့။ နည်းလမ်းတွေအများကြီးထဲက တစ်ခုက ဆံပင်ဖြောင့်ခြင်းပါ။ အဲဒီနည်းလမ်းက ၁၉၈၀ လောက်ထဲကကတည်းက အသုံးပြုနေတာပါ။ ဖြောင့်စင်းတောက်ပတဲ့ ဆံပင်ပုံစံရဖို့ ဆံပင်ကို ပိပြားအောင်လုပ်ပြီး ဆွဲဖြောင့်ပစ်လိုက်တာပါပဲ။ ဆံပင်ဖြောင့်တဲ့နေရာမှာ ယာယီအဖြောင့် (သို့) တာရှည်ခံအဖြောင့်ဆိုပြီး အမျိုးအစားနှစ်မျိုး ရှိနိုင်ပါတယ်။…

Read More Read More

ကလေးငယ်တွေ ဆောင်းတွင်းမှာ အဖြစ်များတဲ့ Rota Virus

ကလေးငယ်တွေ ဆောင်းတွင်းမှာ အဖြစ်များတဲ့ Rota Virus

Zawgyi Font ျဖင့္ဖတ္ရန္ မိုးအကုန် ဆောင်းအကူး ကာလတွေမှာဆိုရင် ကလေးပေါက်စ အများစု ဝမ်းပျက်တတ်ကြတယ်နော်။ ဝမ်းဝါဝါ အရည်ကျဲကျဲတွေ အများကြီး သွားနေတတ်တာမျိုးပေါ့။။ ဒီလို အခါမျိုးမှာ ကိုယ့်ကလေးကို အဓိက သတိထားကြည့်ရမယ့် အချက် (၁၀) ချက်ရှိပါတယ်။ တစ်နေ့ကို ဘယ်နှခါသွားလဲ တစ်ခါသွားရင် ဘယ်လောက်များလဲ ဝမ်း အရောင်က ဘယ်လိုနေလဲ ဝမ်းအပြင် ဘာတွေပါလဲ လန်းလန်းဆန်းဆန်း ရှိရဲ့လား ကလေးက နို့/အစာ ဝင်ရဲ့လား မျက်တွင်းကျတာ… မျက်နှာချောင်တာ…နှုတ်ခမ်းအသားတွေခြောက်တာ စတဲ့ ရေဓာတ်ခမ်းနေတဲ့ လက္ခဏာတွေရှိနေပြီလား ဝမ်းမသွားခင် ထိုးအန်သေးလား ကိုယ်ပူသေးလား ဒီအချက်တွေကို သိထားမှ ဆရာဝန်က မေးတဲ့အခါ အလွယ်တကူဖြေနိုင်မှာဖြစ်ပြီး ရောဂါအမျိုးအစား သတ်မှတ်တဲ့နေရာမှာလည်း အများကြီး အထောက်အကူပေးနိုင်တော့ ရောဂါ မြန်မြန် သက်သာတာပေါ့။ ခုလိုရာသီမှာတော့ Rota virus လို့ခေါ်တဲ့ တုပ်ကွေးပိုးတစ်မျိုးကြောင့် ကလေးတွေဝမ်းလျှောကြတာ များပါတယ်။ ဖြစ်တဲ့သူ များပြီး ကူးလွယ်တဲ့ ရောဂါဖြစ်လို့ နေရာတကာ Rota ဝမ်းလျှောတွေချည်း တွေ့နေရတတ်ပါတယ်။ ဝမ်းမသွားခင် စားထားသမျှတွေ ပြန်အန်မယ်၊ ဝမ်းသွားခါနီး ငိုမယ်၊ ဝမ်းဝါဝါ အရည်ကျဲတွေ ခဏခဏ သွားမယ်၊ ဝမ်းကလွဲလို့…

Read More Read More

ပြောပြောနေကျ BMI ဆိုတာဘာလဲ

ပြောပြောနေကျ BMI ဆိုတာဘာလဲ

Zawgyi Font ျဖင့္ဖတ္ရန္ Body mass index (BMI) ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီ (body fat) ပမာဏကို အနီးစပ်ဆုံးသိရဖို့ သုံးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တွက်ရတာလည်း အလွန်လွယ်ကူပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်အလေးချိန် (kg) ကို တည်ပြီး မိမိရဲ့အရပ် (m2) နဲ့ စားလိုက်ရုံပါပဲ။ အခုခေတ်မှာဆို BMI ကို အလွယ်တကူတွက်ပေးတဲ့ mobile application တွေ၊ ပေါင်ချိန်စက်တွေလည်း ပေါပေါများများရှိနေပါပြီ။ BMI ကို ဘယ်သူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသလဲဆိုရင်တော့ body builders (ခန္ဓာကိုယ် အချိုးအစားကျနစွာလှပအောင် ကြိုးစားနေသူများ) အားကစားသမားများ ကိုယ်ဝန်ဆောင်မိခင်များပဲဖြစ်ပါတယ်။ BMI interpretation အရွယ်ရောက်ပြီးသူတွေ (young and middle-aged adults) အတွက် healthy BMI range ကတော့ 18.5 မှ 24.9 အတွင်းဖြစ်ပါတယ်။ 18.5 အောက်ဆိုရင် underweight ပိန်သည်ဟု သတ်မှတ်နိုင်ပြီး 25-29.9 ဆိုရင်တော့ overweight ဝသည်ဟု သတ်မှတ်ပါတယ်။ Over 30 ဆိုရင်တော့ အဝလွန်နေတဲ့ အခြေအနေဖြစ်ပါတယ်။ BMI rule…

