Dating သတင်းနောက်ပိုင်း ပရိတ်သတ်အရှေ့ကိုပထမဆုံးပြန်ထွက်လာတဲ့ Twice Jihyo

Dating သတင်းနောက်ပိုင်း ပရိတ်သတ်အရှေ့ကိုပထမဆုံးပြန်ထွက်လာတဲ့ Twice Jihyo

Twice အဖွဲ့ဝင်ခေါင်းဆောင် Jihyo ဟာ Kang Daniel နဲ့ တွဲနေတယ်လို့အတည်ပြုပြီးနောက် လူအများရှေ့ကိုပထမဆုံးထွက်လာခဲ့ခြင်းဖြစ်ပါတယ်။ Estee Lauder Global launch ပွဲကို Twice အဖွဲ့ဝင်တွေဖြစ်တဲ့ Nayeon,Tzuyu တို့နဲ့ အတူတူတက်ရောက်ခဲ့ကြပါတယ်။ Twice အဖွဲ့ဝင်တွေဟာ သူတို့နဲ့လိုက်ဖက်ပြီးရိုးရှင်းလှပတဲ့အဝတ်စားကိုသာဝတ်ဆင်ထားကြပါတယ်။

ဒီပွဲဟာ Jihyo ရဲ့အချစ်ရေးသတင်းထွက်လာပြီး ပထမဆုံး တက်တဲ့ပွဲဖြစ်တာကြောင့် လူစိတ်ဝင်စား ပိုခံခဲ့ရပါတယ်။ ဒါပေမဲ့ Jihyo ကတော့ အေးချမ်းတည်ငြိမ်တဲ့အပြုံးတွေကိုသာပြုံးခဲ့ပါတယ်။

Jihyo ရဲ့ရိုးရှင်းစွာလှနေတဲ့အလှကြောင့် ပရိတ်သတ်ကြီးတို့ ရင်ခုန်နိုင်အောင်လုပ်နိုင်ခဲ့ဦးမှာပါ။ Twice ဟာ comeback အတွက်ပြင်ဆင်နေတာဖြစ်ပြီး ရက်အတိအကျကိုတော့ကြေငြာခြင်းမရှိသေးပါဘူး။

ပရိတ်သတ်တွေကလည်း Comeback မှာဘယ်လိုပုံစံမျိုးတွေနဲ့လာမလဲဆိုတာစောင့်မျှော်နေကြပါပြီ။ Winkie Ref:Koreaboo


Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *