မကြာခင်မှာ မြန်မာနိုင်ငံကနေ အပီးအပိုင်ထွက်ခွာရတော့မယ့် ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca
ဖိလစ်ပိုင်နိုင်ငံသား ဆိုင်နွန်လော်ရီစကာကတော့ မကြာခင်မှာဘဲ မြန်မာ နိုင်ငံကနေ ထွက်ခွာရတော့မှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာ ကနေ အသိပေး ရေးသားလာခဲ့တာပါ။ သူကတော့ မြန်မာနိုင်ငံ သားတွေကို နာနာ ကျင်ကျင်နဲ့ပဲ နှုတ်ဆက် ပါရစေလို့လည်း ဝမ်းနည်းစွာရေး သားထားပါတယ်နော်။ ဆိုင်နွန် နာနာကျင်ကျင်နဲ့ပဲ နှုတ်ဆက် စကားဆိုပါရစေ။ မကြာခင်မှာပဲ မြန်မာပြည် က ထွက်ခွာသွားရတော့မယ်။ ကျွန်တော် မြင်တွေ့နေကြ သင်တို့ရဲ့လှပတဲ့ အပြုးတွေကို ချစ်တယ်။ သတိ ရနေတယ် ။ ခုချိန်တော့ ကျွန်တော်စိတ်မကောင်း ဖြစ်မိနေတယ် ဆိုပြီးတော့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာက နေ ရေးသားထားတာပါနော်။ ဒါ့အပြင် သူရဲ့ နှလုံးသားထဲမှ ာအမြဲရှိနေမှာပါ။ မြန်မာပြည်ကြီး အေးချမ်းပါစေလို့လည်း ဆုတောင်းပေး ထားသေးတာဘဲဘဖြစ်ပါတယ်။ ဆိုင်နွန်ဟာ သူတတ်နိုင်တဲ့ဘက်နေ အခြေခံ လူတန်းစားတွေကို အမြဲကူညီပေး နေတဲ့သူတစ်ဦးဖြစ်ပြီးတော့ မြန်မာ ပရိသတ်တွေရဲ့ ချစ်ခြင်းကိုလည်း အပြည့်အ၀ ရရှိထားသူပါနော်။ အခုလို မြန်မာနိုင်ငံကနေ သူထွက်သွားရတော့မယ့်သတင်းကြောင့် ဘဲ မြန်မာပရိသတ်တွေကလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်နော်။ ပရိသတ်တွေ ကတော့ မြန်မာ ပြည်ကြီး ငြိမ်းချမ်းသွားရင် ပြန်လာ…