Read More Read More

မျက်နှာလေး အမွေးအမျှင် ကင်းစင် လှပ ဖို့ရာ နည်း အဖြာဖြာ

မျက်နှာလေး အမွေးအမျှင် ကင်းစင် လှပ ဖို့ရာ နည်း အဖြာဖြာ

Zawgyi Font ျဖင့္ဖတ္ရန္ “နှုတ်ခမ်းမွေးလေးရေးတေးတေးနဲ့မှ လှတဲ့  ခေတ်ကုန်သွားပါပြီ” ဆိုတဲ့ မေလေးတို့ရေ…။ တချို့ မေလေး တွေဟာ အမျိုးသားဟော်မုန်းဓာတ်အားကောင်းတာကြောင့် မျက်နှာမှာ အမွေးအမျှင်ပေါက်တာ များတတ်ပါတယ်။ မျက်ခုံးကောင်းတာလေး ကို သဘောကျပေမယ့် နှုတ်ခမ်းမွေးတွေ မုတ်ဆိတ်မွေးတွေပါထွက်နေရင်တော့ ဘယ်လိုပဲ ခပ်ပါးပါးလေး ထွက်တာပါဆိုဆို စိတ်ထဲမှာ ဘဝင်မကျတတ်ကျဘူးမဟုတ်လား။ ဒီတော့ သည် အမွေးအမျှင်တွေကို  ရရာနည်းတွေနဲ့ ဖယ်ရှားဖို့ ကြိုးစားကြတယ်ပေါ့နော်….။ အဲဒီမှာ မေလေးတို့ အများဆုံးလုပ်ကြတာက ရိတ်ပစ်တာပါ။ လွယ်တာကိုး …နော်။ ဒါပေမဲ့ ဒီနည်းဟာ မျက်နှာ အတွက်သာမက တခြားနေရာ အတွက်ပါ မရွေးချယ်သင့်ဆုံး နည်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ရိတ်တယ်ဆိုတာ အောက်က hair sac လို့ခေါ်တဲ့ အမြစ်မပါပဲ အပေါ်ယံပဲ ဖြစ်တဲ့ အပြင် သွားဆွ လိုက်သလို ဖြစ်တာကြောင့် အမွေးပေါက်တာ ပိုသန်မြန်စေပါတယ်တဲ့။ ခဏခဏ ရိတ်ရင် နှုတ်ခမ်းမွေးပိုမည်း၊ ပိုထူလာတတ်တာပေါ့ ။ ဒါ့အပြင်  micro abrasions လို့ခေါ်တဲ့ ပွန်းပဲ့ရာအသေးလေးတွေ ဖြစ်ပြီး အဲ့ဒီကနေတဆင့် ပိုးဝင်နိုင်လို့ မွေးကျွတ်နာလိုမျိုးတွေ ဖြစ်နိုင်သေးတယ်။ ယောက်ျားလေးတွေကတော့ shaving cream တွေ…

Read More Read More

မီးယပ်သွေးပေါ်ခြင်း (ရာသီပေါ်ခြင်း) နှင့် မိန်းကလေးတို့၏ ကျန်းမာရေး

မီးယပ်သွေးပေါ်ခြင်း (ရာသီပေါ်ခြင်း) နှင့် မိန်းကလေးတို့၏ ကျန်းမာရေး

Zawgyi Font ျဖင့္ဖတ္ရန္ မီးယပ်သွေးပေါ်တယ် ရာသီလာတယ်ဆိုတာ ဘာလဲ။ အမျိုးသမီးများဟာ အပျိုဖော်ဝင်ချိန် အသက် ၁၃ နှစ် ၁၄ နှစ်မှ စလို့ သွေးမဆုံးခင် အသက် ၄၀ ကျော် ၅၀ကျော်အထိ လစဉ် လတိုင်း မမျိုးဥ ကြွေပါတယ်။ ဒီလိုကြွေတဲ့ မမျိုးဥတွေဟာ အမျိုးသားရဲ့ သုက်ပိုး နဲ့ ပေါင်းစပ်ရင် ကိုယ်ဝန် ရှိလာပါတယ်။ သုက်ပိုးနဲ့ ပေါင်းစပ်ခွင့် မကြုံတဲ့ မမျိုးဥဟာ သားအိမ်အတွင်းမှာ ၂ ရက်ကနေ ၇ အတွင်း နေပြီးနောက် သက်မဲ့သွေးအဖြစ်နဲ့ အမျိုးသမီး အင်္ဂါဝ ကနေ အပြင်ကို ထွက်သွားပါတယ်။ အဲ့ဒါကို မီးယပ်ပေါ်တယ်၊ ရာသီလာတယ် လို့ ခေါ်ခြင်း ဖြစ်ပါတယ်။ ရာသီသွေးဆင်းမှု မမှန်ခြင်းများ လစဉ်ရာသီသွေးဆင်းရက်ကြာခြင်း ရာသီကြားကာလရက် ၂၁ ရက်ထက်လျော့နည်းခြင်း ရာသီကြားကာလရက် ၃၅ ရက်ထက်ပိုခြင်းကို ဆိုလိုပါတယ်။ အပျိုဖော်ဝင်ကာစ မိန်းကလေးများတွင် ရာသီလာကာစ မူမမှန်မှုများရှိတတ်သော်လည်း အရွယ်ရောက်လာသည့်အခါ ပုံမှန်ဖြစ်သွားပါတယ်။ ရာသီသွေးဆင်းမှု မမှန်တာဘာကြောင့်ဖြစ်ရတာလဲ။ အဓိက အားဖြင့် မမျိုးဥ မကြွေခြင်းကြောင့်ဖြစ်ပါတယ်။ မမျိုးဥ မကြွေသည့်အခါ progestrone ဟော်မုန်းထွက်ရှိမှု နည်းသွားပြီး…

Read More Read More